ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, January 13, 2009

လျှောက်လွှာလက်ခံခြင်း (၂၀)

ဟလို.... ဟိုလာ တက်စ်စီ 1-2-၃ ကြားလား ကြောင်လား
ကြားချင်ကြား မကြားချင်နေ မြင်အောင်ကြည့် တွေ့အောင်ရှာ။
ရိုသေ ငါးစားရပါသော ဘာမသိ ညာမသိ အ၀ှာငြိတဲ့ သဘာငတိခင်ဗျား ကျနော်ကတော့ လူတကာကို ကလိတဲ့ ရဲလေးအာဇာရော်နယ်ဗေဗေမောင်ကြောင်မျိုး ဖြစ်ပါတယ်။

ယ မှာ အမှိုက်ကောက်တဲ့ အလုပ်က အောက်ဆိုဒ်မရှိတော့ အဆင်ပြေလို ပြေငြား အချိန်တိုအတွင်း ထိုးဖောက်ပေါ နိုင်လွန်းသော ငပေါများဂေဟာမှာ ညစောင့်အလုပ်လေးများ ရမလားလို့ ဆင်စားနေတုန်း မိုက်ဖော် မိုက်ဖက် ရွာတောင်ပိုင်းမှာ ကြက်ခိုးစားတုန်းက သူငယ်ဂျိုးကြီး ၁လိန်၂လိန် လိန်ချင်တာ လိန်က ကျန်းမာရေးဝံကြီးနေရာ လွတ်နေတယ်ဆိုတော့ အပြေးအလွှား လုံချည်မပါပဲ ရောက်လာခြင်းဖြစ်ပါတယ်။ ကျနော် ဆြာဝန်လုပ်ဖူးတယ်ခင်ဗျ။ လုပ်ရည်ကိုင်ရည်လည်းရှိပါတယ် လုပ်သက်ကတော့ မနေ့က ၁ ရက်ပြည့်တယ်။ ဦးသာဂိကြီး ပုရွတ်ဆိတ်ကိုက်တုန်းက အဆိပ်ပျံ့ပြီး အသက်ဆုံးရှုံးမှာ စိုးတာကြောင့် ခြေတောက်ကို ပေါက်တူးနဲ့ တစ်ခါတည်း ဖြတ်ပစ်လိုက်တာ ကျေးဇူးတင်လွန်းလို့တဲ့ဗျာ သူ့အမျိုးတွေ ဓားမတွေ နဲ့ အိမ်ထဲကို လက်ဆောင်လာပစ်ပေးတာ။ အိမ်ကကြောင်မကြီး သားကျတော့လည်း ၄ ကောင်ပဲမွေးလို့ ဗိုက်ကို အတင်းညှစ်ချပစ်လိုက်တာ နောက်ထပ်တစ်ကောင် "ပလွတ်" ထွက်လာတာ ပြီးတာနဲ့ ကြောင်မကြီးလဲ ကြောင်ရွာစံသွားတယ်။ အင်းး သေခြင်းတရားက ဘယ်သူရှောင်လို့ရမှာတဲ့လဲ နှစ်ရာနဲ့ဖြေပေါ့။ ဒါတွေက သိအောင်ပြောပြတာပါ ကြွားတယ်လို့တော့မထင်လိုက်ပါနဲ့ လူကြားထဲရောက် ပန်း (လေ) တက်တဲ့ အကျင့်ပါနေလို့ပါ သဘာငတိခင်ဗျာ။

ကျနော်ဖော်ထားတဲ့ဆေးတွေနဲ့ ကုသနည်း တွေလည်းရှိပါသေးတယ်။

1 .၀မ်းကိုက် ၀မ်းလျှော ရောဂါ ဖြစ်လျှင် ကုတ်ကိုသီးနဲ့ ချဉ်ပေါင်ကြော်စား
2. ငါးရိုးဆူးလျှင် လည်ချောင်းကို ဓားမြှောင်နဲ့ကလော်ထုတ်
3 .ခေါင်းမူးလျှင် အရက်သောက်
4 .လက်နာလျှင် ခုတ်ဖြတ်
5. မျက်စိနာလျှင် ဖောက်ထုတ်
ဒါ့အပြင် ဂိုဏ်းကြီးရှိ သဘာငတိနှင့်တစ်ကွ ဂိုဏ်သားများ အားလုံးရဲ့ ကျန်းမာရေးကို ကျနော် ဒေါက်တိုကြောင်ကြောင်မှ စွမ်းစွမ်းတမံ စောင့်ရှောက်သွားမည်ဖြစ်ကြောင် ဇီးဖျော်ရည်သောက်ပြီး သစ္စာကို အနမ်းပေးပါတယ် ။

ဒီလောက် ပညာအရေးချင်းနဲ့ဆို အလုပ်ရနိုင်မယ်လို့ထင်ပါတယ် (ပေးမှာလား မပေးဘူးလား မပေးရင်တွေ့မယ် ရွာထိပ်က ထန်းတောမှာ)။ အလုပ်ခန့်ရင် ပျက်ရက်မပါ တစ်လမှာ ခွင့် ၂၉ ရက်လိုချင်ပါတယ် အကြောင်းမှာ ဒီဝင်ငွေနဲ့ မလောက်ရင် အပြင်ဆေးခန်းထိုင်ရမှာမို့ပါ ။ ဂိုဏ်းကြီးမှ ချမှတ်သော စည်းကမ်းချက်များကို တစ်သွေမတိမ်း ဖယ်ရှောင်သွားမှာဖြစ်ပြီး ရန်ပုံငွေများ ခွဲဝေလျှင်လည်း အညီမျှ လိုချင်ပါသည် ။စည်းဝေးပွဲများကို အဝေးရောက် တက်ရောက်မည်ဖြစ်ပြီး လူနာကျလွန်းလျှင် အိပ်ချင်ယောင်ဆောင်သွားမှာ ဖြစ်ကြောင်း ။ အမျိုးသား၊ သက်ကြီးရွယ်အို နှင့် ခလေးသူငယ်များကို လက်ထောက်များနှင့် လွှဲပြီး ခပ်ငယ်ငယ်ချောချော အမျိုးသမီးများအား မည်သည့်ရောဂါမဆို ကိုယ်တိုင်ကုသပေးမည်။ ယခု လျှောက်လွှာအား ပယ်ချလျှင် အသရည်ဖျက်မှူဖြင့် တရားစွဲဆို လျော်ကြေးတောင်းသွားမည် ဖြစ်ကြောင်း ပြောကြားရင်း ချုပ်ပါတယ် နိဂုံး ။

အမည်........ အပေါ်မှာ ပြောပြထားပြီးပြီး နှစ်ခါမပြောဘူး အာညောင်းလို့
အသက်.......... ရှူး တိုးတိုး သေမင်းကြားရင် လာခေါ်နေလိမ့်မယ်
နေရပ်.............. လာချင်ရင် အနီးလေးအထပ်ထပ် မခေါ်ပါခင်ဗျား (သိသွားမှာကြောက်လို့)
ပညာအရည်အချင်း.... PHc> MBBS> တံတားဆောက်လုပ်ရေး

မှ/
ကျန်းမာရေးဝံကြီးအဖြစ်လျှာထားခံထားရသော
ပရော်ဆော်ဖာ ဒေါက်တို -ချောင်ထိုး

ထောက်ခံပါ၏။ လုံးဝကြီးကိုထောက်ခံပါ၏။ မထောက်ခံတဲ့သူ ဓားမနဲ့ လိုက်ခုတ်မယ်။ ပြီးမှ သူ့ကိုကုခိုင်းလိုက်မယ်။ ဒါဗြဲ။
ပုံ။
တွင်းဆွဲ-၂

11 comments:

ဗန်ပိုင်းယား said...

ဗဲရီး အဂရီး ပါတယ် ..

sait phay yar said...

အိုင်လည်း ဖားတွေ ခဏထားပြီး လာရောက်အဂရီးပါတယ်

Anonymous said...

မုဖရားလေးလည်း စပ်ပို.ပါတယ်။အစပိုင်း ညစောင်.အလုပ်သမားလေးဆိုပြီး အဆုံးသတ်တော. ကျန်းမာရေးဝံကြိး ဆိုတော. ပေါပုံပေါနည်း ပိုင်သကွ..ပူးတွဲပါမစ်များချပေးသည်.အလေ.အထများကို အစဉ်အလာမပြတ် အားပေးနေကြောင်းပါ။
ကေလာမမ

PHYO said...

ပိုးဆိုးပက်စက် အဂရီး ပါသည် အဟီး ဒီလောက် ပြင်ညာတွေတတ်နေမှတော့
ငါတို့ဂေဟာလည်း ရင်အေးရပါပီ ။

ဖိုးဂျယ် said...

အော်မလေး ငါ့တို့ ဂေဟာက အဖွဲ့သားတွေအတွက်တော့
ကျန်းမာရေး အတွက် သေချာနေပါပီ
လျှော့ဖို့လေ သို့ပေ့မဲ့ ထောက်ခံရမှာပဲ
တွင်းဆွဲက ဂယ် ယုတ်မဲ့ပုံ
တားတားကြောက်ကြောက်

သံလွင် HeRo said...

နောင်တော်ကြီးကိုပိုးစိုးပက်စက်ထောက်ခံပါတယ်။

Anonymous said...

အခုလို ဂေဟာကြီးရဲ့ လုပ်ဖော်ကိုင်ဖက်များ အားလုံးက လှဲလှဲအိပ်အိပ် ကြိုဆိုကြတဲ့အတွက် ၀မ်းသာပီတိ ဂွမ်းဆီထိပါတယ် ကျေးဇူးနော့် ရှဲရှဲ ရောဂါ ဖြစ်ရင် အကြောင်းကြားပါ ။း)

ခေါင်ခေါင် said...

ဒီကြမ်းမာရေး ၀ံဂျီးနဲ့တော့.. ဂေဟာက ရှိသမြ လူဂျီးမြင်းတွေ အကုန်လစ်ကုန်တော့မှာပဲ...

...မီးလည်း ထောက်ခံဒယ်နော်..အဟီး
( ဒီဂျပိန် တော့လန့်တယ်.. )

Andy said...

ပျောက်ကင်းကုသပုံများမှာ ကြမ်းလွန်းလန်လွန်းသဖြင့် ထောက်ခံပါသည်...

Unknown said...

ထောက်ခံ ပါသည်၊ ကျန်းမာရေးဝန်ချီးကို ထောက်ခံ
ပါသည်။ ကျန်းမာရေးဝန်ကြီး ဒီ့ထက်မက ပိုပေါနိုင်ပါစေ။

ချက်တွယ်ရေးဝန်ကြီး

crazybloggergroup said...

နောက်ကျသော်လည်း အပေါက်ဝမှ ထောက်မ အဲ ထောက်ခံပါတဒယ်

ပုံ နာယကဂျီး