ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Wednesday, January 7, 2009

နားနားပြီးပေါ

Intro:

မကျေနပ်တာ ကြုံတဲ့အခါ ငါပေါရင် ရိုင်းတယ်ပြောမယ်
နင်မပေါတာ ရင်နင့်စရာ အကုန်လုံးက ပေါနေမှကွယ်
ဒီငပေါနဲ့ ဟိုငပေါနဲ့ အဟုတ်ကြီးကို လက်ခုတ်တီးတယ်
ဒီအရပ်နဲ့ ဒီဇာတ်နဲ့ ၀င်မပေါရင် အဆဲခံရမယ်
ပေါ..... ကိုးယိုးကားရား..... ပေါ....

ပညာမတတ်ခင် (ပေါ...) စိတ်ပေါဝင် အရွယ်မရောက်ခင်က လူပေါချင်
ဟိုငပေါဘုရင် (ပေါ...) ဒီငပေါဘုရင် ကမ္ဘာနဲ့ချီပြီးတော့ ပြောရင်
ဟိုတစ်အုပ်မှာ (ပေါ...) ဒီတစ်အုပ်မှာ ငပေါတွေနဲ့ စာမျက်နှာ
ဟိုမှာလည်းပါ (ပေါ...) ဒီမှာလည်းပါ စကားလုံးတွေ ပေါချာရဲ့ဗျာ

ပါးစပ်ပိတ်... ခေါင်းညိတ်... ကြိတ်မှိတ်...ဟေ့

ငါလည်း တကယ်ပေါတယ်

ဖြည်းဖြည်း ဖြည်းဖြည်းပေါ နားနားပြီး ပေါမောမယ်
တိုးတိုး တိုးတိုးလေးပေါ အားလုံးလည်း ပေါပါတယ်

ဖြည်းဖြည်း ဖြည်းဖြည်းပေါ နားနားပြီး ပေါမောမယ်
တိုးတိုး တိုးတိုးလေးပေါ အားလုံးလည်း ပေါပါတယ်

Solo:

ပညာမတတ်ခင် စိတ်ပေါဝင် အရွယ်မရောက်ခင်က လူပေါချင်
ဟိုငပေါဘုရင် ဒီငပေါဘုရင် ကမ္ဘာနဲ့ ချီပြီးတော့ ပြောရင်း
ဟိုတစ်အုပ်မှာ ဒီတစ်အုပ်မှာ ငပေါတွေနဲ့ စာမျက်နှာ
ဟိုမှာလည်းပါ ဒီမှာလည်းပါ စကားလုံးတွေက ပေါတာကမ်းကုန်ပဲဟေ့

ပါးစပ်ပိတ်... ခေါင်းညိတ်... ကြိတ်မှိတ်...ဟေ့

ငါလည်း တကယ်ပေါတယ်

ဖြည်းဖြည်း ဖြည်းဖြည်းပေါ နားနားပြီးပေါ မောမယ်
တိုးတိုး တိုးတိုးလေးပေါ အားလုံးလည်း ပေါပါတယ်

ဖြည်းဖြည်း ဖြည်းဖြည်းပေါ နားနားပြီး ပေါမောမယ်
တိုးတိုး တိုးတိုးလေးပေါ အားလုံးလည်း ပေါပါတယ်


နားနားပြီးပေါ မောမယ်... အားလုံးလည်း ပေါပေါပဲ

နားနားပြီးပေါ မောမယ်... အားလုံးလည်း ပေါပေါပဲ

စကားလုံး။ ။ လျှောက်လုပ်ရေးဝံဂျီး ပေါငြိမ်

(မျိုးကြီး၏ `နားနားပြီးပြော´ သံစဉ်အလိုက်ဖြင့် သီဆိုရန် ဖြစ်သည်)

8 comments:

Unknown said...

နားနားပြီးပြော သံစဉ်က ဘယ်လိုလဲဟင် သီချင်းကဆိုချင်ပေမဲ့ သံစဉ်ကမသိ။
မှတ်ချက်။ ။ တုံး၍မဟုတ် ညံ၍သာဖြစ်ကြောင်း

ဗန်ပိုင်းယား said...

နားနားပြီးပေါ မောမယ်... အားလုံးလည်း ပေါပေါပဲ နားနား ပီး ပေါပါ့မယ်. . .

ခေါင်ခေါင် said...

နားနားပီး ပေါ.. ပေါပေါပီးနား.. ..
အင် မှုတ်ပါဖူး.. .. ယောင်သွားလို့..

တွင်းတူး တို့ ငတိတို့ ကတော့ ပေါဖို့ဆိုနားမှာတောင်မဟုတ်ဘူး. အဟိ

ဖိုးဂျယ် said...

ညောင်မာ တီးခေါင်ကတော့
နာတို့က ပေါချင်လို့ပေါတာဟေ့
ဘာဖြစ်လဲ ဟွန်းမကျေနပ်ရင် ထမင်းဝယ်ကျွေးဒါပဲ

PHYO said...

တော်တော် ဆိုလို့ကောင်းတီးလို့ကောင်းတဲ့သီချင်းလေးပါ
သုံး လေးခေါက် လောက်ဆို တီးသွားပါ သည် သဘာငတိ က ကင်း ရရင်စီးတီးဟော မှာထမင်းအဝ ကျွေးမည်ဟု သတင်းရရှိ

tututha said...

ဟာ တို့ကတော့ ပေါချင်လို့ပေါတာ မနားနိုင်ဘူး ပေါရှိန်ပျက်တယ် ဒါပဲ။ ခေါင်ရေ ငတိကိုထမင်းဝယ်ကျွေးလိုက်ပါဟေ့ တူ့နားထင်ကို သေနပ်နဲ့ထောက်ထားတာ ကြောက်စရာကြီး .. ကြည့်ရတာ ကျိုက်ထီးရိုးက ငှက်ကထဝယ်လာခဲ့တာထင်တယ်။ ဝယ်မကျွေးရင် ပစ်လိုက်မလို့ထင်တယ်။ တော်ကြာ တကယ်မသေရင် ငပေါဂေဟာ နာမည်ပျက်နေမယ်။ ညီမငေး ဝယ်သာကျွေးလိုက် ငွိငွိ

NangNyi said...

မျိုးကြီးကြားရင် ဒီလိုတွေးမယ် ..
“ငါ့နှယ် ဒါအရင်သိရင် ဒါကိုပဲ ဆိုမှာပေါ့”

ဗီလိန် said...

ကောင်းလိုက်လေဗျာ။ ပေါချက်များတော့ လန်ထွက်နေတာပဲ။ :) သွပ်သွပ်