ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Monday, November 24, 2008

The Assassination

မိုးဖွဲဖွဲရွာနေသော လမိုက်ညတစ်ည ...
တွေ့ကရာရှစ်သောင်းမြို့စားကြီး အန်ဒီ၏ နေအိမ်ခြံဝင်းထောင့်တွင် လူရိပ်တစ်ခုက သစ်ပင်တစ်ပင်မှ တစ်ပင်ခုန်ကူးပြီး အိမ်တော်ခေါင်မိုးပေါ်သို့ ပြေးတက်သွားသည်.. အိမ်ခေါင်မိုးပေါ်သို့ ရောက်သည်နှင့် ချိုးကူသံပြုလိုက်ရာ အိမ်တော်ဘေးဘက် တံခါးတစ်ချပ်ပွင့်လာလေသည်.. ခေါင်မိုးပေါ်ကလူက လွှဲကာခုန်ချပြီး တံခါးအတွင်းသို့ ၀င်သွားလိုက်သည်.. အခန်းထဲတွင်တော့ လူ ၂ ယောက်ရှိနေသည်.. တစ်ယောက်မှာ ကျားကျားလျားလျား ယောက်ျားပျိုတစ်ဦး ဖြစ်ပြီး နောက်တစ်ယောက်မှာမူ နွဲ့နွဲ့နှောင်းနှောင်းနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်.. ယောက်ျားပျိုက စမေးသည်..
“ဘယ်လိုလဲ သွေးသောက်ဂျဲဂျယ်.. ကျုပ်တို့အတွက် ဓားတွေပါလာပလား”
ဝတ်ရုံနက်နှင့် ဂျဲဂျယ်ဆိုသူက .. “ပါပြီ သွေးသောက်ဗီလိန်.. ဒါထက် အစ်မတော် မတူးကရော အစီအစဉ်သေချာဆွဲပြီးရဲ့လား”
“ပြီးပါ့ မောင်တော်.. အစ်မတော်ရဲ့ အယုံသွင်းတဲ့ အရည်အသွေးကို စိတ်ချစမ်းပါ.. စာနယ်ဇင်းလောကမှာ ဒီလိုပဲ အပျော့ဆွဲပြီး အင်တာဗျူးတွေ လုပ်လာတာ နည်းမှမနည်းပဲ”
“ဟုတ်ပြီ ဒါဖြင့် လုပ်ငန်းစကြစို့ရဲ့”

သူတို့သုံးယောက် နောက်ထပ်အခန်းထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားသည်နှင့် အခန်းကန့်လန့်ကာနောက်မှ.. လူတစ်ယောက်ထွက်လာပြီး စာပို့ခိုကို အပြင်သို့ လွှတ်လိုက်သည်.. စာထဲတွင်.. မြို့စားကြီးကိုလုပ်ကြံမည့်သူများ အိမ်တော်ထဲရောက်နေပြီ.. အမြန်တပ်ကူလွှတ်ပေးပါ.. ပုံ/ချမ်းရဲ ..

မြို့စားကြီး အန်ဒီကမူ ကျရောက်လာမည့် အန္တာရယ်ကိုမသိသေး.. ဥယျာဉ်မှူးကြီး .. အသင်းသားချုပ်ကြီးတို့နှင့် စကားလက်ဆုံကျနေသည်.. ထိုစဉ်.. တံခါးမှ သက်တော်စောင့်တစ်ဦးဝင်လာပြီး.. “ အတွင်းရေးမှူး ၂ ဗီဗီနဲ့ နာယကကြီး တူးတူး တို့က ၀င်ခွင့်တောင်းနေပါတယ် မြို့စားကြီး..”
“အေး အေး ပေးဝင်လိုက်လေ.. နာယက လာတယ်ဆိုတော့ အရေးကြီး ကိစ္စရှိပုံရတယ်.. သူတို့ကို ယုံကြည်ရပေမယ့်လည်း လက်နက်တစ်စုံတရာ ပါမပါတော့ ထုံးစံအရ စစ်ဆေးဦးကွဲ့...”
“မှန်ပါ့ စစ်ဆေးပြီးကြောင်းပါ..”
“ဒါဖြင့် ၀င်စေ..”

သက်တော်စောင့်က ရှေ့တော်ဝင်ခွင့်တောင်းသူများကို ၀င်ခွင့်ပေးရန် တံခါးဆီသို့ပြန်လျှောက်သွားနေစဉ် မြို့စားကြီးကပြောသည်..
“တွေ့လား .. ဒီသက်တော်စောင့် ကဗျာမွှေရှိလို့သာ.. ကျုပ်လုံခြုံရေးစိတ်ချနေရတာ” ဟု ချီးကျူးလိုက်သည်..
သို့သော်.. ၀င်လာသူ တွင်း ၂ နှင့် နာယကတို့က သက်တော်စောင့်ကို “လက်နက်တွေယူဆောင်ပြီးဝင်ခွင့်ပေးတာ လုပ်ကြံမှုကိုကူညီတာပဲ.. တာဝန်ကျေပါပေတယ်.. ” ဟု တီးတိုးပြောလိုက်သည်ကိုတော့ မြို့စားမင်းမကြားလိုက်ပေ..

“ဟဲ့.. တွင်း ၂ နဲ့ နာယကတို့သာမက နောက်က ပါလာတာက ဘယ်သူတုန်း”
“မှန်ပါ့ .. သူက မြို့စားကြီးကို ဆက်သစရာရှိလို့ တွင်း ၂ တို့က ခေါ်လာတာပါ”
စကားပင်မဆုံးသေး နောက်ဆုံးမှ သွေးသောက်ဂျဲဂျယ်က အချက်ပြပြီး ဓားကိုဆွဲထုတ်လိုက်ရာ ဗီလိန် တူးတူး တို့ကလည်း အသီးသီးဓားထုတ်လိုက်လေသည်..
“သယ် ငါ့နန်းဆောင်ထဲကို ဓားကိုင်ဝင်လာဝံ့သလော .. သက်တော်စောင့် လာဦး”
သက်တော်စောင့်က ဓားကိုင်ကာ ပြေးတော့ဝင်လာပါသည်.. သို့သော် သူ၏ဓားဦးက မြို့စားမင်းအန်ဒီဘက်ကို လှည့်နေသည်.. အခြေအနေ အရပ်ရပ်ကို သုံးသပ်မိသွားသည့် ဥယျာဉ်မှူးနှင့် အသင်းသားချုပ်တို့မှာ မြို့စားမင်းဘက်မှ ၀င်ရောက်တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေလေပြီ.. ထိုခဏမှာပင် ဂျဲဂျယ် ဗီလိန် တူးတူး ကဗျာမွှေတို့၏ ဘက်တော်သား မမေနှင့် အောင်ပြည့်တို့ ၀တ်စုံနက်များ ၀တ်ဆင်ထားကာ ရောက်လာကြသည်.. ချမ်းရဲနှင့် မောင်မိုးသားတို့ဦးဆောင်သော တပ်ကူများလည်း ရောက်လာကြရာ အခြေအနေမှာ တမဟုတ်ချင်းရှုပ်ထွေးသွားတော့သည်.. ဓားသံတချွင်ချွင် အော်သံဟစ်သံများဖြင့် ပွက်လောရိုက်သွားတော့သည်.. အားလုံးမှာ လက်ရည်များတူညီနေကြသောကြောင့်.. တိုက်ပွဲမှာ ရှည်ကြာလာသော်လည်း သူ့ဘက်ကိုယ့်ဘက် အရှုံးအနိုင်မခွဲနိုင်သေးပေ.. သို့သော်အချိန်ကြာလာသည်နှင့်အမျှ ခြေကုန်လက်ပမ်းကျလာကာ အထိနာလာကြသည်..

ထိုစဉ်. ...
“ကဒ်”
အော်သံနှင့်အတူ.. ရိုက်ကွင်းတစ်ခုလုံးကို ကင်မရာနောက်မှာ စီစဉ်ညွှန်ကြားနေသည့် ဒါရိုက်တာကြီး Random နန်းညီက.. လက်ခုပ်တီးလိုက်ကာ..
“စိတ်ကူးတည့်ရာ ဇာတ်ကားကြီးရဲ့ နောက်ဆုံးဇာတ်ဝင်ခန်း ပြီးပြီ.. သရုပ်ဆောင်တွေ အားလုံးတော်ပါပေတယ်.. တာဝန်ကျေကြပါပေရဲ့ ”
ဟု ပြောလိုက်လေသတည်း. .. .... . . .

မှတ်ချက်။ ။ ထိုနှစ် အကယ်ဒမီပေးပွဲတွင်.. စိတ်ကူးတည့်ရာဇာတ်ကားကြီးက အကောင်းဆုံး ဒါရိုက်တာဆု.. အပြင် ပါသမျှ ဇာတ်ဆောင်များလည်း အကောင်းဆုံးဆုများ ရကြကာ.. တိုက်တန်းနစ် ဇာတ်ကားကြီး၏ အော်စကာစံချိန်ကို ချိုးလိုက်နိုင်လေသည်။

9 comments:

tututha said...

ဒီကား အမြန်ရုံတင်ခိင်းမှနဲ့တူတယ် မိုက်တယ်ကွာ။ အင်းမိုက်ဆို အားလုံး တော်ကြပေတာကိုး :)

sait phay yar said...

တော်ဒယ်... ထောက်ခံတယ်.. ရိုက်ပါ နာနာရိုက်ပါ အော်ဟုတ်ဘူး ဒီကားကိုမြန်မြန်ရိုက်ပါ

ဗီလိန် said...

ရွာမပြန်ခင်ကြည့်မှပဲ။ ရွာမှာဆိုရင် ရမ်ဘို ၃လိုမျိုး ပါမစ်ပိတ်နေမှ ခက်မယ်။

မိုးသား said...

တောက်၊..
ငါ ကျတော့ တစ်ခန်းပဲ ပါရတယ်။
တွေ့မယ် .. ငါရိုက်တဲ့ ကားကြမှ စာတမ်းထိုးတာနဲ့ တန်းပြီး သေခိုင်းပစ်လိုက်မယ်။
တစ်ကားလုံး မင်းသမီးနဲ့ ငါနဲ့ ပဲ သရုပ်ဆောင်ပစ်လိုက်မယ်..ငှင်းငှင်း...

ခေါင်ခေါင် said...

မြန်မြန်ရိုက်ပါ. ဒီဇတ်လမ်းကို...

ဂျဲဂျယ် ရော မတူးရော ကိုဗီရော.. ၃ ယောက်စလုံးကို ခေါင်ခေါင် တစ်ယောက်ထဲနဲ့ အပြတ်ဆော်ပစ်လိုက်မယ်...

NangNyi said...

မတု >> အားလုံးတော်တာထက် ဒါရိုက်တာက တော်တာ..

မမေ >> ဒါရိုက်တာက ကြိုးစားပြီး အမြန်ရိုက်နေပါတယ်..

ကိုဗီ >> ပါမစ်မပိတ်အောင် ဒါရိုက်တာက လာဘ်ထိုးထားတယ်..မပူနဲ့

မိုးသား >> ဟေ့ရောင် မရှည်နဲ့.. ဒါရိုက်တာ ခိုင်းသလိုလုပ်

မယ်ခေါင် >> တစ်ယောက်ထဲချလို့ မဖြစ်ဘူးလေ.. ဒါရိုက်တာ ချခိုင်းသလို ချမှပေါ့

ဖိုးဂျယ် said...

တော်လို. နာယကဖြစ်နေတာကွ
(ဖားထားမှ စလုံးလာရင် မွေးနေ့လက်ဆောင်
အကြီးကြီးဝယ်လာမယ်ကြားတယ်)
ဟွန်း ဒါပေမဲ့ ညီမတော်လဲ နာယကနဲ့ မတိမ်းမယိမ်းပါ
(သူ့လဲ ဖားထားမှ အကိုလတ်ပြန်လာရင်
မွေးနေ့လက်ဆောင် ထည့်ပေးမယ်ပြောတယ်)
မွေးနေ့လက်ဆောင်မပေးတဲ့ သူတွေက
ငပိန်းတွေ (အပြောမခံချင်ရင် မွေးနေ့လက်ဆောင်ပေး)
သဘာပတိ ဂျဲဂျယ်

Andy said...

္ကဤဇာတ်ကားကြီး ရုံတင်ပြသသောအခါ သောက်သောက်လဲ ဝင်ငွေ ကောင်းမွန်သော ကားကြီးဖြစ်သွား၍ မောင်အန်ဒီမှာ ဇာတ်ဆောင်အော်စကာဆု ကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားပါသတည်း...။

Unknown said...

၎င်းဝင်ငွေရဲ့ ၁၀%ရာခိုင်နူန်းကို ရူပေါဂိုဏ်းရန်ပုံငွေအတွက် ပေးဆောင်ရမည်ဖြစ်ပါကြောင်း ကဗျာမွှေ သားဇတ်ကောင်(မင်းသား)ဖြစ်ခဲ့ရင် ဤအချက်ကို လိုက်နာရန်မလို အပ်ကြောင်း ပြောရဲဆိုရဲရှိသူတစ်ဦးမှ ပြောကြားသွားပါသည်။