ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, January 1, 2009

နှစ်သစ်မှာ စိတ်သစ်နဲ့ ပေါကြစို့လား

ငါမရှိရင် မဖြစ်ပါဘူးလေဆိုပြီး ခဏခဏညည်းပြီး ငပေါဂေဟာမှာ အရမ်းအရေးကြီးတဲ့ ခပ်ချောချောကောင်လေး သဘာပတိ ဖိုးဂျယ်၊ ရုပ်တည်နဲ့ ဆရာကြီးရုပ်ဖမ်းနေပြီး တကယ်တော့ ဘာမှမသိတဲ့ ငှက်ကထအန်ဒီ၊ ခေတ်ဆွေး ပေါတောတော နာယကဂျီး မတူးတူးသာ၊ အလုပ် မလုပ်တဲ့ တွင်း ၁ ၊ ငပေါဂေဟာမှာ ရာထူးတွေ အများကြီးလိုချင်နေတဲ့ တွင်း ၂ ၊ ဘယ်တော့မှ အသင်းသားတွေ လိုက်မစည်းရုံးပဲ အချောင်ခိုနေတဲ့ အမှုရှောင်၊ နောက်ကွယ်ကပဲ ပေါသော အသင်းသားချုပ် ခေါင်၊ ဘာအကြံမှမပေးသေးတဲ့ အကြံပေး အပြည့်၊ ပြင်လိုက် ညာလိုက်လုပ်နေတဲ့ ပညာရေး အစ်မမေ ၊ ရေသူမမွေးတာ မအောင်မြင်သေးတဲ့ မွေးမြူရေး အစ်မဆုမွန်၊ အရုပ်နှစ်ရုပ်နဲ့ ဆော့နေတဲ့ တဦးတည်းသော အသင်းသား ကိုကေလာ၊ ပေါက်ရတွေ လိုက်လိုက်ထောက်နေတဲ့ ထောက်ချုပ် ငပေါမိုးသား၊ နိုင်ငံခြားရေးဝန်ကြီးဆိုပြီး မလေးရှားနဲ့ စင်ကာပူလောက်သာရောက်ဖူးတဲ့ နိုင်ငံခြားရေး ကိုကဗျာမွှေ၊ မြောင်းပုတ်တွေ လိုက်ဆည်နေတဲ့ ဆည်မြောင်း ညီထီးရိုး၊ အရောက်ပို့ချင်နေတဲ့ ချောက်ထဲပြောတာနော် ပို့ဆောင်ရေး နေ့အိမ်မက်၊ ယဉ်ကျေးလိမ်မာမှုမရှိတဲ့ ယဉ်ကျေးမှု ကိုဖြိုး၊ ဘယ်ကလူတွေ ၀င်တာ လိုက်ကြည့်နေမှန်းမသိတဲ့ လူဝင်မှုကြီးကြပ်ရေး ခပ်ညံ့ညံ့ကောင်၊ သတင်းအမှားတွေ အချိန်တိုင်းထုတ်ပြန်နေတဲ့ ပြန်ကြားရေး အမောင်ချမ်းရဲ၊ ဆောက်ချင်ရာတွေ ဆောက်နေတဲ့ ဆောက်လုပ်ရေး ကိုဟန်သစ်ငြိမ်၊ ကွန်ပလိန်းတွေ အမြဲကူးသန်းတဲ့ ကူးသန်း ပွကြီး၊ မတရား သဖြင့်အမြဲ လုပ်တဲ့ တရားရေး ယမင်းလေး၊ လည်ချင်ရာ လည်ပြီး ပြန်ပြန်မလာတဲ့ လယ်ရာ ပြန်စားရေး ကိုဝေမင်း၊ အတင်းကာရော ပေါချင်ရှာနေတဲ့ ပိုက်ပိုက်တို့ကို ကျေးဇူးကမ္ဘာလုံးလောက်ပါ (ပိုက်ဆံမပေးရတိုင်း စွတ်တင်နေတာ)

ဒီပိုစ့်လေးကတော့ အားလုံးသော ငပေါအဖွဲ့သားတွေကို ကျေးဇူးတင်ချင်လို့ပါ။ ဒီအဖွဲ့လေး အောင်မြင်စွာ ရပ်တည်နိုင်အောင် အားလုံး ၀ိုင်းဝန်းကူညီကျလို့ပါ။ ရှေ့ဆက်ပြီး နောက်နှစ်ပေါင်းများစွာ ဒီအဖွဲ့သားတွေနဲ့ နောက် ထပ်တိုးမဲ့ အဖွဲ့သားတွေရော ချစ်ချစ် ခင်ခင် ရင်းရင်း နှီးနှီး ပျော်ပျော် ရွှင်ရွှင် ပေါပေါလေး နေသွားနိုင်ပါစေလို့ ကျနော် ဖိုးဂျယ်လေးက ဆုတောင်းလိုက်ပါတယ်။ နှစ်သစ်မှာ ကျတော်တို့ အဖွဲ့လေးက နှစ်လပြည့်ပါပြီ။ အခုတလော ကျနော် စိတ်အရမ်းရှင်းလွန်းနေတော့ ဘာမှတွေးလို့မရ ဖြစ်နေတာကနေ ဘာပဲဖြစ် ဒီဂေဟာလေးအတွက် တစုံတခုတော့ လုပ်ပေးချင်တယ်။ ဒါပေမဲ့ ဘယ်လိုမှ တွေးလို့မရဘူး ဖြစ်နေသောကြောင့် ဒီပိုစ့်လေး မပြည့်မစုံလေး ဖြစ်သွားရင် ကျနော် စိတ်မကောင်းပါဘူး။ ဒီအဖွဲ့လေးကို စတင်ဖွဲ့စည်းဖို့ စဉ်းစားတာက နာယကမတူးတူးသာ၊ ငှက်ကထ အန်ဒီနဲ့ အမှုရှောင် နန်းညီတို့ ဖြစ်ပါတယ်။ အစ်မတူးတူးသာ ၊ သယ်ရင်း အန်ဒီနှင့် ချစ်ညီမ နန်းညီတို့ကို ကျေးဇူး အရမ်းတင်ပါတယ်။ ဒီလို ဘလော့လေး ဖြစ်မြောက်လာအောင်တော့ တွင်း ၂ ဗီလိန်က ကြိုးစား အားထုတ်ခဲ့တာပါ။ အဲ့အတွက် ဗီဗီက ကျတော့အတွက် သူငယ်ချင်းကောင်းဆိုလဲဟုတ် ညီအစ်ကိုလိုဆိုလဲ ဟုတ်တဲ့ ညီအစ်ကိုပေါ့ သူ့ကိုလဲ ကျေးဇူးတင်ပါတယ်။ ကျနော် ဖိုးဂျယ်လေးကတော့ ဘေးကနေ မရှိမဖြစ် ကူညီပေးလို့ ဒီအဖွဲ့လေး ဖြစ်မြောက်လာတာပါ။ (ဟီး ငါကွ) ပြီးတော့ အားလုံးသော အစ်ကို၊ အစ်မ၊ ညီလေး၊ ညီမလေးတွေက ပေါတောတော ပိုစ့်လေးတွေနဲ့ အားဖြည့်ပါဝင်ခဲ့လို့ အခုလို ပေါစရာကောင်းတဲ့ ငပေါဘလော့လေးအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ အားလုံးသော ညီအစ်ကိုမောင်နှမတွေကို ကျနော် အတိုင်းမသိ ကျေးဇူးတင်ပါတယ်။ (ပိုက်ဆံမပေးရတိုင်း စွတ်တင်နေတာ)
ဒီလို ညီညီညွှတ်ညွှတ်နဲ့ ဆက်လက်ပြီး ၂၀၀၉ ဆိုတဲ့ နှစ်သစ်ကို ပျော်ရွှင်စွာ လက်ဆွဲပြီး အခက်အခဲတွေ အတူတူဖြေရှင်းလို့ ချစ်ခင်စရာကောင်းတဲ့ မောင်နှမတွေ အဖြစ် စံချိန်တင်လိုက်ကြတာပေါ့။ ပေါပေါလေး နေလိုက်ကျတာပေါ့ ငပေါတို့ရေ။ နှစ်သစ်မှာ အားလုံးသော လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ၊ ဒီထက် ပျော်ရွှင်စရာ ကောင်းသော ပိုစ့်လေးတွေ ရေးသားနိုင်ပါစေလို့ ခပ်ချောချောကောင်းလေး ဖိုးဂျယ်မှ နှစ်သစ်ဆုတောင်းလေး ပေးလိုက်ပါတယ်။

8 comments:

ဗန်ပိုင်းယား said...

ပေါပါတယ် .. ပေါပါတယ်. .. ငှဲငှဲငှဲ ....

PHYO said...

ဘယ်ဒူ လေးလည်း ခပ်ချောချော ကောင်လေးဆိုတာ
ဒါဆို ကင်း လုပ်မလား မဝါဘလော့ မှာလက်သွားတို့လိုက်မှာနော် ဟင်းဟင်း

sait phay yar said...

ငတိကကင်းချို၇င် ဇင်ဇင်တို့ကတော့ ကွင်းရမှနော်...
မပေးရင် ချိတ်ချိုးမှာနော်.
ဇူးဇူးပါဂျဲလေးရေ...
ဆက်လက် လက်တွဲသွားနိုင်ပါစေလို့ ငပေါဂိုဏ်းကြီးတည်မြဲပါစေလို့ တောင်းဆုတွေပန်ပြီးတော့ ထိပ်ထားလေးဇင်ဇင်ပြန်တော်မူလိုက်ဦးမယ်..
ဟီဟီ

Anonymous said...

နှစ်သစ်မှာ စိတ်သစ် အကြံသစ်တွေနဲ့ ချစ်ချစ်ခင်ခင် ပေါလိုက်ကြမယ်ဟေ့ .. ဘာတဲ့တုန်း ... ခပ်ရှောရှောကောင်လေးရေးထားတာ အကယ်ဒမီ ကျေးဇူးတင်လွှာ ဖတ်နေရသလိုပဲ ဟီဟိ

သံလွင် HeRo said...

အိမ်ရှေ့မြောင်းပိတ်နေလို့အခုမှဆည်လို့ပြီးတာနဲ့
ရောက်လာတာ...
ပေါသာပေါမင်းဘာမှဂရုမစိုက်နဲ့ ...ဒန်နံ့ဒန်...ဂျေးမီသီချင်းဆိုကြည့်တာဟဲဟဲ

ခေါင်ခေါင် said...

ပေါသာပေါ... အဟိဟိ..

အစွမ်းကုန် ပေါပေးခဲ့ကြသော ဂေဟာမှ လူဂျီးမြင်းများ အားလုံးကို ခပ်ချောချော ကောင်မလေး ခေါင်ခေါင်ကလည်း ကျေးဂျုးကဘာဆိုင်ရော...

မဆုမွန် said...

ငပေါများ ဂေဟာ အဖွဲ့သူ အဖွဲ့သား အဖွဲ့သူလိုလို သူမလိုလိုများ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ကူးမှာ ချစ်သူများနဲ့ ပျော်ရွှင် ကြည်နူးနိုင်ပါစေသော်ဝ်

ဂျူဝသန် said...

အမြင်ကပ်တယ်ကွာ... ခပ်ချောချော... ခပ်ချောချော နဲ့ ထပ်နေတာပဲ။ ဒါပဲနော်
ဒီည KTV မှာဝန်ကြီးတွေ ဆုံမယ်လေ။ မင်းစပွန်ဆာလုပ်.... မဟုတ်ရင် ကိုယ့်ကိုကိုယ် ချောလှချည်ရဲ့ ဆိုတဲ့အကောင်ကို လိုက်ဖွမယ်။ ဒါပဲ...
ပုံ....
လူဝံမှုကျီးကြက်ရေးဝံကြီး