ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, December 9, 2008

လျှောက်လွှာလက်ခံခြင်း (၁၁)

သို့
လေးစားရပါသော သဘာပတိ

အကြောင်းအရာ။ ။ အဖွဲ့ဝင်အဖြစ် လျှောက်ထားခြင်း
ရည်ညွှန်းချက်။ ။ သဘာပတိကြီး၏ ၈-၁၂-၂၀၀၈ ရက်နေ့ ၀၉၀၆ အချိန်ပို့ massages ကိုညွှန်း

၁။ ကျွန်တော့်ကို ရန်ကုန်မှာ မွေးခဲ့ပေမယ့် ကျွန်တော် ၇-နှစ်သားခန့်မှာပဲ မိဘတွေက တောပြောင်းပြီး၊ စကောရောင်း..အပြော မကောင်းတာနဲ့ပဲ.. ကျွန်တော်က မြို့ပေါ်ကိုပြန်ရောက်.......
၂။ ငယ်စဉ် ကျောင်းတက်ရင်းနဲ့တုန်းကတော့.. ရည်မှန်းချက် ထားခဲ့ပါတယ်။
ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... လူရည်ချွန်ဖြစ်ဖို့ ကျွန်တော် ကြိုးစားမည်.... ဗမာ့သားကောင်းဇာနည် စစ်သားကြီးကို ကျွန်တော်မျှော်မှန်းသည်.... ပေါ့..... ဒါကြောင့်လည်း ကြိုစားတယ်ပဲပြောပြော အတန်းထဲမှာ နောက်ဆုံးကနေ ရေတွက်မယ်ဆိုရင် ...
အမြဲတမ်း 1 to 10 ၀င်ခဲ့တယ်လေ။ (ဒါတောင် ကြွားတာ မပါသေးဘူး.........)
၃။ ၁၀ တန်းကို ကျောင်းဆွေးအောင် ဖြေဖို့ရည်မှန်းချက်ထားခဲ့တာ... ကံက ဆိုးပြီး ၂၀၀၂ - ၂၀၀၃ မှာ နှစ်ချင်းပေါက် အောင်သွားတယ်... အောင်တာတောင် အမှတ်က ကောင်းနေသေးတယ် (၆)ဘာသာကို ၂၄၀ မှတ် နဲ့လေ........
၎။ တက္ကသိုလ်ကို ကျတော့ ၂၀၀၇ မှ စတက်ဖြစ်ပါတယ်။ တက္ကသိုလ် စတက်တော့လည်း အပြစ်မတင်ရက်သော မိဘတွေရဲ့ မွေးဖွားပေးခဲ့တဲ့ မသားမနား ရုပ်ကြောင့် ကောင်မလေးရဖို့နေနေသာသာ... သူငယ်ချင်းတောင် မနည်းရှာခဲ့ရတယ်... ကောင်မလေး မရှိတဲ့အတွက် ကိုယ့်ရဲ့ ပင်ကိုယ် ဗီဇအတိုင်း စာကိုပဲ ကြိုးစားတာပေါ့.... စာမေးပွဲဖြေတော့... (၇) ဘာသာမှာ (၃) ဘာသာကို... ၁ ပုဒ်စီပဲဖြေနိုင်တယ်....
၅။ မဖြေနိုင်ဘူးဆိုပေမယ့်... အထင်တော့မသေးနဲ့... အချိန်တန်လို့ အောင်စာရင်းလည်း ထွက်ကော ကျသွားကော.... ဒီနှစ်တော့ ပြန်ဖြေထားတာပဲ ဘယ်လို လာဦးမလဲတော့ မသိ...... ဒီနှစ်မှာ စာမေးပွဲဖြေနိုင်ခဲ့ပေမယ့်.... ကောင်မလေးတွေနဲ့ကတော့ မနှစ်ကအတိုင်းပဲ.......
၆။ ကိုယ်ရေးအကျဉ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
အမည် = မြတ်စိုးသူ
အခြားအမည် = Pwagyi
အသက် = ၂၂ နှစ်
ပညာအရည်အချင်း = 1st (His) ဖြေထားဆဲ....
အလုပ်အကိုင် = တောက်တိုမယ်ရ..
၇။ ရာထူးနေရာအတွက်ကတော့ Junior ဖြစ်တဲ့အတွက် အဖွဲ့ဝင် Senior လူကြီးမင်းများ ဆုံးဖြတ်ပြီး ပေးမယ့်နေရာကိုပဲ ထမ်းဆောင်ပါ့မယ် ခင်ဗျာ...
၈။ သို့ဖြစ်ပါ၍ အဖွဲ့ဝင်အဖြစ်လက်ခံပါက youthsoethu@gmail.com သို့
ပြန်လည် အကြောင်းကြားပေးပါရန် တင်ပြအပ်ပါသည်။

လေးစားစွာဖြင့်

my@tsoethu
(Pwagyi)
မှတ်ချက်။ လျှောက်လွှာရေးရတာ လက်တောင်ညောင်းသွားတယ်။

#မှတ်ချက်- သဘာပတိမှ ခေါင်းငြိမ့်သည်။ ထောက်ခံသည်။ ငှက်ကထနှင့်တကွ လူဂျီးမြင်းများအားလုံးမှ လိုအပ်သလို မှာစားစရာရှိသည်များကို မှာစားပေးပါရန် #
ပုံ/
သဘာပတိ ပြောရေးဆိုခွင့်ရှိသူ
ဘေထယ်ရောင်း

5 comments:

Yaminnie’s Daydream said...

ထုံးစံအတိုင်းပဲ... ထောက်ခံတယ် ပြီးရင် ဆောင့်ကန်မယ် ... ဒါပဲ. ငှဲ ငှဲ...

sait phay yar said...

ဂုဏ်သရေ၇ှိ လူကြီးမင်းပီပီ ပြောရမယ်ဆိုရင် တော်တော်လေးကို အနြေ္ဒရှိ......
အဟမ်း..................
ထောက်ခံပါဒယ်......

ဗန်ပိုင်းယား said...

တားတားက တူ ကို ထောက်ခံရမှာလား .. ဆောင့်ကန်ရမှာလား . ဟင် ....

သံလွင် HeRo said...

ထောင်ခံရင်ဘာကြွေးမှာလဲဟင်။ ဝဝလင်လင်ကျွေးမည်ဆိုလျှင်ပက်ပက်စက်စက်ထောက်ခံပါသည်။

ဗီလိန် said...

ကူးသန်းဝံဂျီးပဲဗျ။