ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Saturday, November 22, 2008

လျှောက်လွှာလက်ခံခြင်း (၇)

အမြည်.............. ဗန်ပိုင်းယား (vampire) (ခ) ကေလာ (KillER) (ဂ) vampirekiller
အတက်.............သေခါနီး .. ဆန့်ငင် ဆန့်ငင်
အလုပ်..............လေလှိုင်းပေါ်တွင် ပေါခြင်း
နေရပ်လိပ်စာ...... အင်တာနက်
ဝါတဏှာ.......... လစ်ရင်လစ်သလိုပဲ .. အကုန်လုပ်လိုက်တာပဲ ..
ထင်ရှားသည့် အမှတ်အသား...... နဖူးအထက် ဆံပင်ရှိ
ဖုန်း........ ဟိုနေ့က ၇ ထပ်ကနေ မူးပီးလွတ်ကျတာ ပျက်သွားပီ
ပညာအရေအချင်း.......ကွက်လပ်ဖြည့်ရန် ကြိုးစားဆဲ
လျှောက်ထားရသည့် အကြောင်းအရင်း........ ပေါချင်တာလေ
ခန့်မှန်းလစာ............... ဘက်ဂျက်အားလုံး
လိုချင်သည့်နေရာ(ရာထူး)........ အသင်းဝင်ပဲ ဖြစ်ချင်တယ်.. အကုန်လုံးကို ကွန်ပလိန်းတက်ဖို့ ...
ကိုယ်ရေးရာဇ၀င်အကျဉ်း....... လူကတော့ ခပ်တည်တည်ပဲ . ရုတ်တရက်ကြည့်ရင် မထင်ရဘူး . . ပေါင်းကြည့်မှ တော်တော် ပေါမှန်းသိမှာ... ရီရင်းသေးထွက်တတ်သူ အပေါင်းအသင်းမလုပ်ရ

--
(^_^)

*သဘာပတိမှ ထောက်ခံသည်။ ကျန်ခေါင်းရှောင်များ မှာစားကျပါကုန်*

2 comments:

ဗန်ပိုင်းယား said...

ထောက်ခံတယ် .. အသားကုန် .. အားရပါးရ. .သေရော ကြေရော သောက်ကြိုးနဲ့ ထောက်ခံလိုက်ကြပါ .. လူဂျီးမင်း အပေါင်းတို့ ခင်ဗျား ..............

aung pyae said...

ထောက်ခံပါတယ် အားရပါးရထောက်ခံပါတယ် ပိုးစိုးပက်စက်ထောက်ခံပါ၏ ရွှီးဖျောင်းဖျောင်းဖျောင်း