ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Sunday, November 9, 2008

တိုင်ကြားစာလက်ခံခြင်း

သဘာငတိကြီးနှင့်တကွ၊ ငှက်ကဥနှင့်တကွ အတွင်းရေးမှုးနှင့်တကွ အကုန်ကွကွတွေအားလုံးအား အမူးထားကာ တင်ပြလိုသော၊ လျှောက်တင်လိုသော၊ ဆွေးနွေးလိုသော၊ သောသောသော အကုန်လုံးနှင့် တိုင်တန်းစာတစ်စောင်တင်လိုပါသည်။ (မောတာ.. လိုရင်းကိုရောက်တော့ဘူး.. မူးလောက်အောင်ပြောပြီး ပြီဆိုတော့ စပြောမယ်။ လိုရင်းဘဲပြောပါတော့မယ်နော် သောက်ထားတာနဲ့တောင်အတော် အရှိန်ရနေတာ ထပ်မူးရင်မကောင်းတော့ဘူး ဟီ) ပြင်ညာရေးဝန်ကြီးဖြစ်သော အကျွန်ုပ်သည် တိုင်းခန်းလှည့်လည်ရင်းမှ ကျောင်း၏ဘဏ်ဠာတော်များကို အပ်နှံထားသော ဘဏ်တိုက်မှ လစ်ရင် တိုရန် ဟုတ်ပါဘူး စစ်ဆေးရန် ပြူတင်းပေါက်မှ ၀င်ရောက် ငုံကြည့်လိုက်သောအခါ ဂျန်းဂဲမှအပ်နှံထားသော ကျောင်းသား/သူများအတွက် ကွန်ပြူတာ လက်တော့ တစ်လုံးစီနှင့် ဂျီအက်စ်အမ် ၀ယ်ပေးရန်ထား ထားသော ငွေ(မြွေ.. ဖားတွေ) များပျောက်ဆုံးနေပါသဖြင့် မည်သူလက်ချက်နည်းဟု သိလိုသောကြောင့် တအိမ်ပြီး တစ်အိမ် ကိုအဝေးမှလည်းကောင်း အနီးမှလည်းကောင်း လိုက်လံထောက်လှမ်းကြည့်ရှုရာ အတွင်းရေးမှု ၂ ၏ အိမ်ရှေ့အရောက်တွင် လူတွေတန်းစီပြီး ၀င်ထွက်နေသည်ကိုတွေ့၍ မေးကြည့်ရာ တန်းစီနေသူများမှာ ဆေးကျောင်းသားများဖြစ်ပြီး အတွင်းရေးမှုး၂ သည် အိမ်နောက်ဖေးမှ ဖားများကို မတန်တဆဈေးဖြင့် ရောင်းစားနေသည့် အပြင် အိမ်ထဲသို့ငုန့်ကြည့်သည့် အခါတွင်လည်း မြွေများကို သူအိမ်ထဲတွင် ထားသိုပြီး စီးပွားဖြစ် ပြတိုက်လုပ်စားနေသည်ကိုတွေ့ရကြောင်း လက်ပူးလက်ကျပ် မျက်မြင်သက်သေနှင့် တကွတင်ပြလိုပါသည်။ (မောတာ .. စာကြောင်းကတော်တော်လေးရှည်ဟ) ယခုကဲ့သို့ ဘဏ်ဠာတော်ကို အလွဲသုံးစားပြုနေခြင်းကို သဘာငတိနှင့် အမှုးအဖွဲ့မှ အဲ အရူးအဖွဲ့မှ ကျပ်ကျပ်မတ်မတ် ဆောင်ရွက်အရေးယူ သင့်ကြောင်း။ ဂိုဏ်း၏ ဥပဒေအရ သူအား တသက်တကျွန်း၊ ထောင်ပိတ်၊ ၀ိညဉ်ချုပ် စသည်တို့ကို( မကြောက်ပါနဲ့ တွင်း၂ ရာ.. တုန်နေပြီ ဒူးတွေ ...) ပြုလုပ်ပါဟု မပြောလိုဘဲ အဲဒီဥပဒများအစား ယခုကဲ့သို့ မလိမ့်တပတ်လုပ်နေသော တွင်း၂ အား အမေရိကန်သမတ အိုဗားမား နေရာသို့ပင် ချီးမြှောက်သင့်ကြောင်း သူ၏၀င်ငွေမှာ မလုံလောက်နေသောကြောင့်ဖြစ်မည်ဟု ယူဆရ၍ လစာကို ယခုလက်ရှိမှ နောက်ထပ် အမေရိကန်ဒေါ်လာ သန်းတရာလောက် ထပ်တိုးပေးစေလိုကြောင်း နိုးဆော် တိုင်ကြား ထောက်ခံ အတည်ပြု ချီးမွမ်းရင်း ၀န်ထမ်းများ အားလုံးအား လစာများတိုးပေးသင့်ကြောင်း ယခုလို ဖော်ထုပ်အကြံပြုဆွေးနွေးနိုင်သူ အကျွန်ုပ်အား ဆုတော်ငွေအဖြစ်ဒေါ်လာ သန်းသုံးရာနှင့် ပါမစ်များချပေးစေလိုကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါသည်။

မှတ်ချက်- သဘောတူတယ်။ ထောက်ခံတယ်။ ခုချိန်ဘာပြောပြော သဘောတူတယ်။ သဘာပတိ စိတ်ကြည်နေတယ်။ ဘူတွေ ဘာပြောပြာ ဘာပါမစ်တောင်းတောင်း ပေးပြီးသားပဲ။ တွင်း ၂အား I phone ၀ယ်ယူခွင့် ပါမစ်ချပေးလိုက်သည်။ ကိုယ်ပိုက်ဆံနဲ့ ကိုယ်ဝယ်စေဗျားးးး။
ပုံ/
သဘာပတိရဲ့ ပြောရေးဆိုခွင့်ရှိသူ
အမောင်ဂျဲဂျယ်

2 comments:

ဗီလိန် said...

မရှိလို့လုပ်စားတဲ့ဟာကို။ တော်သေးတာပေါ့ သဘာငတိကြီးကို ဖောက်ပြီးသားမုန့်ပုံးနဲ့ ကန်တော့ထားလို့။ :)

sait phay yar said...

iphone ၀ယ်မဲ့ပိုက်ဆံတော့ ရေထဲမြောပေါ့.. အဟွတ် ရွတ်ဖတ်