ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Sunday, January 11, 2009

လျှောက်လွှာလက်ခံခြင်း (၁၉)

အဟမ်း....အဟမ်း...ဟလို တက်စီ...ကြားလား...ကြောင်လား...
.အဲ(ဟုတ်ပါဘူး) လေးစားရပါသော သဘာပတိ နှင် အုကိထ တို့ ခင်ဗျား...
အနော်က တော့ ရာစုသစ်လူငယ်လေး ဒဒိုးပါ(သတိုး)....လူတစ်ကာ မျက်မှန်းတန်းမိယုံ နှင့် ဒီကောင်တော်တော်ပေါတာဘဲ ဟု မှတ်ချက်များနှင့် ပြည့်စုံသော ဘရက်ပစ် ဒဒိုးပါ...ရုပ်ခံကောင်းတာကိုး... :P
အခု လို လူကျီးမင်းတို့ထံ လျှောက်လွှာတင်ဖို့ အတွက် စာရွက်၊ဘောပင် များကို အနော် သူငယ်ချင်းများထံမှ အလစ်သုတ် ခိုးယူ၊ရေးပြီး တင်ပြအပ်ပါသည်။
ယခင် အနော် စိုက်ပျိုးရေးများကို ဇော်ချလုပ်ခဲ့ဖူးပါတယ်.....ဥပမာ ခွေးလယားသီးပင်...ခွေးသေးပန်းပင်များနှင့် ပုတ်အံ့နံ့ ထွက်သော အပင်မှန်သမျှ စိုက်ပျိုးပြီး နာမည်ကြီး လာတာပါ...

ကြီး မြန် သစ်ပင် စိုက်ပျိုးလျှင်
စီးပွားလည်း ရ လူလည်းဝ..... (အဲဟုတ်ပေါင်)...အဲလို နည်းတွေနဲ့ စိုက်ပျိုးရေးကို အခြေခံပြီး ကြီးပွားရေးကို သာ ဦးတည်ခဲ့ပါတယ်...
အခုလို လျှောက်လွှာတင်ရ ခြင်း အကြောင်းအရင်းကလည်း ငပေါဂေဟာ မိတင်တို့ ပွဲမှာ လေလည်လေ့ ရှိပါတယ်တဲ့....(အဒူပြောလည်း ပြောပြဘူး) ဒါကြောင့် အနော်တတ်စွမ်းတဲ့ ပညာနဲ့  တစ်ခန်းလုံးကို စိုက်ပျိုးရေးအပင်များ(ခွေးလယားသီးပင်၊ခွေးသေးပန်းပင်)နဲ့  ကာရံထားလျှင် နောက်ဆို အီလို အဖြစ်ပျက်မျိုး မဖြစ်နိုင်တော့ပါဘူး ဟု တာဝန်ယူပါတယ်.....
ဂေဟာဧ။် မွေးနေ့ ပွဲများ....မိတင်များ....ဈာပနာများ(အဲ ချောတီး)အားလုံးအားလုံးအတွက် အစဉ်မပြတ် ပန်းစည်း ပန်းခွေများ ပို့ ပေးနေပါမယ်။

နာမည်..ဘရက်ပစ် ဒဒိုး(သတိုး)
ပေါချက်....ပါရမီနှင့် ရုပ်ခံကြောင့် ပေါလာသူ
လိုချင်သော နေရာ......အီကဲ့သို့ စိုက်ပျိုးပညာ ( အခြေအနေကောင်းလျှင် ဂေဟာအတွက် ပန်းခိုးရောင်းကျွေးမယ့်သူ)များကြွယ်ဝစွာလုပ်ကိုင်နိုင်သဖြင့် စိုက်ပျိုးရေးဝန်ကြီး ခန့် အပ်စေချင်လို့ပါသည်..အဟိ
အီလျှောက်လွှာနှင့် အတူ ကျနော်ဧ။် စိုက်ပျိုးလက်ရာ ခွေးသေးပန်းပင်များ၊ခွေးလယားသီးပင်များ အား လူကြီးမင်းတို့ စမ်းသပ်ကြည့်ရှု နိုင်ရန် တပါးတည်း ပေးပို့ အပ်ပါသည်....

ပုံ / ဘရက်ပစ် ဒဒိုး (လျှောက်လွှာတင်သူ)

ထောက်ခံပါ၏ မထောက်ခံသူများ အကြောင်းပြချက်ဖြင့် အဆိုတင်သွင်းကြပါ။ မထောက်ခံသူများ တစွန်းတစကြား နေရပါသဖြင့်။ :)
အမိန့်အရ ။ ။ အတွင်းရေးမှူး-၂

3 comments:

Unknown said...

ထောက်ခံပါ၏။ ပေါသာပေါပါ။ ထောက်ခံဖို့က အဆင်သင့် :)
ပုံ
ချက်တွယ်ရေးဝန်ချီး

sait phay yar said...

ချိုက်ပျိုးရေးဝန် လား ကောင်းဒယ် ကောင်းဒယ် ဒါမှ နာ့ရဲ့ မြွေတွေပျော်မှာ
ဖားတွေလည်း ပိုမွေးလို့ရမယ် ကျိုချိုပါဒယ်
ထောက်ခံပါဒယ်

ပုံ
ပြည်ညာရေးဝံချီး

ဗန်ပိုင်းယား said...

ဟိ .. ကောင်းရယ် .. .ဒါမှ ငတိ ပန်းခြံထဲ အိပ်လို့ ရမှာ .. မဟုတ်ရင် ရုံးခန်းထဲပဲ အိပ်အိပ်နေရတာ နိပ်ဝူး ...