ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Friday, January 23, 2009

လျှောက်လွှာလက်ခံခြင်း (၂၁)

သို့
ငပေါဂေဟာမှ လူကြီးမင်းအပေါင်းရှင့်

ကျွန်မ မBlack မဟုတ်သော မWhite သည် ပေါရာထူး တစ်နေရာ လိုချင်ပါသောကြောင့် လျှောက်ထားရပါတယ်။ (ဘလက်ကန်ဝှိုက်က ဝှိုက်လားဟင်)
လိုချင်တဲ့ ရာထူးကတော့ ရှေ့နေပါ ရှေ့နေနော် နောက်နေမဟုတ်ဘူး ရှေ့မှာပဲနေမှာ အရပ်ပုလို့ မဟုတ်ရင်ဘာမှမမြင်ရဘူးရယ်။ နောက်မှာထားမယ်ဆိုရင်တော့ ပေါနေကြသူများကိုကြည့်ဖို့ ခုံတစ်လုံးတော့ ပေးရမယ် ခုံပေါ်တက်ကြည့်မှ မြင်မှာမို့ပါ။ (ဒါဆိုလည်းနောက်နေပဲလုပ်တော့ ဂုန်းပိုးပေးထားမယ်။ ခုံတော့ပေးဘူး။ ဈေးကြီးတယ်။)
လက်ရှိအလုပ်အကိုင်ကတော့ မြှားနတ်မယ်ဖြစ်ပါတယ်။ (မြှားတစ်ချောင်းလောက် ပေးစမ်းပါ။ ကိုယ့်ဟာကိုယ် ပြန်ပစ်မလို့ ညည်းက လက်မှ မမှန်ပဲနဲ့။ တစ်ခါမှ ထိဘူး။ ဟွန်း)
မြှားနတ်မယ် အလုပ်ကောင်းမှုကြောင့် သမီးရည်းစား ချစ်သူနှစ်ဦးမှာ ချစ်သူအဖြစ်မှ အပြီးအပိုင် ရပ်စဲလိုက်ပြီး
ညားခါစ လင်မယားလည်း ကွဲသွားပါတယ်။ (ဒီလောက်ဆို မဆိုးဘူး ချက်ချင်းခန့်လိုက်တော့။ ဇင်း သမားပီသတယ်။ ဟိဟိ)
ထို့သို့ .. ထိုသို့...စွမ်းဆောင်မှု့တွေမြင့်မားနေသောကြောင့် ငပေါဂေဟာတွင် လာရောက် လျှောက်ထားရခြင်း ဖြစ်ပါတယ်။ အသက်ကတော့ 20 ကျော် 5 နှစ်ပတ်လည်ပါ။ တော်တော်လေး ငယ်ပါသေးတယ်။ (ငယ်တော့ပါဘူး။)
ရှေ့နေအလုပ်ကိုတော့ သေချာလုပ်ကိုင်နိုင်ပါတယ်။ (ဟုတ်လို့လား)
ဥပဒေ တက္ကသိုလ်ကို အရိုးဆွေးဆွေး၊ လူဆွေးဆွေး၊ ကျောင်းဆွေးဆွေး တက်နေတာမို့ပါ။ (အသည်းကော မဆွေးခဲ့ဘူးလားဟင်)
လခကိုတော့ ရိုးရိုး $ နဲ့ပဲရချင်ပါတယ်။ (ရှယ် ကျပ်ငွေနဲ့ပဲယူပါ။)
အလုပ်ချိန်ကိုတော့ တက်ချင်တဲ့ အချိန်တက်ပါ့မယ်။ (ဒါမှ ဂိုဏ်းသားပီသမှာ။ ရုံးမှန်ရင် အလုပ်ဖြုတ်တယ်။)
အားလုံးပဲ သဘောတူထောင်ခံ ပေးကြမယ် လို့မျှော်လင့်မိပါတယ်။ (ထောင်တင်မဟုတ်ဘူး။ သောင်းပါခံတယ်။)
သဘောတူလျှင် အမိန့်ချမှတ် ပေးပါရန်။ (အလုပ်မဲ့နှင့် ရာသက်ပန် လခစားခွင့်။)

လေးစားစွားဖြင့်
ဝှိုက်ဝှိုက်

အက်စ်တူး လိုအပ်သည်များ အနီရောင်ဖြင့် ဖြည့်စွက်မှာကြားပြီး ထောက်ခံလိုက်သည်။

6 comments:

ဖိုးဂျယ် said...

ထောက်ခံပါတယ် ဒေါ် ဘလက်အန်ဝှိုက်ရယ်

Unknown said...

ထောက်ခံပါတယ်
(သမိုင်းပေးတာဝန်အရ ဘယ်သူလာလာထောက်ခံတယ်
ဒါဗြဲ)

ပုံ
ဆက်သွယ်ရေးဝန်ကြီး

sait phay yar said...

ဒေါ်မေပုလဲကိုထောက်ခံပါတယ်

ခေါင်ခေါင် said...

ရှေ့နေမကြီး ကိုထောက်ခံပါဒယ် ဗျို့...

ဗန်ပိုင်းယား said...

ဟိ .. ရှေ့နေတဲ့ ... ထောက်ခံပါတယ် ထောက်ခံပါတယ်. .. ကွန်ပလိန်း တက်ဖို့ ရှေ့နေလိုက်ပေးနော်...

Anonymous said...

ရှေ.နေနေ-နောက်နေနေ-ဘေးနေနေ..အပီအပြင် ပိုးလိုပက်လက်(အဲ-ပိုးစိုးပက်စက်)ခွက်ထိုးခွက်လန် ထောက်ခံပါသည်။ဖရက်ရှာ ၀ဲလ်ကမ်ပါ..
ကေလာမမ