ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Monday, November 3, 2008

အတွင်းရေးမှူး- ၁ ရာထူးရာဇ၀င်

လက်မှာ အထုတ်လေး ၇ ထုတ်ဆွဲကာ အရူးအပေါဂိုဏ်းချုပ်တည်ရှိရာ ဖင်လန်နိုင်ငံရှိ ဂွေးကြီးကုန်းမြို့
ဘောလည်ရွာသို့ နိုင်ငံတကာလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ရာ လမ်းခုလတ်တွင် လေယာဉ် ထိုးရပ်လေသည်...
နိုင်ငံတကာအဆင့်ရှိ လေယာဉ်ပိုင်းလော့များမှာကား ပြစ်ချက်ရှာကြကုန်၏.. မတွေ့ ပြစ်ချက်ကား မတွေ့ လုံးဝမတွေ့ ပိုင်းလော့တို့ကား ပြစ်ချက်ရှာလိုက်သည်မှာ ခေါင်းမီးတောက်မျှ ရှာကြ၏.. သို့သော် မတွေ့ရေးချ မတွေ့.. ပိုင်းလော့တို့ ခေါင်းချင်းဆိုင်လေပြီ ( လက်ထဲတွင် ပိုကာ ၂ ခြမ်း ဂျော်နီလမ်းလျှောက် ၃ လုံး ).. မရမက စဥ်းစားကြသည်..
နောက်ဆုံးတွင် ပြစ်ချက်ရှာမရ၍ ရှေ့တွင်ရှိသော Asia World တိုးဂိတ် အထိ တွန်းသွားရန် ဆုံးဖြတ်လိုက်သည်... ခရီးသည်များကို ကူညီပြီးတွန်းပေးရန် မေတ္တာရပ်ခံသောအခါ ခရီးသည်များထဲမှ ခြေတစ်ဖက်မသန်သော ဂီလာန အဖိုးကြီးတစ်ယောက်နှင့် အားကောင်းမောင်းသန် ၁၆ နှစ်အရွယ် မိန်းမပျိုတစ်ဦးထွက်လာပြီး ၀ိုင်းဝန်းကူတွန်းပေးသည်.. အေးရှားဝေါလ်သို့ရောက်သောအခါမှ တန်ချိန် စစ်လိုက်သော် တန်ချိန်ပိုနေ၍ ဖြစ်ကြောင်းကို ပိုင်းလော့တို့သိလိုက်ရသည်။
ထိုအခါ ပိုင်းလော့တစ်ဦးက ထွက်၍
" snam eltneg dna seidal ! olleh "
ဟု ဘာသာစကားတစ်မျိုးဖြင့် ပြောလိုက်ရာ ခရီးသည်များ အပြိုင်အဆိုင် နားစွင့်ကြကုန်၏
(အဲဒီဘာသာစကားက ဘာဘာသာစကားလို့ထင်ပါသလဲခင်ဗျာ ကျွန်တော် အောက်ဆုံးမှာတော့ ဖော်ပြထားပါတယ်)
ပိုင်းလော့က ဆက်ပြော၏
" ကျွန်ုပ်တို့လေယာဉ်ဟာ အခုဆိုရင် ရှေ့ကို ဆက်ထွက်လို့ မရတော့ပါဘူးခင်ဗျာ...
ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့လေယာဉ်ရဲ့ သတ်မှတ်တန်ချိန်ကို ကျော်လွန်သွားလို့ဖြစ်ပါတယ်..
လေယာဉ်ထွက်ခါစတုံးက မသိသာပေမဲ့ အခုလို လေဖိအားနဲ့ တွေ့တဲ့အခါ လေရဲ့အလေးချိန်ပါ ပါဝင်လာတဲ့အတွက် သိသာလာပြီး လေယာဉ်ဟာ ဘယ်လိုမှ ရှေ့ဆက် မထွက်နိုင်လောက်အောင် လေးပင်နေတာကို တွေ့ရပါတယ်.. ဒါကြောင့် အပိုချိန်ခန့်မှန်းချေ ၁၁၀ ပေါင်အတွက် ခရီးသည်တစ်ဦးမှ အသက်ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ ဤလေယာဉ်ပေါ်မှ ခုန်ချပေးပါရန် လေးစားစွာတင်ပြအသနားခံအပ်ပါသည် ခင်ဗျား "
ထိုအခါ ခရီးသည်များစီမှ စိုးစီ စိုးစီ (ငှက်ခလေးများအသံမဟုတ်ပါ စိုးရိမ်စိတ်များ အစီ အရီထွက်ပေါ်လာခြင်းအသံဖြစ်ပါသည်) အသံဗလံများထွက်ပေါ်လာသည်။
ထိုအခိုက် ခရီးသည်များထဲမှ တရုတ်တစ်ဦးက ရှေ့သို့ထွက်လာပြီး " ဝေါမီးတောဖော ရွှီးဖော ... ၀ ရဲ့ အတက်ကို ပီဒါန မီထားပဲ ၀ ကိုယ်တိုင် အနီနာထံပါ့မယ် ရွှီးဖော.. ဒါပီမိလေ တိရား ၀ ကြောမယ်..၀ ဒီလေယီကြီးပေါ်ကနေ ၀ ခုန်ချလိတဲ့ အီခါမှာ ၀ တို့ရဲ့ အထင်ကရ ခေါင်းရှောင်ကြီး တိန့်ရှောင်ဖိန်ကို ဂုဏ်ပြုပေးပါ.. ခရီးသည်တွေရဲ့အတက်ကို ငဲ့ညှာတော အားဖြင့် ၀လေ တရုတ်ပြည်မကြီးရဲ့ဂုဏ် ၀ တို့ရဲ့ခေါင်းရှောင်ကြီး တိန့်ရှောင်ဖိန်ရဲ့ ဂုဏ် ကို ဦးလီမသုန် ထမ်းရွက်ရင်းနဲ့ ၀ အနီနာထံပါ့မယ်... ယား မြင့်မြတ်သော တီရုတ်ပြည် မြင့်မြတ်တော့ ၀ တို့ခေါင်းရှောင်ကြီး တိန့်ရှောင်ဖိန်ကွ ယား......"
ဟုပြောရင် တရုတ်ခရီးသည် တစ်ယောက် ပြောပြောဆိုဆို ၀ံ့ဝံ့ ကြွားကြွားဖြင့် လေယာဉ်ပေါ်မှ ခုန်ချလေသည်....
ထိုအခါ ကျန်ရှိခရီးသည်များမှ
" တိန့်ရှောင်ဖိန် မြင့်မြတ်သော တရုတ်နိုင်ငံတော် ရာအူး ဗရာဗိုလ် "
ဟု လက်ခုပ်သံ တဖြောင်းဖြောင်းဖြင့် တရုတ်ပြည်ကြီးအား ကောင်းချီးသြဘာပေးလေသည်။
ထိုအခါမှသာ လေယာဉ်မှ ရှေ့သို့ ဆက်လက်ထွက်ခွာနိုင်ခဲ့သည်။ ထိုသို့ ခရီး ဆက်လက်ထွက်ခွာလာခဲ့ရာ လမ်းခုလတ်တွင် တန်ချိန်လေးလာပြီး လေယာဉ်ကြီး ရပ်တန့်လေပြန်သည်... ထိုအခါ စက်ခန်းမှ ပိုင်းလော့တစ်ဦးထွက်လာ၍
" snam eltneg dna seidal ! olleh "
" ကျွန်ုပ်တို့လေယာဉ်ဟာ အခုလဲပဲ ရှေ့ကို ဆက်ထွက်လို့ မရတော့ပါဘူးခင်ဗျာ...
ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့လေယာဉ်ရဲ့ သတ်မှတ်တန်ချိန်ကို ကျော်လွန်သွားပြန်ပြီ
လေယာဉ်ဟာ ဘယ်လိုမှ ရှေ့ဆက် မထွက်နိုင်လောက်အောင် လေးပင်နေတာကို တွေ့ရပါတယ်..
ဒါကြောင့် နောက်ထပ် အပိုချိန် ခန့်မှန်းချေ ၁၁၀ ပေါင်အတွက် နောက်ထပ်ခရီးသည်တစ်ဦးမှ အသက်ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ ဤလေယာဉ်ပေါ်မှ ခုန်ချပေးပါရန် လေးစားစွာတင်ပြ အသနားခံအပ်ပါသည်ခင်ဗျား "
ထိုအခါ ရုရှားလူမျိုးတစ်ဦးက ဆက်လက်၍ သူ့နိုင်ငံတော်၏ ဂုဏ်ကို ထမ်းဆောင်သောအားဖြင့်
" ရုရှားပြည် မြင့်မြတ်သော ရုရှားပြည် " ဟု အော်ပြီးတော့တရုတ်လူမျိုးအတိုင်းပင် ခုန်ချလိုက်လေသည်။
ကျန်ရှိခဲ့သော ခရီးသည်များမှ
" မြင့်မြတ်သော ရုရှားနိုင်ငံတော် မြင့်မြတ်သော ခေါင်းဆောင်ကြီး ဂေါ်ဘာချော့ဗ် "
ဟု လက်ခုပ်သံ တဖြောင်းဖြောင်းဖြင့် ရုရှားပြည်ကြီးအား ကောင်းချီးသြဘာပေးလေသည်။
ထိုအခါမှသာ လေယာဉ်မှ ရှေ့သို့ ဆက်လက်ထွက်ခွာနိုင်ခဲ့သည်။
ခရီးသည်များ စိတ်မချမ်းမသာ ဖြစ်နေပေသည်။ ဖင်လန်နိုင်ငံကို မရောက်သမျှ အခုလိုဖြစ်နေမယ်ဆိုရင်တော့ ဘယ်လိုမှ မစားသာ။
ကျွန်ုပ်မှာလည်းပေါချင်ဇောအားကြီးလွန်းလို့သာ ထွက်ခွာလာခဲ့ရသည်။ စိတ်ကတော့ တထင့်ထင့်။ ကျွန်ုပ်ဘေးတွင် ထိုင်နေသော ကုလားလူမျိုးတစ်ဦးမှာ နေမသိ ထိုင်မသာဖြစ်လာ၍ထင့် ဆောက်တည်ရာမရ လမ်းလျှောက်နေပေသည်။ ကျွန်ုပ်လည်း ဖြစ်သမျှအကြောင်း အကောင်းဟု တွေးတောလာကာ လေယာဉ်ပေါ်တွင် ရသော ၀ီစကီ တစ်တောင့်ကို တကြိုက်ပြီးတကြိုက် မော့နေလိုက်သည်။ ကျွန်ုပ်၏ဘေးက ကုလားလူမျိုးပင် ခြေကုန်လက်ပမ်းကျလာ၍ လေယာဉ်
ပြတင်းပေါက်နားတွင် စိတ်ညစ်စွာ ထိုင်နေလေသည်။ ခေတ္တကြာသော် လေယာဉ်မှာ ရှေးကအတိုင်းပင် ထိုးရပ်လေပြန်သည်။
ပိုင်းလော့ကလဲ ရှေးကအတိုင်းပင် ဆက်ပြောလေပြန်သည်။ ကျွန်ုပ်လည်းကြာကြာ စဉ်းစားမနေတော့ပဲ
" ဗမာကွ ဗမာ မြင့်မြတ်သော Burmese "
ဟု ပါးစပ်ကအော်ပြီးတော့ ကျွန်ုပ်ရှေ့ လေယာဉ်တံခါးဝတွင် စိတ်ညစ်ညစ်နဲ့ ထိုင်နေသော ကုလားကို ခြေထောက်ဖြင့် ကန်ချလိုက်လေသည်။
ထိုအခါ ကျန်ရှိခရီးသည်များမှ
" ဗန္ဓုလကွ ဗန္ဓလ မြင့်မြတ်သော ဗမာ နိုင်ငံတော် Hi Bravo Burmese "
ဟု လက်ခုပ်သံ တဖြောင်းဖြောင်းဖြင့် ဗမာပြည်ကြီးအားကောင်းချီးသြဘာပေးလေသည်။
ဒီလိုမျိုး ရင် တမမနဲ့ ဂိုဏ်းချုပ်တည်ရှိရာ ဖင်လန်သို့ ရောက်လာရပါတော့သည်။
အဖွဲ့ချုပ်တည်ရှိရာ အဆောက်အုံသို့ရောက်သော် သဘာငတိနဲ့ နယကတို့မှ ထွက်၍ အကြိုထောက်လေသည်။ ကျွန်ုပ်လည်း ခရီးရောက်မဆိုက်ပင် လက်ထဲမှ ပါလာသော အထုတ် ၇ ထုတ်အား အဖွဲ့ဝင်များထံသို့ အလျှင်အမြန်ပေးလိုက်ရသည်။ တံခါးသို့ရောက်သော် လျှောက်လွှာတင်မည်ဟုပြောသောအခါ
အဖွဲ့ဝင်တို့က
" ဟာ မင်းက လျှောက်စရာ မလိုတော့ဘူး တခါတည်း လူတွေ့စစ်ဆေးမယ် "
ဟုပြောလာပါသည်။ အင်း ဘာမဟုတ်တဲ့ အထုတ်လေးတွေက အဆင့် ၁ ကို အောင်မြင်ပေပြီ....
အခန်းထဲသို့ရောက်သော် အုတ်ကထက ခေါင်းမှောက်နေပြီ .. သူ့ရှေ့တွင် အရက်ပုလင်းတို့က ပြန့်ကျဲလျှက်... ကျွန်ုပ်လဲ အထဲသို့ရောက်သော် အတင်းရေးမှူး ၂ မှ အုတ်ကထကြီးခင်ဗျာ ကျွန်တော်တို့ ဂိုဏ်းချုပ်တွင် ယာယီ အတွင်းရေးမှူး ၁ အဆင့်ကို ပေးထားသော ဧည့်သည်တော် ရောက်ရှိလာပါပြီ ... လူတွေ့စစ်ဆေးပေးပါရန် တောင်းဆိုအပ်ပါသည်။
ထိုအခါမှသာ အုတ်ကထကြီးက ခေါင်းထောင်လာပြီး
" အေ့ အီး အစ် အင်း ဟုတ်ပါပြီ အင်း အင်း အင်း "
" ကဲ ချလိုက်ရအောင် အဲ အဲ ဟုတ်ဘူး ဟုတ်ဘူး စ လိုက်ရအောင်လေ "
" ကဲ နာမည်ပြော မောင်ရင် " ဟု အဖွဲ့ကြီးမှ မေးသည်။
" ဟုတ်ကဲ့ ဘယ်နာမည်ကိုပြောရမလဲခင်ဗျ ကျွန်တော့အသဲလေး ရှာရာခေါ်တဲ့နာမည်လား ဒါမှမဟုတ် ၀ိုင်းစုလေး ခေါ်တဲ့နာမည်လား၊ ချစ်သူလေး ခေါ်တဲ့နာမည်လား သူငယ်ချင်းတွေခေါ်တဲ့နာမည်လား မိဘခေါ်တဲ့နာမည်လား ဆရာ၊ ဆရာမတွေ ခေါ်တဲ့နာမည်လားခင်ဗျ " ကျွန်တော် မေးခွန်းပြန်ထုတ်လိုက်သည်။
" ဟေ့ကောင် ဂျင်နရယ် ပြောကွာ " အုတ်ကထ စီမှ ဒေါသသံကို ကြားရသည်။
" ဟုတ်ကဲ့ ကျွန်တော်က ဂျင်နရယ် မဟုတ်ပါဘူးခင်ဗျ ကျွန်တော်တို့ဆီက ရှိနေတဲ့ ဂျင်နရယ်တွေကိုတော့ ပြောလဲ မပြောရဲပါဘူး ကြောက်ပါတယ်ခင်ဗျ " ကျွန်တော်အချိန်မှီ ဖြေရှင်းချက်ထုတ်ရသည်။
" ဟေးကောင် မင်းကို အဲဒီကောင်တွေနာမည်ပြောခိုင်းနေတာ မဟုတ်ဘူးကွ ယေဘုယျအားဖြင့် ခေါ်တဲ့နာမည်ကိုပြောခိုင်းနေတာ "
" အော် ဒါလား အဟဲ ဒါရိုက်တာရင်ခင်ဗျ "
" အသက် "
" လာမဲ့ နိုဝင်ဘာ ၁၅ ရက်မှာဆိုရင် ၁၅ နှစ်မြောက် မွေးနေ့ ကျင်းပပါ့မယ်ခင်ဗျ "
" အေး အဲဒါဆို ငါတို့ သဘောပေါက်တယ် ပညာအရည်အချင်းဆက်ပြော "
" အတင်းရေးမှူးလုပ်မှာပဲဗျာ ပညာအရည်အချင်းလိုသေးလို့လား "
" လျှာကို ဆန့်မထုတ်နဲ့ အလုပ်သဘောတရားအရ မေးတာ ဒါပေမဲ့ ပြန်ကြားရေးမှာတော့ မင်းရဲ့အရည်အချင်းကို လူမြင်ကောင်းအောင်
သတင်းထုတ်ပြန်ပေးရမှာ တံစိုးလက်ဆောင် ပေးတာကပေးတာပဲ ဒါပေမဲ့ ယုတ္တိရှိအောင်တော့ တင်ပြပေးရမှာ "
" ဟုတ်ကဲ့ ဒါဆိုလဲ ပညာအရည်အချင်းလေး မြှင့်ပေးထားလိုက်ပါ့မယ်ခင်ဗျာ ဟိုလူမသိ သူမသိ တောကျောင်းထဲကနေ ဒေါက်တာဘွဲ့ရပါတယ်ခင်ဗျာ "
" ဘာဒေါက်တာဘွဲ့လဲပြော "
" နဲပညာ ဒေါက်တာပါခင်ဗျ "
" ဟေ့ကောင် နည်းပညာလို့ပြောပါ စကားကိုပီပီပြော ဒီမှာလာပြီး ပြဿနာ မရှာနဲ့ "
" ဟုတ်ကဲ့ ခင်ဗျားတို့ပြောသလိုပါပဲခင်ဗျာ "
" အေး မင်းကို ပါလာတဲ့ အထုတ် ၇ ထုတ် မျက်နှာနဲ့ အတင်းရေးမှူး ၁ ရာထူးကိုပဲ ခန့်ထားလိုက်မယ် အေး ဒါပေမဲ့ ဒီရာထူးမှာတော့ မင်း တည်မြဲနေမယ်မထင်နဲ့ မင်းအရည်အချင်း ဘယ်လောက်ကောင်းကောင်း အထက်လူကြီးနဲ့ မတဲ့ တဲ့အချိန် မင်း ဒီရာထူးကနေ ဆင်းပေးရမယ် မှတ်နော် "
" ဟုတ်ကဲ့ပါခင်ဗျ ကျွန်တော်လဲ ရာထူးလေးရှိနေတုံး လုံလောက်အောင် သား၊ သမီး၊ မြေး၊ မြစ် တွေအတွက် အားလုံးသိမ်းကြုံးပြီး စားသောက်သွားပါ့မယ်ခင်ဗျ ပြီးရင်တော့ ဆရာတို့ ကြိုက်တဲ့အချိန် ဖြုတ်နိုင်ပါပြီခင်ဗျ "
" အေး ဒါဆိုလဲပြီးတာပဲ သွားတော့ "


ဟုတ်ကဲ့ပါခင်ဗျာ အပေါ်မှာရေးထားတဲ့ ဘာသာစကားကတော့ ပြောင်းပြန်ဖတ် ဘာသာစကားလို့ခေါ်ပါတယ်ခင်ဗျာ

1 comment:

Andy said...

တွင်းမှုး(၁) သည် ရသမျှ သိမ်းကြုံးစားသောက် ပေါချာမည်ဟုဆိုသဖြင့် အသင်းရန်ဘုံးငွေ ၂၀၀ (မြန်မာငွေ) ယူစေ...။