ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Saturday, November 15, 2008

ယခုတစ်ပတ် နိုင်ငံခြားရေး သတင်းအစီအစဉ်

၁။ နိုင်ငံခြားရေးဝန်ကြီးရာထူးကို သဘောတူမတူ ကိုယ်သဘောနဲ့ကိုယ် ရာထူးရပြီးသော ကျတော်မှာ တာဝန်မလစ်ဟင်းစေရန် အမေရိကန်သမ္မတ အသစ်စက်စက် Obama နဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် သွားရောက်ကာ မြန်မာပြည်ထုတ် ၀ါကြည်ထောက်နဲ့ ငါးခြောက်ဖုတ်များအား လက်ဆောင်ပမာနားများ ပေးအပ်ခဲ့ကြောင်း

၂။ စီးပွားရေးအရ မြန်မာပြည်မှ နေပြည်တော်ဆောက် လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သော ၀ါးပိုးဝါးများနဲ့ ထနှီများအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖိုးမှာယူခဲ့ကြောင်း

၃။ မြန်မာပြည်တွင် စတော့ ဈေးကွက်ရှယ်ယာကိုလည်း မြန်မာပြည်မြောက်ပိုင်း တောင်တန်းဒေသတလျှောက်တွင် ၉.၇ billion ဖိုးအကှန်ကျခံကာ အဆင့်မြင့်မြင့် ဖွင့်လှစ်သွားမြည်ဖြစ်ကြောင်း

၎။ မိန်းခွန်းဟောပြောအပြီးတွင် မိုက်ကရိုဖုန်းများကို မေ့ရော်စွာ ယူဆောင်သွားလေ့ရှိသော ပြန်ကြားရေးဝန်ကြီး မောင်ချမ်းရဲ အတွက် မိုက်ကရိုဖုန်းအလုံး ၇.၅သန်းကျော်ကိုမှာယူရာတွင် လွန်စွာညံဖျင်းသော အမေရိကန်စာရေးမှာ နားကြားလွဲ၍ တန်ဆာအတုများဖြင့် မှားယွင်းစွာ စာချုပ်ချုပ်ဆိုမိသောကြောင့် ပြန်ကြားရေးဝန်ကြီး အမောင်ချမ်းရဲ သီးခံပြီးကုန်အောင် ယာရီသုံးထားသင့်ကြောင်း

၅။ ဟိုက်ထရိုဂျင် နဲ့ အောက်ဆီဂျင်ဓာတ်ငွေ့များစွာကို လစဉ် ၁၃ billion ဖိုးကျော်ကျော်မှာယူထားခဲ့ကြောင်း ၎င်းဓာတ်ငွေ့များကို ပိုက်လိုင်းများဖြင့်သယ်ယူ၍ မြန်မာပြည်တွင် ဆတူရော်စပ်ကာ သန့်ရှင်းစင်ကြယ်သော ရေသန့်များထုတ်လုပ်သွားမည်ဖြစ်ကြောင်း
၆။ ဆက်သွယ်ရေးကောင်းမွန်စေရန် မိုဘိုင်းဖုန်းများအတွက် အာကာသပေါ်လွတ်တင်ရန် ဂြိုလ်တု ၉လုံးဝယ်ရန်စာချုပ်ချုပ်ဆိုထားကြောင်း ၎င်းဂြိုလ်တုများကို ပြည်ပအားမကိုးဘဲ မြန်မာ့နည်းပညာ မိုးပျံဗူဘောင်းများဖြင့်သာ စမ်းသပ်ပြီး လွတ်တင်သွားမှာ ဖြစ်ကြောင်း

၇။ ကာကွယ်ရေး လေတပ်အတွက် စတားလုံးအသုံးပြုသော် မြားနဲ့မြားတံ ထုပ်လုပ်သော နည်းပညာများကို သင်ယူရန် ၅တန်းအောင်သော ညဏ်ရေထက်မြက်ပြီး အရပ်၈mm ရှည်သောသူများကို ရွေးချယ်ပြီး ပညာတော သင်လွတ်မည်ဖြစ်ကြောင်း

၈။ ကာကွယ်ရေး ကြည် တပ်အတွက် ညအခါရန်သူများအား ရှင်းလင်းစွာတွေ့နိုင်ရန် ဓာတ်မီးပါ ဦးထုပ်များဆောင်ပြီး စစ်တိုက်နိုင်ရန်ရည်ရွယ်ထားကြောင်း ၎င်းဦးထုပ်များရှိ ဓာတ်အားများ ကြာရှည်စွာအသုံးခံနိုင်ရန်အတွက် ကားဘက်ထရီအိုး တယောက်တစ်လုံးစီသပ်ဆောင်သွားနိုင်ရန် ဘက်ထရီအိုး များမှာယူလျှက် ရှိကြောင်း

၉။ အမေရိကန်နိုင်ငံမှ အရည်အသွေးမှီ ထုပ်လုပ်ထားသော ဂုန်လျှောများကိုလည်းမှာယူထားကြောင်း ၎င်းဂုန်လျှောများကို အင်းလေးရေလုပ်သားများ ငါးဖမ်းသောနည်းအတိုင်း ကျားပိုက်ကြီးများပြုလုပ်၍ ရေငုပ်သဘောများမ၀င်လာနိုင်စေရန် မြန်မာပြည်ရေပိုင်နက်များတွင် ချထားသွားမည်ဖြစ်ကြောင်း

နိုင်ငံခြားရေးဝန်ကြီးအဖွဲ့၏ ပြည်တော်ပြန်အမှတ်တရလေးများ

ဝန်ကြီးအဖွဲ့၏ Order များကိုလက်ခံပြီး မည်သိုအသုံးပြန်ရန်များကို မသိသောကြောင့် ကျတော်မှာရှင်းပြ ခဲ့ရသေးကြောင်း၊ ကျတော်၏အသုံးပြုရန်ရည်ရွယ်ချက်များကို လွန်စွာချီးမွမ်းပြီး လူပေါင်း ၇၅၀ ခန့်စီးနိုင်သောလေယာဉ်ကြီးဖြင့် Obama ကိုယ်တိုင်လိုက်လံပို့သကြောင်း၊ ၎င်းလေယာဉ်မှုးမှာ မျက်စိမမြင်ဘဲမည်သည့်နိုင်ငံကိုမဆို မောင်းနှင်နိင်ကြောင်းသိရ၍ ကျတော်ကိုယ်တိုင်အံအော်ခဲ့ရပါသည်။ ထိုလေယာဉ်မှုးမှာ ဘေးပြတင်းပေါက်မှ လက်ထုတ်ပြီး အနံခံကာ အချိုမှုန့်အနံရ၍ ဂျပန်နိုင်ငံဖြစ်ကြောင်း၊ ၀က်သားအနံရ၍ တရုတ်ပြည် ဖြစ်ကြောင်း၊ မဆလာအနံရ၍ အိန္ဒယနိုင်ငံရောက်နေပြီးဖြစ်ကြောင်း တစ်ခုမှမလွဲ တပ်အပ်ပြော ဆိုနိုင်ပါသောလည်း ဤတကြိမ်တွင် ဘာအနံမျှမရ၍ မည်သည့်နိုင်ငံရောက်နေကြောင်း မသိသောကြောင့် လာရောက်သတင်းပို့ ပါသည်။ နောက်တကြိမ်အနံခံကြည့် ရန်အကြံပေးလိုက်သောကြောင့် နောက်တကြိမ် ပြန်စမ်းကြည့်ရာတွင်လည်း မသိသောကြောင့် သူလက်အားပြန်စမ်းကြည့်ရာတွင် လက်ပတ်နာရီ နဲ့ လက်စွတ်မပါလာတော့ကြောင်းသိရ၍ မြန်မာပြည်သို့ရောက်ရှိနေကြောင်း သိရသည်။ ၎င်းလေယာဉ်ကြီးမှာ တုန်ခါမှုအားများလွန်းသောကြောင့် လေဆိပ်တွင် မဆင်းသက်နိုင်သောသိရ၍ ရှက်ရှက်နဲ့ လေထီးကိုယ်စီနဲ့ ပဲလွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဆင်းလာခဲ့ရကြောင်းသိရသည်။

နိုင်ငံခြားရေးဝန်ကြီး၏နောက်ကွယ်တွင်
ပြေခွင့်ဆိုခွင့်ရှိသူ
ဇင်မင်း

No comments: