ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Saturday, January 24, 2009

နာယကဂျီး၏ ၁/ ၂၀၀၉ ဆူပွက်သံ

ဒီတလောမှာ နာယကဂျီးလည်း မအားတာနဲ့ ဂေဟာမှာ ဘာဖစ်မှန်းကို မသိတာ။ ဂျီတော့ကိုဖွင့်လိုက်တော့မှ တွင်း ၂ က နာယကဂျီး ရှင်းပေးတော့ နာယကရှင်းမှ ရတော့မယ် ဆိုတာလေးတွေ့သကွဲ့။ ဒါနဲ့ နာယကလည်း တံပျက်စည်း တချောင်းနဲ့ ဂေါ်ပြားယူပြီး ဂေဟာကို ပြေးတာ ခုလို ပေါက်ကရလေးဆယ်တွေ တွေ့တော့တာပဲ။ ကိုင်း ရှင်းမယ် ..

၁။ မွေးဝံ .. ဂေဟာမှာ ဝင်ပေါက်ပဲရှိတယ် ထွက်ပေါက်မရှိဘူး ငှဲငှဲ။ အလကားနေရင်း ဝံဂျီးတယောက်ကို အထွက်ခံလို့ဖြစ်မလား။ လူစည်အောင်မနည်းလုပ်ထားရတာ။ တွင်း ၂ ကိုမြင်ဖူးသလောက်တော့ ဓာတ်တိုင်လေး အအေးမိထားသလို ရှက်တက်တက် ကောင်ကလေးပါ။ ပြောမှာဆိုမှား တကြိမ်တခါရှိရင် ခွေးလွှတ်လိုက်။ ဟုတ်ပြီလား။ နာယကဂျီး ကိုယ်တိုင်လည်း ရစရာမရှိအောင် ဆူလိုက်ဦးမယ်။ စိတ်ချ .. ပြီးတော့ မွေးဝံအတွက် လက်ဆောင် ငသလဲထိုး ၂ ကောင် ပို့ခိုင်းပေးလိုက်မယ်။ ထွက်စကား နောက်တခါ ပြောရဲပြောကြည့်။ အင်း ပြောရဲပြောကြည့် ဘာလုပ်မယ်ဆိုတာတော့ မစဉ်းစားရသေးဘူး။ ပြောရဲရင် ပြောကြည့်လိုက်ပေါ့ကွာ ...။

၂။ လယ်ယာပြန်စားရေးဝံဂျီးရေ ... ဂေဟာမှာ လယ်ယာက ပြန်စားပြီး အိပ်နေလို့ရတယ်။ အလုပ်မလုပ်ဘဲနဲ့ လစာလည်းအပြည့်ပေးတယ်။ မလောက်ဘူးလား ဒေါ်လာ တသန်း ထပ်ယူ ဟုတ်လား။ ပါမစ်တွေလည်း ချပေးတယ်။ ဟန်းဖုန်း ဘယ်နှလုံးလိုချင်လဲ။ ဖယ်ယာရီစီးချင်လား၊ စီဒိုးနားမှာပဲ နေ့လည်စာစားချင်လား၊ အွန်စောကို ဒရိုင်ဘာခန့်ချင်လား အားလုံးလုပ်လို့ရတယ်။ တခုတော့ရှိတယ် .. အဲဟို လူတည်ဂိုဏ်းတွေနဲ့ ပတ်သက်လို့တော့ မဖြစ်ဘူး။ လူတည်ဂိုဏ်းက ငပေါဂေဟာက လူကြီးမြင်းတွေကို လုပ်ကြံဖို့ချောင်းနေလို့ တွင်း ၂ တို့ ယဉ်ဝံတို့တောင် တွင်းအောင်းပြီး သိုင်းကျင့်နေရတာ။ အဲဒါတော့ သီးခံ ဟုတ်ပြီလား။ အောင်မငေး မောလိုက်တာ .. ကဲ ဟိုကောင်လေး ဘေယောင်ဂျွန်း ... အလိုက်ကို မသိဘူး .. ရေလေးတခွက်လောက် ခပ်ပေးပါဟ ... အဲလိုပဲ .. ခိုင်းမှပဲ သိတော့တယ် ..

ကဲ ဆက်ရှင်းမယ် ငတိ၊ တွင်း ၂၊ ဘလာဘလာ ဘလာ ....

တခုခုဆို စိတ်ကလှုပ်ရှားပြီ .. အော်မယ် ဟစ်မယ်နဲ့ သူတို့ကိုယ်သူတို့ လေးဖြူနဲ့ မျိုးကြီးများ မှတ်နေလား မသိဘူး။ ပြီးရင် အပြောအဆိုက မတတ် ... မှားပြောမိ .. ဒါနဲ့များ မိန်းမကယူချင်သေးတယ်။ ကဲ ဆူပစ်လိုက်ပြီ မှတ်ပြီလား။ ပြဿနာက ရှင်းရှင်းလေး ... လူတည်ဂိုဏ်းက ချာတိတ်တွေကိစ္စများ ဂေဟာက ဝန်ဂျီးဂျုပ် တယောက်နဲ့တင်ဖြစ်တယ်။ ဘာမှ ကြောက်မနေကြနဲ့။ ဝန်ဂျီးဂျုပ်က ဂျက်လီနဲ့ ညီအစ်ကို ဆယ့်နှစ်ဝမ်းကွဲ တော်တယ်ဆိုတာ မသိကြဘူးလား။ သူ တချက်ကလိထိုးပဲရှိတယ်။ မလောက်ရင် အသင်းသားဂျုပ်ကြီးကို ထည့်ပေးလိုက်။ သူက တချက်လောက်မျက်လုံးပြူးပြလိုက်ရင် အားလုံး ထွက်ပြေးမှာ။ ဒါမှ မလောက်သေးရင် အမှုရှောင်လည်းရှိတယ် .. သူလည်း ဝိုင်းပြူးပြလို့ရတယ်။

ပြင်ညာရေးဝံဂျီး မမ ရေ .. အင်္ဂမာကိတ်စနဲ့ မအားဘူးဆိုတာ သိပါရဲ့ .. သို့သော် ကလေးတွေကို ပစ်မထားပါနဲ့ .. တနေ့တခေါက်လောက်တော့ လေယာဉ်လေး စီးလုံးငှားပြီး သွားကြည့်ပေးပါဦး။ စားရိတ်ကတော့ ဂေဟာကထုတ်ပေါ့။ ချက်ရေးပေးထားတာ ရှိသေးတယ်မဟုတ်လား .. ဒေါ်လာ သုံး လေး သန်းကတော့ နာယကဂျီးအသေးသုံးထဲကပဲ ယူသွားလိုက်ပါနော် .. ။

ငှက်ကထတို့က ဘာမှမသိဘူး။ ပုဆိုးကွင်းသိုင်းပြီး မူးနေဖို့ပဲသိတယ်။ ဂေဟာမှာ ဘာဖြစ်နေလဲ ဆိုတာ နည်းနည်း စနည်းနာပါဦး။ ကျော်ခွဝင်ရတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျော်ခွလို့မရရင် လှေခါးလေး ဘာလေး ထောင်ဝင် .. ခွေးတိုးပေါက်လေးဘာလေး ရှာဝင်ပေါ့ ... ခေတ်ဆွေး နာယကဂျီးက ဒါတွေလိုက်ပြောနေရတာ မဟုတ်သေးပါဘူး။

ရှိသေးတယ် ပျံကျားရေးဝ .. ပန်းချီတကားလောက် ဂေဟာမှာချိတ်ဖို့ ပို့ပါဆိုတာ မပို့ဘူး။ ဘာလဲ အလကား တောင်းတယ်ထင်လို့လား ... ။ အပေါ်မှာ ဟိုလူတွေကိုတောင် ဘယ်လိုပေးထားတယ် ဆိုတာ သိတယ်နော်။ ယူသွားချည် .. စာရင်းတွေဘာတွေ လုပ်မနေနဲ့။ တခုတော့ရှိတယ် .. ဆောက်လုပ်ရေးဝံဂျီး .. ကြုံတုန်းလေး ဆူဦးမယ် .. ဘာဆူရမယ်မှန်းတော့မသိဘူး။ သိပြီ ဂေဟာသူ ဂေဟာသားတွေ ပျော်ရွှင်ရအောင် ဆောက်လုပ်ရေးဝံဂျီးရဲ့ နှာခေါင်းဒီဇိုင်းပြိုင်ပွဲ လေးဘာလေး လုပ်လေ။ ထောက်ချုပ် .. ယမမင်း .. ဆည်မြောင်း .. ဆက်သွယ်ရေးဝံ ... မပြောရင်မပြောသလို ငြိမ်နေကြ ... ပိုက်ဆံမရှိရင်လည်း ဘဏ်ထဲက ထုတ်သုံးကြပေါ့ .. ခက်တာလိုက်လို့ .. နာယကဂျီးအပြောကိုပဲစောင့်နေကြလားမသိဘူး ... ။ သြော် ကျန်သေးတယ် ကေလာကောင် .. အိပ်ချည်းပဲမနေနဲ့ဦး .. ဂေဟာမှာ နာယကဂျီးတယေက်တည်း တံပျက်စည်းလှဲနေရတာ .. ဝိုင်းလှဲပေးဦးလေ။ ကျန်တဲ့သူတွေလည်း နာယကဂျီးက နာမည်တပ် မဆူလို့ စိတ်မကောင်းဖြစ်မနေကြနဲ့ .. ဆူတယ်လို့ သဘောထားလိုက် ဟုတ်ပြီလား ...။

ကဲရှင်းပြီးပြီ .. အားလုံး နေမြဲ၊ စားမြဲ၊ သောက်မြဲ၊ အိပ်မြဲ၊ မဟုတ်တာလုပ်မြဲ၊ မူးယစ်သောက်စားမြဲ၊ .. ပေါက်ကရ ရှစ်ဆယ် ပြောမြဲ ... လုပ်ကြပေတော့။ နာယကဂျီး ပျံဘီ ...။

ရေးသူ .. နာယကဂျီး

9 comments:

မောင်ရင်ညို said...

ကျွန်တော် ပထမဆုံးအနေနဲ့ မစုမွန်ကို တောင်းပန်ပါတယ်။ဂေဟာကလူတွေကိုလည်း တောင်းပန်ပါတယ်
ပြီးတော့ လူတည်တွေနဲ့ မ + တော့ဘူးလို့ကတိပေးပါတယ်။ စိတ်ကူးပေါက်ရာ တင်ပြခြင်းဖြစ်ပါတယ်။
ဒီလိုစကားတွေထက်မပြောတော့ဘူးလို့အာမခံပါတယ်
ပုံ
လယ်ပြန်စား

sait phay yar said...

လေယဉ်ခ မပေးရင်နေပါ ဖုန်းဖိုးလေးပေးရင်ကျေနပ်ပါပြီ အဟင့် စလုံးနဲ့ ယ ပက်လက်ကဝေးသားတော် အဟင့်

ခေါင်ခေါင် said...

လူတည်က ကောင်တွေ လာရဲ လာကြည့် .. မျက်လုံးလဲ ပြူးပြမယ်.. ဆွဲပြီးလဲလိမ်ပစ်လိုက်မယ်..
မီးက အိုက်ကီဒို လည်း တတ်တယ်လို့ ..ပြောမို့..ပါ

ဗန်ပိုင်းယား said...

တားတား ကေလာ .. တစ်ရေးနိုး .. ဂေဟာ အတွင်း အသားကုန် တံမြတ်စည်း လှဲနေကြောင်း ....... ဒန် .. ဒန့် .. ဒန် ...

ဖိုးဂျယ် said...

အလုပ်ခိုကပ်နေသော သဘာပတိလဲ
ရောယောင်၍ အဆူခံလိုက်သည်။

Unknown said...

တော်သေးတယ်.. နာ မပါသွားဘူး..ဟဲဟဲ
အဲဒါ ပြောတာ နာယကာဂျီး အိမ်ရှေ့ သစ်ပင် တစ်ယောက်တစ်ပင်စိုက်ပေးပါဆိုမှ..မစိုက်ကြတာကိုး... :P

Han Thit Nyeim said...

လျှောက်လုပ်ရေးဝန်ကြီးလည်း ထွက်ဖို့စဉ်းစားနေတာ ကြာပြီ။ အခုတော့ တကယ်ထွက်တော့မယ်။ ထွက်မယ်ဆိုတာက... အင်း... တောထွက်ဖို့ပြောတာ... ပေါလွန်းလို့ ရပ်ကွက်ကလက်မခံတော့ တောထွက်ပြီး တရားအားထုတ် တရုတ်အားထား လုပ်လိုက်မှ တော်ကာကျတော့မယ်။

မဆုမွန် said...

နာယကကြီး
ဖေဖော်ဝါရီလ ချင်းမိုင်ရောက်မှ နဖူးတိုက် ပုလင်းတိုက် ငါးသလဲထိုး ကိုက်ပြီး ဆွေးနွေးကြမယ် ဒါပဲ (အေ့)

Anonymous said...

သူ.တို.ဘာသာ ဘုံးချင်တာတွေ ဘုံးထားပြီးမှ နောက်ဆုံး မမ နာမည်သုံးပြီး သိမ်းကြုံးလုပ်သွားတာ ကောင်းဘူးနော်.
ကေလာ ဂေဟာမှာ အသားကုန် တံမြက်စည်းလှည်းနေမှတော...
မမ လည်း အစွမ်းကုန် အိုက်တိုးပဂေးစံ လုပ်နေရပါကြောင်း..