ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Saturday, January 10, 2009

လျှောက်လွှာလက်ခံခြင်း (၁၈)

သို့
နာယကဂျီး

အကြောင်းအရာ။ ။ ဟိုနေ့ကပြောတဲ့ကိစ္စ။

ကျနော့်ကို ၁ နေရာ ပေးပါ။ လိုချင်တဲ့နေရာက ဝန်ကြီးချုပ်။ တကယ်လိုချင်တာက လည်ရာ ပြန်စားရေးဝန်ကြီး ဌာန။ ဒါပေမယ့် သူများ ဦးသွားပြီ။

အဲဒါမရတော့လည်း ကျန်တာ ရွေးယူမယ်လေ။ လစာ ငါးထောင့်ငါးရာ ရနိုင်မယ်လို့ မျှော်မှန်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ "တောင်ကျရေ နွားနှစ်ကောင် မဝ သလိုပ၊ မောင်ဘဖေ ငါးထောင် မရတာကြောင့်" ဆိုတဲ့ ကဗျာလည်း ရှိတယ်မဟုတ်လား။ ဟိုတုန်းက ၀န်ကြီးတွေက ငါးထောင် ရတဲ့သဘော။ ၀န်ကြီးချုပ်ဆိုတော့ သူတို့ထက် ငါးရာ ပိုရသင့်ပေတာပေါ့။

ဝန်ကြီးချုပ်က ဘာတွေလုပ်ရတယ် ဆိုတာတော့ ကျနော်လည်း မသိ။ သိလည်း မသိချင်ဘူး။ တချို့က အဲဒီနေရာအတွက် အသည်းအသန်ဖြစ်နေတယ် ဆိုတော့ အင်မတန် အိုကေမယ့် ရာထူး ဖြစ်လိမ့်မယ် လို့တော့ ထင်တယ်။ ကြုံတုန်း ယူထားတာ ဆိုပါစို့။

ဒီအလုပ်ရရင် ကိုယ့် ရှေ့ရေးအတွက် အထောက်အကူဖြစ်တယ်။ အလုပ်တခုခု လျှောက်တဲ့အခါ ကိုယ်ရေးရာဇ၀င်မှာ ဖြည့်စရာအကြောင်းအရာ တခု ရမယ်လေ။

ပြည်ပမှာ စင်ပြိုင်အစိုးရသစ် ပေါ်တော့မယ်လို့ ကြားတယ်။ ဘာရယ်လို့မဟုတ်ဘူး၊ ကျနော်လည်း နေရာတခုခု ရချင်တယ်။ ဒါပေမယ့် အဲဒီမှာ ၀င်အရွေးခံဖို့ ကျနော့်မှာ အခွင့်အရေး ရှိမယ် မထင်။ ၀မ်းနည်းစရာပဲ။ ဒါကြောင့်လည်း အခွင့်သာတဲ့အခါ ရတဲ့နေရာတခုခု ယူမယ်လို့ ဆုံးဖြတ်လိုက်ရတာပါ။

ဒါပါပဲ၊ နောက်နေ့ တွေ့တာပေါ့။

ကြိုတင်ကျေးဇူးတင်လျက်

မစ္စတာဇက်

မှတ်ချက် - တကယ့် ဆရာ့ ဆရာကြီးတွေသာ ရှိသော ငပေါဂေဟာမှ ကြိုဆိုပါတယ်။ ထောက်ခံပါသည်။ ထောက်ခံပါသည်။ တကယ့် ငပေါထိပ်ခေါင် ဆြာဂျယ်ဂေါင် (ကျယ်ခေါင် မဟုတ်ပါ)

7 comments:

tututha said...

ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ပေါမယ့်သူဖြစ်ကြောင်း ထောက်ခံပါတယ်။

ပုံ/နာယကဂျီး

Unknown said...
This comment has been removed by the author.
Unknown said...

စောရီးစောရီး

ရှာလုံးပေါင်းမှားသွားလို့

ထောက်ခံပါ၏။ ထောက်ခံပါ၏။ ဝန်ချီးချုပ်ကြီး ပေါပါ ပေါပါ၊
ဆက်သွယ်ရေးဝန်ချီးက ထောက်ခံဖို့ အဆင်သင့်။
ဟီးဟီး (အကျိုးအမြတ်က ရှိတယ်လေ)
စားအုန်းဆီပါမစ် ဘာညာသလာကာ ပါမစ်ကရှိတယ်လေ

ဆက်သွယ်ရေးဝန်ကြီး

ခေါင်ခေါင် said...

အားလုံးထောက်ခံဒယ်...ပေါသာပေါ

ပုံ/ အတင်းသားချုပ်

ဗီလိန် said...

လေးစားမိပါကြောင်းနဲ့ ဝန်ကြီးချုပ် အသစ်စက်စက်ကို ကြိုဆိုပါကြောင်း။

ဗန်ပိုင်းယား said...

ချုပ်ဂျီး ထောက်ခံ သကဲ့သို့ ထောက်ခံကြောင်း နှင့် အခါ အားလျှော်စွာ .. ကွန်ပလိန်း သွားမည် ဖြစ်ကြောင်း .....

Anonymous said...

ထောက်ခံပါဒယ်.အီသို. အတင်းကြီး၏ အကျိုးကို မျှော်ကိုးအကျိုးပြု-အားကျိုးမာန်တက် ပေါမည်.သူဖြစ်ကြောင်း အလားအလာကောင်းမည်ဟု ခနတစ်ဖြုတ် ယူဆ ထောက်ခံပါသည်.
ကေလာမမ