ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Monday, January 5, 2009

အစွမ်းကုန်ပေါခြင်း

မလွတ်မလပ်ရေးနေ့ဂုဏ်ပြုနေ့လည်စာစားပွဲ
ယမန်နေ့မလွတ်လပ်ရေးနေ့တွင် ပေါဂိုဏ်းသူဂိုဏ်းသားများ၏ ဂုဏ်ပြု နေ့လည်စာစားပွဲ တစ်ရပ်ကို စင်္ကာပူရှိ နာမည်ကြီး Fullerton ဟိုတယ်တွင် အကြောင်းရှာ၍ ကျင်းပခဲ့ရာ ဖိတ်ကြားထားသော အထူ (အပါးမဟုတ်ဘူးနော် ခပ်ထူထူဧည့်သည်တွေပြောတာ) ဧည့်သည်တော်များနှင့် ပေါဂိုဏ်းသူဂိုဏ်းသားများ မစုံညီစွာ တက်ရောက်ခဲ့ကြသည်။
တွင်းတူးဗီမှာ ပြည်တွင်းပြန်၍ လမ်းပျောက်မြေပုံခုနစ်ချက်ကို သွားခိုးနေပါသဖြင့် မတက်ရောက်နိုင်ကြောင်း (သွားဆွဲတာ ဆွဲလို့မရသောကြောင့် ခိုးခြင်းဖြစ်သည်။ ခိုး၍မရလျှင် လုမည်ဟု သတင်းရရှိသည်) ထို့အတူ နိုင်ဂံဂျားရေးဝန်ဂျီးငပတ်မွှေမှာလည်း ပျဉ်းမနား မျှစ်ချဉ်များ စားမိသောကြောင့် ဝမ်းလျှောနေပါသဖြင့် နေ့လည်စာစားပွဲ မတက်ရောက်နိုင်ရာ သဘာငတိမှ ၎င်းတို့၂ဦးစာကို ပါဆယ် ဆွဲသွားခဲ့သည်ဟု သတင်းရရှိပါသည်။

ထိုနေ့လည်စာစားပွဲ၌ ၂၀၀၈နှစ် အတွက် အပေါဆုံးဆု ရရှိထားသော ငှက္ကဌကြီး နှင့် နာယက ဂျီးတို့က ကျေးဇူးတင်စကားများ ပြော်ကြားခဲ့ကြသည်။ ငှက်ကထကြီး နှင့် နာယကဂျီး တို့က သူတို့အား တခဲနက်ထောက်ခံခဲ့ကြသော ပေါဂိုဏ်းသူဂိုဏ်းသားများ အား အထူးပင် ကျေးဇူးတင်ကြောင်း၊ နောင်တွင်လည်း ဒီ့ထပ်ပို၍ ပေါဦးမည် ဖြစ်ကြောင်း ပြောကြားကာ ချ ပေး ထားသည့် ဘီယာမလောက်သဖြင့် ထပ်မှာပေးရန် သတိပေးပြောဆို ခဲ့သည်။ ထို့ပြင် ပေါဂိုဏ်းသူဂိုဏ်းသားများအတွက် အပေါကင်းနှင့်အပေါကွင်း တို့ကိုပါ ရွေးချယ်ဖို့ ရှိကြောင်း မစားရဝခမန်းပြောကြားသွားပါသည်။

မလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မွေးမြူရေးဝန်ကြီးက ၎င်း အထူးပြု မွေးမြူထားသော တီကောင်အရှင်လတ်လတ် အကောင် ၁၀၀ ကို ဆည်မြောင်း ဝန်ဂျီး အား လက်ဆောင် ပေးအပ်ခဲ့ရာ ဆည်မြောင်းဝန်ဂျီးထီးရိုးက ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီး ယတြာခြေသည့်အနေနှင့် ၎င်းအသစ် စက်စက်ဖွင့်ကာစ ဒန်အိုးဆည်ကြီးထဲ သွားလွှတ် လိုက်သည်ဟု သတင်းရရှိပါသည်။ ဆက်သွယ်ရေး ဝန်ဂျီး ကလည်း အားကျမခံ တက်ရောက်လာသော ဂုဏ်သရေမရှိ (သရေ မရှိ ပေမယ့် ကျန်တာအကုန်ရှိတယ်) လူကြီးမြင်းများအတွက် ကလေးကစားစရာ ဟမ်းဖုန်း တလုံး ကံစမ်းမဲဖောက်ပေးရာ အသင်းသားချုပ်ကြီးခေါင်က ပြိုင်ဘက်မရှိ မဲပေါက် သွားသည် ဟု သိရပါသည်။ ပြန်ကြားရေးဝန်ဂျီး ချမ်းရဲကလည်း ယနေ့ နေ့လည်စာစားပွဲသတင်းကို မှတ်တမ်းဓာတ်ပုံ များဝေဝေဆာဆာဖြင့် ၎င်းပိုင်သတင်းစာဂျီးတွင်ဖော်ပြသွားမည် ဖြစ်သော်လည်း လောလော ဆယ် ထုတ်ဝေခွင့်မကျသေးသဖြင့် ၎င်းယောက္ခမပိုင် မြန်မာ့အမှောင် သတင်းစာဂျီးတွင် အရင် ထည့်သွင်းပေးမည်ဟု ကတိပေး ပြောကြားသွားပါသည်။

ထို့နောက် သဘာငတိကြီးက မိန့်ခွန်းပြောကြားနေစဉ် တဦးတည်းသော အသင်းသား ကေလာမှာ အိပ်ပျော်နေပါသဖြင့် ၎င်းအတွက် ရှယ်ယာများကို အမှုရှောင် နန်းညီက ပါဆယ် ထုတ်ပေးရန် ဟိုတယ်ဝန်ထမ်းများအား တိတ်တဆိတ် ပြောကြားခဲ့သည်ဟု စက်ရပ် ဖောင် ပိတ်သတင်း အနေနှင့် ကြားသိခဲ့ပါသည်။

နိချုန်းဂုတ်အနေနှင့် ငပေါဂိုဏ်းသားများ အားလုံးတညီတညွတ်တည်း မတ်တပ်ရပ်ကာ ငပေါ ဦးတည်ချက်(၄)ရပ်ကို ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

နောက်ဆက်တွဲသတင်း။ ။ နေ့လည်စာစားပွဲတွင် ယဉ်ကျေးမှုဝန်ဂျီးက ကမ္ဘာ့အဆူဆုံးရော့ခ်ဘန်ဖြင့် ကိုယ်တိုင် သီဆို တီးခတ် ဖျော်ဖြေပေးခဲ့ပြီး လူဝံမှု ကြီးကြပ်ရေးဝံဂျီးက ဟစ်ဟော့သီချင်းတပုဒ်ဖြင့် ကပြ ဖြေဖျော်သွားသည်။ တရား စီရင်ရေး ယမမင်း၊ ပညာရေးဝန်ဂျီးဇင်ဇင်တို့ကလည်း အားကျမခံ မြနန္ဒာသီချင်းကို ဟဲဗီးရော့ခ်စတိုင် သီဆို ကပြ ဖျော်ဖြေခဲ့ရာ ၎င်းတို့အားလုံး နေ့လည်စာ ငတ်သွားသဖြင့် တိတ်တဆိတ် ပါဆယ်ဆွဲသွားသော အမှုရှောင်နှင့် သဘာငတိတို့ ၂ ဦး ထုခြေလွှာ တင်ရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မှတ်ချက်။ ။ နာယကဂျီးအကြံပေး၍ ဆက်သွယ်ရေးဝန်ဂျီးက ၎င်းပိုင်လက်ပ်တော့ပ်ဂျီးဖြင့် မှတ်တမ်းတင် ရေးသားသည်

9 comments:

ဗန်ပိုင်းယား said...

နန်းညီကောင် .. . နာ့ဝေစု ပေး.. . ပေး .. ပေးပေး မပေးပေး ပေး ...

သံလွင် HeRo said...

ရှားပါးတိရစ္ဆာန်ထိမ်းသိန်းရေးအတွက် တီကောင်၁၀၀ ပေးအပ်သော မွေးမြူရေးဝန်ကြီးအား လှိုက်လှိုက်လှဲလှဲ
ကျေးဇူးတင်ရှိပါကြောင်း... ဖြောင်းဖြောင်းဖြောင်း

ခေါင်ခေါင် said...

အဟင့်.ငါ့မှာလည်း ဒီကလေး ကစားစရာ ဟမ်းဖုန်းကကိုမတက်တော့.. ဘူး

Unknown said...

ကလေးကစားစရာဟမ်းဖုန်း မို့လို့ စိတ်မညစ်ပါနဲ့ အသင်းသားချုပ်ဂျီးရယ် ခုကလေးကစားစရာဟမ်းဖုန်းကို Top-upလုပ်ပြီး ဖုန်းပြောလို့ ရအောင် ဆက်သွယ်ရေးဝန်ဂျီးက ကိုယ်တိုင် စမ်းသပ်တီထွင်နေပါတယ်၊ နောက်တော့ လာမှာပါ၊ ဟီး မကြာမီ လာမည် မျှော်ပေါ့ :)

PHYO said...

နာကွ နားမခံသာအောင် ဖျော်ဖြေသွားတာ ဟဲဟဲ
ငပေါဂေဟာသူဂေဟာသား အားလုံးတိုက်ဆောက် ကားစီးနိုင်သွားကြောင်း
တီးဝိုင်း မှရသော အုတ်နီခဲများ နှင့် ကွန်ဒိုများဆောက်လုပ်၍ ပိုတာများရောင်းစား ပီးကျန်ငွေများကို နာယကဂျီးနှင့် သဘာပတိမှသိမ်းဆည်း ထားကြောင်း ရိုက်လုကြပါရန်လက်တို့လိုက်ပါသည်

sait phay yar said...

မပေး ပေး ပေး ပေး ပေး ပေး ငါ့ထမင်းထုပ်ပြန်ပေး..
အသူတုန်းဟ ထမင်းထုပ်တွေယူတာ..
မပေးလို့ကတော့ အိမ်လိုက်တောင်းမှာ ..ဟွန်းနော်

ဂျူဝသန် said...

စာလွှာအား အမြန်ဆုံးထုချေပါရန်.. နေ့လည်စာငတ်ခဲ့သူ လာရောက် အသိပေးအပ်ပါတယ်။

Yaminnie’s Daydream said...

ngar nat naw... heavy rock gyi so pya lite ya tal loe... taw thay tal... myout ka ma ka pya thay khin thu dot a tin swal ca loe... ma hote yin tot... din dot kg mu pe hospital yout twar kya ohn mal...

ဖိုးဂျယ် said...

ဒါလုံးဝမဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး
သဘာငတိနေမကောင်းလို့ ဘာမှ မစားနိုင်ဘူး
ဒါနာယကဂျီး လုပ်ကြံပြောဆိုတာပဲနေမှာ
ငတိက ဒီဂေဟာမှာ ရုပ်အချောဆုံးဖြစ်တဲ့အပြင်
မဲလဲအများဆုံး ကြည့်ပါလား ၂၂%တဲ့
ကဲဘယ်လောက် ပေါလဲကြည့် ဒါကြောင့်
သဘာပတိနေရာလိုချင်လို့ လုပ်ကြံတာနေမှာ
ဟွန်းတိတယ်နော်