ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, December 25, 2008

လျှောက်လွှာလက်ခံခြင်း (၁၄)

အမည် . . . . နေ့အိမ်မက် (ခ) ညဘလော့လည်
အသက် . . . . ၁၈ နှစ် (ဘယ်ချိန်မေးမေး ၁၈နှစ်)
ပညာအရည်အချင်း . . . . ဘာစကားတွေပြောရသောကျောင်း၊ ရေစည်လှည်းကို ကျွမ်းကျင်စွာ မောင်းတတ်သည်။
လက်ရှိအလုပ်အကိုင် . . . . ရွာတွင် ရေစည်လှည်းမောင်း
လိုချင်သည့်ရာထူး . . . . ပို့ဆောင်ရေးဝန်ကြီး

ကိုယ်ရေးရာဇ၀င်အကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်။

နေ့အိပ်မက်သည် ငပေါများဂေဟာမှ ပေါပုံပေါနည်းများကို ပေါကြောင်ကြောင် ဦးနှောက်တို့ဖြင့် ခပ်ပေါပေါလေ့လာပြီးသကာလ... အိမ်း.. ငါမပါလျှင် ရာဇ၀င်ရိုင်းလိမ့်ချေမည်ဟု ပေါဆုံးဖြတ်ချက်ချကာ ပေါဂေဟာတွင် မပေါရသေးသော ပေါဆောင်ရေး.. အဲလေ.. ပို့ဆောင်ရေးဝန်ကြီးရာထူးကို လျှောက်ထားရန် ဆုံးဖြတ်လိုက်လေသတည်း.. ဒူ... ဝေ... ဝေ....။ ပေါဂေဟာမှ ငှက်ကထ၊ သဘာပတိ၊ နာယက၊ ၀န်ကြီးများနှင့် အဖွဲ့ဝင်များ မည်သူ့ကိုမဆို ရောက်လေရာရာ မီးလောင်ရာလေပင့် ပို့ဆောင်ပေးရန် တာဝန်ယူပါကြောင်း လျှောက်ထားရပါသတည်း... ကလင်.. ကလင်.. ကလင်။ သဘူတောပါလျှင် ပေါအကြောင်းပြန်ချက်ဖြင့် ပြန်ပေါပေးစေလိုပါကြောင်း... နောင်.. နောင်..နောင်...။


#မှတ်ချက်- သဘာပတိမှ ခေါင်းငြိမ့်သည်။ လူမဆန်အောင် ထောက်ခံသည်။ ငှက်ကထနှင့်တကွ လူဂျီးမြင်းများအားလုံးမှ လိုအပ်သလို မှာစားစရာရှိသည်များကို မှာစားပေးပါရန် #
ပုံ/
သဘာပတိ ပြောရေးဆိုခွင့်ရှိသူ
ဖိုးဂျယ်

8 comments:

NangNyi said...

ပါမစ်လိုချင်တော့ ထောက်ခံလိုက်မယ်.. သဘာပတိက စွတ်ခေါင်းညိတ်နေတော့ နောက်လူတွေကလည်း ဟုတ်ကဲ့ပါပေါ့.. :P ..
ကဲ ကဲ ထောက်ခံလိုက်ပြီ ပေး.. ပါမစ်
ပုံ/စည်းရုံးရေးအမှုရှောင်

ဂျူဝသန် said...

ရေစည်လှည်း လိုင်စင်ထုတ်တော့မယ်နဲ့တင်တယ်...။ ဝင်ကြီး အချင်းချင်း လက်တို့အုံးနော..။
ပုံ/ လူဝံမှုကျီးကြက်ရေး ဝင်ကြီး

မိုးသား said...

ပို့စောင်ရေးဝန်ဂျီးအဖြစ်ထောက်ခံလိုက်သည်။
သို့ ဂလို့အတွက် ထောက်ချုပ်အိမ်သို့ တစ်နေ့လျှင် ရေစည် 150 လာရောက်ပေးသွင်းရပါမည်။

ဗန်ပိုင်းယား said...

အင်းအင်း . .အင်း . . အသင်းသား ကျတော့ ဘယ်ဒူမှ လျှောက်ဝူး .. တားတား တစ်ယောက်တည်း ...

သံလွင် HeRo said...

ထောက်ခံပါတယ်...

စပ်မိစပ်ရာ said...

အရည်အချင်းစစ်စာမေးပွဲအဖြစ်.. ဂိုဏ်း၏ လူကြီးမြင်းများရှေ့တွင် ဂျွမ်း အခါ(၁၀၀)ထိုးပြရန်......

sait phay yar said...

ဝဲလကမ်းနော်.... ဇင်ဇင်တို့ကတော့ ခံထောက်ပြီးသားးးး
အဲအဲ....ထောက်ခံတာ ဘွာတေး

Anonymous said...

တွတ်ပြား ကေလာမမ ဖြစ်ပါကြောင်း..ပဌမတော. အလည်လာတာပါ.ဒုတိယတော.နည်းနည်းစိတ်ပါလာတယ်.တတိယတော. အတွင်းရန်တွေ ဖြေရှင်းဘို. လိုနေပြီဖြစ်သော် အီအဖွဲ.အစည်းထဲကို ကျရာနေရာက အသားကုန်ပေါရန်.ဆံမဲ-သွားမရှိ(အံပုံတပ်)-ဆွေးစရာ ဆံပင်မရှိတော.တဲ. အချိန်ထိ သစ္စာရှိရှိ အလိုတူ အလိုပါ စာရင်းဖျောက်-အသားကုန်ပေါရန်-ခေါင်းဝင် ကိုယ်ဆန်.တစ်နေရာ စာ
လောက်စဉ်းစားပေးကြပါ.သောင်ပြင်လွှတ်တဲ. မျောက်လေးလို တစ်ကောင်တည်းဖြစ်နေတဲ. ကေလာ လို နေရာကောင်းလေးလောက်ဆိုလည်း ရပါပြီ..သက်တောင်.သက်သာလေးလည်း ဖြစ်တာပေါ.ဖြစ်လားရှင်.
ကေလာမမ