ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, January 6, 2009

မိုး၊ လေ နှင့် ဝသအထူးသတင်း

စကားဦး။ ။ ကျွန်တော်မအားပါဘူး။ ဘာလို့မအားသလဲ မအားချင်လို့မအားတာပါ။ အကြောင်းကတော့ ၁၈နှစ်အောက် ကလေးများအတွက် အင်တာနေရှင်နယ် မှတ်ပုံတင်ထုတ်ပေးဘို့ အစီအစဉ်တွေလုပ်နေရတဲ့အတွက် မအားတာလည်းဖြစ်ပါတယ်။ (ဖြီးထားမှ) မအားတဲ့ကြားက ပျံကျားရေးဝံကြီး ချမ်းရဲရဲ့ အကူအညီ တောင်းခံမှုကြောင့် အခုလိုသတင်းထုတ်ပြန်ရေးကို ဝင်ရောက် ထမ်းဆောင်ရခြင်းဖြစ်ပါတယ်။ ၄င်းနှင့် ကျွန်တော် ဒူဘိုင်း လေဆိပ်နားက လ္ဘက်ရည်ဆိုင်မှာ လ္ဘက်ရည် တစ်ပုလင်းစီ မှာသောက်ရင်း တွေ့ဆုံခဲ့ကြခြင်းဖြစ်ပါတယ်။ စင်္ကာပူမှာ ကျင်းပခဲ့တဲ့ လွတ်လပ်ရေးနေ့ နေ့လည်စာစားပွဲ အကြောင်းနှင့် စားပွဲမတိုင်မီ ကျင်းပခဲ့တဲ့ ပျော်ပွဲရွှင်ပွဲများ အကြောင်းကိုလည်း ၄င်းက အသေးစိပ် ရှင်းပြခဲ့ပါသေးတယ်။ ပထမဆုံး သူ ယှဉ်ပြိုင်ခဲ့သော ဂုံနီအိပ်စွပ် အပြေးပြိုင်ပွဲအကြောင်း၊ ဂေါင်းအုံး ရိုက်ပြိုင်ပွဲတွင် သဘာငတိ ဂျဲဂျယ် အခါခါ ပြုတ်ကျခဲ့တဲ့အကြောင်း၊ ချောတိုင်တက်ပွဲတွင် ဌက်ကထကြီးပုဆိုးကျွတ်ကျ ခဲ့တဲ့အကြောင်း၊ လွန်ဆွဲပွဲတွင် လွန်ကြိုးပျက်သဖြင့် နှစ်ဖက်ဝံကြီးများ အတုံးအရုံးလဲကျခဲ့၍ သရေပေးလိုက်ရသည့်အကြောင်း၊ ပြိုင်ပွဲတွင် ပွဲစဉ်အားလုံး ဒိုင်လူကြီးအဖြစ် တစ်ဦးတည်းသောအသင်းသား တာတေ မှတာဝန်ယူ ခဲ့ရကြောင်း။ ထို့အပြင် တွင်း၂ ဗီလိန်သည်လည်း ပြည်တွင်းရောက်ရှိနေသဖြင့် ပြည်တွင်းပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း မိုးပြဲဒယ်အိုးဖင်ပေါ်တွင် ကပ်ထားသော အကြွေစေ့များအား လက်မကူပဲ ပါးစပ်ဖြင့်သာ ခွာယူရသော ပြိုင်ပွဲ၌ ဗီလိန် ပထမဆုဆွတ်ခူးခဲ့ကြောင်းနှင့် ပြိုင်ပွဲအပြီးတွင် နေ့လည်စာအဖြစ် အုန်းထမင်း၊ ငါးသလောက်ပေါင်း၊ မျှစ်ချဉ်ဟင်း၊ ကြက်ဟင်းခါးသီးကြော်၊ ကြောင်လျှာသီးသုပ်၊ ဆူးပုပ်ရွက် အစရှိသူတို့ဖြင့် ကြွေးမွေးအပြီး အချိုပွဲအဖြစ် သကြားလုံး၊ နွားနို့၊ ဖရဲသီး၊ ဘဲဥပြုပ်၊စိမ်းစားဥ အစရှိသောမြန်မာ အစားအစာ များဖြင့်တည့်ခင်း ဧည့်ခံခဲ့သည့် ကြောင်းများအား ခရားရေလွှတ်ရှင်းပြခဲ့ရင်း ၄င်းဆွတ်ခူးရရှိခဲ့သော ဆုအားထုတ်ကြွားခဲ့သေးသည်။ ( ဗလာစာအုတ်နှင့် ကျောက်တံတစ်ချောင်းဖြစ်၏) ထို့နောက် ဤမိုးလေဝသ သတင်းအား သူမအားပါသဖြင့် ကိုယ်တိုင်သာကြေငြာ ပေးရန် ကျွန်ုပ်အား မေတ္တာရပ်ခံခဲ့သည်။ ကြေငြာရတာပ……
မိုးလေဝသ အထူးသတင်း
မိုးလေ ဝသနှင့် ဇလဗေဒ ဌာနမှပေးပို့သော သတင်းများအရ မိုးရေချိန်တိုင်းကရိယာ ခြံအတွင်း ဖား ၁၀ကောင်အနက် ၆ကောင် အော်နေပါသဖြင့် ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။ ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၁၅၀ အတွင်း အဆင်ပြေသလို တိုက်မှာဖြစ်ပြီး။ သင်္ဘောကြီးကြီး သွားပါက လှိုင်းကြီးနိုင်ပါသည်။ နောက်နှစ်ရက် အဖို့ မြန်မာပြည်တစ်ပြည်လုံးတွင် ပလူကောင်များပျံ တက်နေသည်ကို ကြည့်ခြင်းအားဖြင့် သာယာမည်။
မြစ်ရေကြီးခြင်းသတင်း 
ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့ ကမ်းနဘေးတွင်တိုင်းထွာချက်အရ ၁၀စင်တီမီတာ နှင့် ၂၂ စင်တီမီတာအတွင်း လှုပ်လှုပ် လှုပ်လှုပ်ဖြစ်နေပြီး၊ မြစ်အလယ်တနေရာတွင် တိုင်းထွာချက်အရ စိုးရိမ် ရေအမှတ်၁၂ မီတာ နှင့် အထက်တွင်ရှိနေသဖြင့် ကမ္ဘာကြီး ၄၅ ဒီဂရီ တိမ်းဆောင်းနေဖွယ် ရှိသည်ဟု ၄င်းမြို့အတွင်းကွမ်းယာ ဆိုင်ဝန်ထမ်း တစ်ဦးမှ ခန့်မှန်းပြောဆိုခဲ့သည်။ ထို့အတူ ချင်းတွင်းမြစ်ရေသည် ကျွန်တော့်ဂျီးတော်မြို့တွင် တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်သို့ ကောက်ခါ ငင်ခါ တက်လာဖွယ်ရှိခြင်းကြောင့် သက်ဆိုင်ရာ ဆယ်မြောင်းဝံကြီးဖြစ်သူ သံလွင်ဟီးရိုး မှသတိပေးဆော်သြ မှုများထုတ်ပြန်ထားသည်။ မြစ်ရိုးတလျှောက် မြို့များ ကျေးရွာများအား ကြိုတင်ကာကွယ်သော အနေဖြင့် တုံကင်ရေ၊ တွင်းရေ၊ ကန်ရေ၊ အစရှိသော အဝီစိ ရေများအား အသုံးမပြုကြရန်နှင့် မိုးရေများအား ရသရွေ့သိုလှောင်ပြီး မြစ်ရေကိုသာ များများခပ်၍ အသုံးပြုကြရန်… အထူးသတိပေး ကြေငြာ ထားသည်။
လေမှုန်တိုင်းသတင်း
တောင်ပစိဖိတ် သမုဒ္ဒရာအတွင်း အင်အားအတန်ငယ်ဖြင့်စတင်နေသော ဆူနာဂစ် အမည်ရှိ လေမြေရေငလျင် မုန်တိုင်းကြီးသည် ၄င်းသမုဒ္ဒရာအတွင်း ဖျက်သန်းသွား လာနေသော ပင်လယ်ကူး သင်္ဘောကြီးများထံ၌ မြန်မာပြည်လိပ်စာအား စုံစမ်းနေကြောင်း ပို့ဆောင်ရေးဝံကြီး နှင့် ဆွေးမျိုးတော်ဆပ်သူဒလမြို့ သမ္ဘာန်သမားတစ်ဦးမှ ထုတ်ဖေါ်ပြောကြားခဲ့သည်။
မိုး၊ လေ နှင့် ဝသ သတင်း ဤတွင်ပြီး၏။ ။
လူဝံမှုကျီးကြက်ရေး ဝံကြီး

6 comments:

ဗန်ပိုင်းယား said...

အင်း . .ရေဘေး .. ရှိတယ် .. သတိထားနေမှ .....

ခေါင်ခေါင် said...

ဖား ၆ ကောင် တောင် အော်တ.ယ် ဆိုတော့.. တစ်ကယ်ရွာမယ် ထင်တယ်.. သတိထားမှ..

sait phay yar said...

သိပ်ကောင်းတဲ့ အထူးသတင်းတွေဘဲ.. မှတ်သားပြီးနီးစပ်ရာတွေ ကို အမြန်သတိပေးမှ အထူးသဖြင့်ကေလာကြီးကို သတိပေးမှ မြစ်ဘေးနားသွားမစော့ဖို့... ဒီကောင်က ဆားသွားသွားချက်တတ်လို့လေ

Unknown said...

မအားမလပ်သည့်ကြားက မိုးလေဝသ သတင်းအား လာရောက်ဖတ်သည် ဟီးဟီး

tututha said...

မိုးနဲ့လေ သတင်းကတော့ ဟုတ်ပါပြီ ဝသ သတင်းကဘာတုန်းဟ

Han Thit Nyeim said...

ဝသ သတင်းဆိုတာ... ၀က်သား ဈေးနှုန်းအကြောင်း သတင်း ဖြစ်မယ်ထင်တယ် နာယကဂျီး ခင်ညာ့...။