ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, January 8, 2009

ပေါချင်လို့ကို ပေါပါတယ်

ပေါချင်လို့ကို ပေါပါတယ်
ရန်သူဝိုင်းဝိုင်းလည်

ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ဦးမယ်ဗျာ။ ကျုပ်က တခါမှပို့စ်မတင်ဘူးတဲ့ အခါကျတော့ ဂေဟာ လူကြီးမြင်းများနဲ့ သိပ်မရင်းနှီးဘူးဖြစ်နေတယ်။ ကျုပ်က ရေကြီးမှုဝံဂျီးပါ ... အစကတော့ ယဉ်ကျေးမှုဝံဂျီးပေါ့ .. ဒါပေမယ့် ကျုပ်က ကျုပ်တာဝန်နဲ့အညီ သီချင်းတွေဘာတွေ ဆိုတယ်မဟုတ်လား .. အဲဒီတော့ ကျုပ်သီချင်းဆိုတဲ့ ပွဲတွေမှာ တံတွေးတွေစဉ်ပြီး အောက်မှာ ရေတွေဘာတွေကြီး၊ တခါတလေ စိုးရိမ်ရေမှတ်တွေဘာတွေရောက်တော့ (ဟိုနေ့က မိုး၊ လေ နဲ့ ဝသထဲတောင်ပါတယ်လေ) အဲဒါကာလရွေ့လျောပြီး ရေကြီးမှုဝန်ဂျီးဖြစ်သွားတာ။ အဲ .. စောက်လုပ်ရေးဝန်ဂျီး ဟန်တစ်မငြိမ်ကတော့ ကျုပ်ကိုရင်ကြီးမှုဝန်ဂျီးတဲ့။ အဲဒါတော့ အလုပ်ပါနဲ့ဂျာ .. တော်ကြာ ရင်ပဲကြီးလား တင်တို့ဘာတို့ကော မကြီးဘူးလားဆိုပြီး လာစမ်းသပ်ကုန်မှဖြင့် (အဟင့် ကြောက်တယ်နော် .. ငတိက အဆိုးဆုံးလို ကြားထားတယ်)

မိတ်ဆက်တာ နည်းနည်းရှည်သွားပြီထင်တယ်။ သီးခံဗျာ .. နည်းနည်းတော့သီးခံ။ ကျုပ်က ဟိုအစိုးရမင်းများရဲ့ ဝန်ဂျီးတွေလို တူညားရေးထားတာ ဖတ်ပြတာ မဟုတ်တော့ လျှာက သိပ်ဘရိတ်အုပ်လို့မရချင်ဘူး (သူတို့ ကတော့ သူများရေးထားတာပဲဖတ်တာဆိုတော့ စာဆုံးရင် ပြီးပါပြီ လုပ်လို့ရတယ်လေ အဟဲ။ ကျနော်မပါဘူး အဲဒါနာယကဂျီးသင်ပေးတာ)။

ဂလိုဗျ ဝန်ဂျီးလုပ်သက်ကလေး ၂ ရက်ခွဲလောက်ရှိတော့ ကျုပ်စဉ်းစားမိတယ်။ ကျုပ်တို့ ဂေဟာက လူကြီးမြင်း များဟာ အလွန်အင်မတန် အတင့်ရဲပေတာကိုးဗျ။ အကြောက်အလန့်က နည်းနည်းမှမရှိ။ သဘာငတိတို့ တွင်းတူးတို့ ဆိုလည်း တယောက်တည်း ဘော်ဒီဂတ်မပါဘာမပါ စီးတီးဟောကို အများသုံး အမ်အာတီ ကြီးနဲ့သွားလိုသွား။ ငှက်ကထဆိုလည်း လမ်းဘေးမှာ ပုဆိုးကွင်းသိုင်းလေးနဲ့ မူးလဲလိုလဲ။ ပန်ကျားရေးဝန်ဂျီး ချမ်းရဲ ဆိုရင်လည်း လမ်းဘေးလက်ဖက်ရည်ဆိုင်မှာ အီကြာကွေးတချောင်းကိုင်ပြီး ငိုင်ချင် ငိုင်နေတာ။ ကျုပ်ပြောတယ် အဲလို မလုပ်ကြပါနဲ့ .. ဂေဟာက သူတို့ကို ဝယ်ပေးထားတဲ့ ဖယ်ရာရီတွေဖောချင်းသောချင်း စီးကြပါဆိုတာ ဒရိုင်ဘာက အွန်စော မဟုတ်လို့ .. မိုးဟေကို မောင်းမပို့လို့နဲ့ ချေးများနေကြတယ်။ အဲလို ကြပ်ကြပ်လုပ် တနေ့ ဒုက္ခရောက်မယ်။

ခု ကျုပ်ဒီပို့စ်ဝင်ရေးတာ အလကား မဟုတ်ဘူးဗျ။ ကျုပ်ပြောသလို တကယ်ဖြစ်လာပြီ ကဲ။ ကျုပ်တို့ နာယကဂျီးမှာ ရန်သူတွေ ဝိုင်းနေပြီ ...။ နာယကဂျီးလည်း အဲလိုပဲ။ အလုပ်သွားရင် ဂေဟာက ဝယ်ပေးထားတဲ့ လေယာဉ်စီးပါ ဆိုတာ မရဘူး သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးတယ်ဆိုပြီး မြင်းလှည်းနဲ့သွားတယ်ဗျာ .. အဲဒါ တိရစ္ဆာန် ချစ်သူများ အသင်းက သူ့ကို စောင့်ကြည့်နေပြီ။ တရိစ္ဆာန်တွေ ညှင်းပမ်းနှိပ်စက်ပါတယ်ဆိုပြီး လုပ်ကြံကြမလိုတဲ့။ ကံကောင်းလို့ ကျုပ်က သိုင်းဝတ္တုဂျီးတွေဖတ်တဲ့သူဆိုတော့ သိုင်းလောကနဲ့ မစိမ်းဘူလေ။ စီးတီးဟောက ရဲရင့်မှာ ရေနွေးကြမ်းသောက်ရင်း သူတို့ တိတ်တဆိတ် ကြံစည်နေတာ ကြားခဲ့တာပဲ။

ဒါပေမယ့် တခုတော့ရှိတယ်ဗျ။ ကျုပ်လို ဝန်ဂျီးတယောက်က သိုင်းတတ်တယ် ဆိုပေမယ့်... (ကြုံတုန်းကြွားရရင် အတွင်းအားလည်း တော်တော်ကောင်းတာ။ ကျုပ်တခါ အီးပေါက်လိုက်တာ အသင်းသားဂျုပ်ကြီးခေါင် တယောက် နားစည် ကွဲထွက်သွားပါရောလား။ မနည်းကို ဆေးပြန်ကုပေးလိုက်ရတယ်) အဲ .. အဲလိုပေါ့ဗျာ ဘယ်ရောက်သွားပြီတုန်း .. ရပြီ မှတ်မိပြီ .. ကျုပ်လို ဝန်ဂျီးတယောက်က သိုင်းတတ်တယ်ဆိုပေမယ့် ပညာကို နေရာတကာ ထုတ်သုံးလို့ကောင်းတာ မဟုတ်ဘူးဗျ။ တကယ်က ဒီလိုကောင်စားတွေကို ကျုပ်ရဲ့ အလက်ထရစ် ဂစ်တာ သိုင်းလောက်နဲ့တင် လွင့်သွားအောင်လုပ်လို့ရပါတယ်။ ဒါပေမယ့် ဝန်ဂျီးလုပ်နေပြီး နာယကဂျီးကို ဘယ်လိုလုပ် စောင့်ရှောက်လို့ရမလဲ။ သူ့ဟာသူ ကျီးထိုးထိုး လောက်ကိုက်ကိုက် အဲ .. ဟုတ်ပါဘူး ယောင်လို့ .. ကျုပ်မှာက အလုပ်တွေရှိသေးတယ်လေ။ ကျုပ်ရဲ့ ဟဲဗီးမက်တယ်နဲ့ သီချင်းကြီး ရီမစ္စ ကိစ္စတွေ အဆုံးသတ်ပြီး ကမ္ဘာကိုချပြဖို့က ရှိသေးတယ်။ နောက် မက်တယ်လစ်ကာတို့၊ အော့ဇီတို့၊ ပေါလ်ဂေလ်းဘတ်တို့ .. အဲဒီကောင် လေးတွေက ကျုပ်ဆီက ပညာယူချင်တယ်ဆိုလို့ ဝေါ့ခ်ရှော့ တခု စီစဉ်ပေးရဦးမယ်။ ကြွားတာမဟုတ်ဘူးနော် အဟက်။

ကျုပ်က နာယကဂျီးအတွက် တကယ်စိုးရိမ်လို့ပါ။ သူ့မှာ နောက်ထပ်ရန်သူတွေ ရှိသေးတယ်ဗျ။ အင်း .. အေးအေးဆေးဆေး မနေဘဲ ဆတ်ဆတ်ဆော့ဆော့ အသက်ကြီးမှ ငပေါဂိုဏ်း ထထောင်လို့တဲ့လေ .. လူတည်ဂိုဏ်းဝင်တချို့ကလည်း သူ့ကို မကျေနပ်ကြဘူး။ အဲဒါကတော့ ကျုပ်ကိုယ်တိုင် ကြားခဲ့တာ မဟုတ်ဘူး မွေးရေဝန်ဂျီး သိတယ်မဟုတ်လား .. သူက သူမွေးထားတဲ့ ရေသူမတွေ မြုံရခြင်း အကြောင်းရင်းကို သိချင်လို့ ရေထဲ ဆင်းငုတ်ကြည့်ရင်း ရေထဲမှာ ကြံစည် နေတာကိုကြားတာတဲ့။ ဟာ .. ကျုပ်ရဲ့ သိုင်းလောက အတွေ့အကြုံအရ ဆိုရင်တော့ ဒီကောင်တွေရဲ့ အတွင်းအားက ပေါ့သေးသေး မဟုတ်ဘူးဗျ။ ရေထဲဆင်းပြီး တိုင်ပင်တယ်ဆိုကတည်းက ကျုပ်ထက်အဆင့်နိမ့်လည်းနည်းနည်းပေါ့။

အဲဒါဗျာ နာယကဂျီးကို ကျုပ်ကပြောတယ်။ ဘော်ဒီဂတ် တယောက်လောက် ထားပါလို့ပြောတာ ပြောမရဘူး။ မြင်းလှည်းကို သူကိုယ်တိုင်မောင်းမယ်တဲ့။ တရက် တိရစ္ဆာန်အဖွဲ့က လက်နက်ပုန်းနဲ့ လှမ်းပစ်လိုက်တာ .. ဟာကံကောင်းလို့ဗျို့ .. နည်းနည်းလေးပဲမှန်လိုက်တယ်။ သူတို့လက်နက်ပုန်းက ပျော့စိစိ စိုတိုတိုနဲ့တဲ့ .. အင်း ထင်တဲ့အတိုင်းပါပဲ နွားချေးတွေဗျ။

လူတည်ဂိုဏ်းသားတွေကျ တမျိုးဗျ။ သူတို့ နာယကဂျီးကို ချဉ်းကပ်ပုံက သင်းတယ်နော်။ သူငယ်ချင်းလို .. ဘော်ဒါလိုဝင်လာတာ .. ။ တကောင်က ထရိုဂျန်တဲ့၊ တကောင်က စပိုင်ဝဲတဲ့ (အဲ့ကောင်က ယားနာတွေ တစိုစိုနဲ့ ထင်တယ်)၊ နောက်တကောင်က ဖလက်ရှီတဲ့ .. အဲ့ကောင်တွေက နာယကဂျီးကို မွေးနေ့ကျင်းပပေးမယ် ဆိုပြီး အဆုံးစီရင်မှာ။ ကျုပ်တို့နာယကဂျီးကလည်း အူတာမှ ခေတ်ဆွေးငပေါလေ။ လောကဒတ်တွေ လောကဝဲတွေ လောကဘောက်တွေ နားလည်တာမဟုတ်ဘူး မဟုတ်လား။ အဲဒါကိုသိတဲ့ အဲ့ကောင်တွေက ဟက်ပီး ဘက်သ်ဒေး လို့ အော်လိုက်တာနဲ့ နာယကဂျီးသေပြီ။ အဲလိုဖြစ်အောင်လုပ်ထားတာ။

အင်း ခုတော့ ကျုပ်က သူ့အတွက် ဘော်ဒီဂတ်တွေ ငှားထားပေးပါတယ် အဲ့ကောင်တွေငှားရတာလည်း လွယ်တယ် မထင်နဲ့ တကောင်တကောင်ကို ဒေါ်လာသန်းချီပေးရတာ။ ငပေါဂေဟာမို့လို့ ငှားနိုင်တာ။ သုံးကောင် ငှားပေးထားတယ် တကောင်က နာယကဂျီးရဲ့မြင်းလှည်းဒရိုင်ဘာ နော်တန်ဘရက်ပစ်တဲ့၊ နောက်တကောင်က ညာလက်ရုံး ကက်စပါ ဂျော်နီဒိပ်စကိုင်းတဲ့ နောက်တကောင်ကတော့ ဘယ်လက်ရုံး။ သူကတော့ မြင်းချေးတွေ ဘာတွေကျုံး၊ မြင်းစာတွေဘာတွေလည်းကျွေးတယ် အေးဗတ်စ်ကီဗင်ကော်စနာတဲ့ .. ဟီဟိ။ အဲဒါပဲဗျာ ကဲ ကျန်တဲ့ဝံဂျီးတွေလည်း သတိထား။ သွား ဖယ်ရာရီ၊ စား ဆီဒိုးနား လုပ်ကြဗျ။ ကျုပ်တို့ဂေဟာမှာ ရန်သူတွေ ဝိုင်းနေတယ်။

မှတ်ချက်။ ။ နာယကဂျီးအကျန်ပေး၍ ရေကြီးမှုဝန်ဂျီးရေးသည်။


3 comments:

Unknown said...

စား ဆီဒိုးနားတဲ့... ဒီမှာ ဆီအိုးနားတောင် မနဲကပ်ရတာ....
ဘဝဘဝဘဝ ဒီလိုအရွယ် ဒီလိုပဲ(တွံတေးစိုးအောင် ကီးဖြင့်ဆိုရန်)

ဆက်သွယ်ရေးဝန်ကြီး

ဗီလိန် said...

အိမ်း။ ကောင်းလေစွကောင်းလေစွ။ ကျုပ်မရှိတုန်း နားယားကုတ်ကြီးကို စောင့်ရှောက်ပေးကြတာ ကျေးဇူးတင်သကွာ။ ဂိုဏ်းသားတွေအချင်းချင်း စည်းလုံးတာ အားရတယ်ကွ။

တွင်းတူး

Anonymous said...

ရေကြီးမှူ ၀ံကြီးရှင်...ပတ်စဉ် ရီပို.များ-လချုပ်ရီပို.များ မတက်တာကြာပြီဖြစ်ကြောင်း။ရုံးတွင်း-ရုံးပြင်-ကုလားထိုင်အောက်-စားပွဲအောက် တွင်လည်း မတွေ.တာကြာပြီဖြစ်ကြောင်း။
ကေလာမမ