ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Saturday, November 1, 2008

အီဂိုင်းဂျီး အဓွန့်ရှည်ဘာစေတဒီး

သက္ကရာဇ် ၂၁၁၁ ..
မြန်မာနိုင်ငံတွင် ဘလော့ဟူသမျှအကုန်ဘန်းထားသော ကာလ..
မျိုးဆက်သစ် မြန်မာအွန်လိုင်းလူငယ်များမှာ ဘလော့ဆိုသည်ကို ဘယ်သို့သောအရာဟု မသိနိုင်ကြတော့..
အရင်ခေတ်ကဆို ကျော်၍ခွ၍ရသေးသည်.. အခုမူ.. ဘယ်လိုမှကိုမရ.. blog ဆိုသော စာလုံးပါသည်နှင့် ACCESS
DENIED.. Gmail ..Yahoo mail.. ဘာmail ညာmail.. free mail မှန်သမျှကို သူတို့ပိတ်ထားသည်.. ဂျီတော့လောက်ပဲ သုံးလို့ရသည်.. ဂျီတော့လောက်ကတော့ ဘာမှသိပ်အသုံးမ၀င်.. ချက်တင်လောက်.. သတင်းစကားပါးရုံလောက်သာ သုံးလို့ရသည်.. ဒါတောင် သတင်းထူးရှိတဲ့အချိန်မျိုးဆို ပိတ်ထားသေးသည်.. ဗိုင်းရပ်စ်တွေကလည်း ဒီချက်တင်တွေထဲကနေ မကြာခဏ၀င်နေသဖြင့် သုံးရတာ တထင့်ထင့်..

မြန်မာမှလူငယ်များမှာ ဘလော့ဖတ်ချင်လွန်းသဖြင့် နယ်စပ်ခိုးထွက်လိုထွက်.. နိုင်ငံခြားသို့ကျောင်းတက်မည် ဟူသော
အကြောင်းပြချက်ဖြင့်သွားသူသွား.. အလည်အပတ်ဟု ဗီဇာလျှောက်ပြီး အိမ်နီးချင်းနိုင်ငံများသို့ လစ်သူကလစ်..
ဘလော့လေး တစ်ခါဖတ်ရဖို့အရေး အင်မတန်မှကြိုးပမ်းနေရရှာသည်.. ထိုသို့ဖြစ်ရခြင်းမှာ အစိုးရအပေါ်ပြည်သူများက
ဖိအားပေးတာ များသွားလို့ဟု သုံးသပ်သူတွေက သုံးသပ်သည်.. ဖိအားများလေ သူတို့က ဟိုပိတ်ဒီပိတ်လုပ်လေ..
သူတို့ပိတ်လေ ဖိအားပေးလေဖြင့် မုန့်လုံးစက္ကူကပ်သလို လုံးလည်ချာလည်လိုက်နေသည်.. ပြည်သူများမှာလည်း
စိတ်ညစ်လှပြီ..

သို့သော်..
သူတို့စစ်အစိုးရ မိသားစုတွေကျတော့ အနေအစားမပျက်.. သူတို့သားသမီးတွေကျတော့ ပျော်မြဲရွှင်မြဲ.. ဟာသတွေ..
ရယ်စရာတွေကို သူတို့ပဲရှာရှာကြံကြံသိလာကြကာ ပြန်ဖောက်သည်ချတတ်ကြသေးသည်.. လူငယ်များမှာ
ပျော်ရွှင်ဖွယ်ဟာသစကားများ ကြားရဖို့အရေး သူတို့သားသမီးတွေကို ကပ်ပြီးဖားပြီး ပေါင်းသင်းနေကြရသည်..
သူတို့ပြောသော ဟာသများမှာ အင်မတန်ရယ်ရပြီး အင်မတန်လည်း ဆန်းသစ်သည်.. ဒါတွေကို
သူတို့ဘယ်ကသိနေကြတာလဲ..

နိုင်ငံခြားမှ အသိမိတ်ဆွေတွေက အင်မတန်စုံစမ်းလိုက်ကြရပြီးမှ သိရသည်မှာ မြန်မာနိုင်ငံတွင်
ဘလော့တစ်ခုတော့ကြည့်လို့ရတယ် ကြားသည်ဟု.. ဟာသ ဘလော့တစ်ခုဖြစ်သည်ဟု သိရသည်..
သာမန်ပြည်သူတွေကိုတော့ ပိတ်ထားပြီး သူတို့သားတော် သမီးတော်တွေကိုတော့ အပန်းပြေစေဖို့
အဲဒိဘလော့ပေးဖတ်တယ်ဆိုပဲ.. သားတော်သမီးတော်တွေမှာ အဲဒိ ဘလော့မှ ပို့စ်များကြောင့် စိတ်လက်ကြည်လင်
လန်းဆန်းပြီး အမြဲတက်ကြွနေကြသဖြင့် သူတို့ဖခင်တွေကပါ အပန်းပြေစေဖို့ ဆေးကောင်းတစ်လက်လို မှီဝဲနေသော
ဘလော့ဖြစ်သည်တဲ့.. အဲဒါနဲ့ပဲ သားတော်သမီးတော်တွေနားမှာ အနီးကပ်ပေါင်းသင်းနေသူများမှာ
အသေအလဲတွေစုံစမ်းပြီးမှ နောက်ဆုံးသိရှိရသည်မှာ.. အဲဒိဘလော့သည် ၂၀၀၈ ခုနှစ် အောက်တိုဘာ ၃၀
ရက်နေ့မှာ.. မြန်မာဘလော့ဂါများ အရူးထပြီး စတင်ဖွဲ့စည်းခဲ့သည့် http://www.crazybloggergroup.blogspot.com
ရူးပေါဂိုဏ်း အမည်ရှိ ဘလော့ဖြစ်ကြောင်း သိလိုက်ရလေသတည်း .. .. (ဒန်တန့်တန်)

4 comments:

ဗီလိန် said...

အဟဟ နိုင်ငံရေးများရေးသလားလို့ ပြောမလို့ရှိသေးတယ်။ လက်စသတ်တော့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တာပဲ။ ဟဟဟဟ ရုပ်တည်ကြီးနဲ့ လုပ်စားသွားသဟ။ ရယ်ရတယ်။ ဗြဲ....

tututha said...

ဟာ စည်းရုံးရေးမှူးကြီးကလည်း မစ္စတာဘင်းတောင် ပညာလာလာယူရတယ် ဆိုတာ ထည့်ပေါဖို့ မေ့တွားတယ် ထင်တယ်။

ဖိုးဂျယ် said...

ဟာ ပေါချက်ကေတော့ သဘာငတိတို.တောင် လိုက်မမှီဘူး။ ပေါသာပေါသာ ပေါ အားပါးတရ ပေါသာပေါ လူတည်ဆိုရင် ဂရုမစိုက်နဲ.ပေါသာပေါ လူတည်လိုနေရင် သောက်မြင်ကပ်ခံရတယ် (ဂျေမီ ဆီမှ မှီငြမ်းသည်။) ပုံ/သဘာငတိ ဂျဲဂျယ်

NangNyi said...

နောက်ဆက်တွဲသတင်းကတော့ အဲ့ဘလော့က ဘလော့ဂါတွေကို နိုင်ငံတော်အဆင့်- အမြင့်ဆုံးဂုဏ်ထူးဘွဲ့ထူးတွေ ချီးမြှင့်ထားပေးတယ် ဆိုပဲ..