ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, November 6, 2008

လျှောက်လွှာလက်ခံခြင်း (၆)

အမည် - မိုးသား (MBE) (MBE= ဘီအီးသောက်ရင် ပြန်အန်တာ)
အသက် - ၁၈ နှစ် (အမြဲတမ်း ၁၈ နှစ်)၊ (လွန်ခဲ့တဲ့ ၁၈ နှစ်ကလဲ ၁၈ နှစ်ပဲ)၊
(ဒီလိုပြောရတာတောင် ၁၈နှစ်ကိုတစ်ခါနှုန်းနဲ့ ၁၈ခါရှိပြီ...ငှီးငှီးငှီး)
ဝါသနာ (၁) - အတွဲချောင်းခြင်း (တော်တော်လေးကို ကျွမ်းကျွမ်းကျင်ကျင်)၊
ဝါသနာ (၂) - အဆင်မပြေဖြစ်နေသော စုံတွဲများကို အဆင်ပြေဆောင် အကျိုးဆောင်ပေးခြင်း၊ အဆင်ပြေနေသော စုံတွဲများကို မပြေအောင် သွေးထိုးကြားဝင် မြှောက်ပင့်ပေးခြင်း။
ထင်ရှားသည့် အမှတ်အသား - နှာခေါင်းအောက် ပါးစပ်ပေါက်ရှိ၊ ပါးစပ်အောက် မေးချိ ရှိ။
အိမ်ထောင်ရှိ/မရှိ - မရှိ၊ ထာဝရ လူပျို၊ (မယူခင်တုန်းက မရှိ၊ ယူပြီးသွားတော့ ထပ်ပြီး မရှိ၊ အမြဲတမ်းလိုလို မရှိ) (အချိန်မရွေး အစမ်းသတ်ခံနိုင်ပါသည်)
လက်ရှိ အလုပ်အကိုင် - အင်းယားကန်ဘောင်၊ ပြည်သူ့ရင်ပြင်၊ တိရစ္ဆာန်ရုံနှင့် ကန်တော်ကြီးပန်းခြံ များတွင် နေ့ညမပျက် လုံခြုံရေးတာဝန် ထမ်းဆောင်နေပါသည်။ (အတွဲချောင်းလို့ ကောင်းလို့ဗျို့)
လုပ်ငန်းအရည်အချင်း - စုံတွဲများမှာ မည်သို့ပင် ထီးဖြင့်ကာထားသည်ဖြစ်စေ၊ အမိအရချောင်းခြင်း၊ မည်မျှပင်ကောင်းသည့် ခြုံကို ရွေးချယ်ထားသည်ဖြစ်စေ မတွေ့တွေ့အောင်ရှာနိုင်ခြင်း။ ထိုစုံတွဲမှ အမျိုးသားမှာ မည်မျှပင် လက်မြန်သည်ဖြစ်စေ ထိုသူ၏ လှုပ်ရှားမှု အလုံးစုံကို မြင်အောင် ချောင်းနိုင်ခြင်း။
တစ်ခါတစ်ရံ ချောင်းကောင်းတုန်း ပုရွက်ဆိတ်များ၊ ပိုးကောင်များ ဒုက္ခကို သည်းခံအောင့်အီးနိုင်ခြင်း။
လုပ်သက် - ဟီးဟီး (တားတားက ၂ တန်းအောင်ထဲက အတွဲချောင်းတတ်တာ) ပထမဆုံး စချောင်းတာက အတန်းပိုင်ဆရာမနဲ့ 4 တန်းသင်တဲ့ ဆရာနဲ့ ရုံးခန်းထဲမှာ လူလစ်တုန်း ....ဟီးဟီး..)
ဖုန်; - 500005 (အဲဒါကို နှိပ်လိုက်) ... ( လူနာတင်ယာဉ်ပို့ပေးလိမ့်မယ်)
နေရပ်လိပ်စာ - ခေတ္တ ကန်တော်ကြီးပန်းခြံ၊
လျှောက်ထားသည့် ရာထူး - လိုချင်တာကတော့ ဘဏ္ဍာရေးမှုးလောက်ပါ.. ဒါပေမယ့် အသင်းသားချုပ် ခေါင်ခေါင်က သူ့လက်အောက်မှာ လုပ်ဖို့အကြံပေးလို့ လက်ထောက် အသင်းသားချုပ်ပဲ လျှောက်လိုက်ပါတယ်) (ခေါင်ခေါင်ကပြောတယ်..ဒီမှာ သူဆရာလုပ်လို့ရတာ မရှိလို့ပါတဲ့... သူလက်အောက်မှာပဲ လက်ထောက် အသင်းသားချုပ်လုပ်ပါတဲ့...ငှက်ကထကြီးတို့ ..နာယဂဂျီးတို့ ...အတွင်းရေးမှူးဂျီး တို့ရဲ့ ခြေလှမ်းတွေ မဒမ်တွေအကြောင်း လက်တို့ပါ့မယ်ဆိုလို့ပါ) (သူလဲ ချောင်းတာ ၀ါသနာပါပုံပဲ)

ခန့်မှန်းလစာ - ပေါင် သန်း (၅၀) (မများပါဘူးနော်)
(၁၀) သန်းက သဘာပတိဂျီးဖို့
(၁၀) သန်းက ငှက်ကထဂျီးဖို့
(၅) သန်းက နာယကကြီးဖို့
စည်းရှုံးရေးအမှုဆောင်ရယ်၊ အတွင်းရေးမူးတွေရယ်၊ အသင်းသားချုပ်ကြီးရယ်ဖို့က
(၃) သန်းစီ ကန်တော့မှာပါ။
ကျန်တာကိုပဲ ယူမှာပါနော်..
ထောက်ခံပေးကြပါနော်....အနော်လဲ ဘယ်သူပြောပြော ခေါင်းညိမ့်မှာပါ။
==============================================================
အရည်အချင်းမှာ အံ့သြလောက်ဖွယ်ပင် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဤသို့သော ပါရမီရှင်မျိုးမပေါ်စဖုး... ထို့ကြောင့် ကမ္ဘာအတော်ဆုံး လူများသာရှိသည့် ငပေါဂိုဏ်း၏ အတင်းထောက်အဖြစ် ခန့်အပ်လိုက်သည်... ရာထူး ဝတ္တရားများမှာ...
၁. ငပေါသတင်းများကို အခါအားလျော်စွာထုတ်ပြန်ရန်။
၂. ရန်ကုန်မြို့ ပန်းခြံများရှိ အတွဲစားရင်းကို ပြုစုထားရန်။
၃. ပြိုင်ဖက် အသင်းများ၏ ပေါက်ကရလေးဆယ် အတင်းများကို ဖွရန်။
၎. ငပေါဂိုဏ်း၏ ကောင်းကြောင်းသတင်းများကို ထုတ်ပြန်ပေးရန်။
ငှက္ကဌ၏ မှာစားချက်ပြီးပါပြီ...
ကျန်ခေါင်းချုပ်များအနေနှင့် လိုအပ်သလိုမှာစားရန်....

ပုံ
ငှက္ကဌ

7 comments:

ဖိုးဂျယ် said...

ထောက်ခံပါတယ် ထောက်ခံပါတယ် ၁၀ သန်းမျက်နှာကြောင့်မဟုတ်ပါ။ အရည်းအချင်းရှိသော လူငယ်လေးအား မြေတောင်မြှောက်ပေးချင်သော ဆန္ဒကြောင့်ပါ။ (လကုန်ရင် ဘဏ်ထဲမှာ ပိုက်ဆံမြင်ချင်တယ်) ပုံ/ သဘာငတိ ဂျဲဂျယ်

aung pyae said...

သိပ်တော့်ထောက်ခံချင်ဘူး အနော့်ကိုကျတော့တစ်ပြားမှပေးဘူး
ဒါပေမဲ့သဘာငတိဂျီး ချီကပဲ GSM တောင်းတော့မယ် ထောက်ခံပါတယ်ဗျို့ ထောက်ခံပါတယ် ကဲ GSM ဟီး

ခေါင်ခေါင် said...

ကျေးဇူးရှင်.. ကျူပ်မျက်နှာနဲ့ သဘာပတိဂျီးတို့ ကထောက်ခံတာနော်....
ရသွားတဲ့ ရာထူးက နည်းနည်းနောနော မဟုတ်ဘူး... တိုးတိုး တိတ် တိတ် သဘောတူညီထားတဲ့ အတိုင်း ..
ပေးစရာရှိတာတွေ အမြန်ဆုံး အကောင်အထည်ဖော်ပါ။

Anonymous said...

နာလဲ သဘောတူတယ်..ဝေ့..
ပြည်လမ်းခြောက်မိုင်ခွဲမှာ မြေကွက်လေးတကွက်လောက်ပဲ ပေးနှော် ဟီးဟီး

Anonymous said...

100'X100' နော်..ဟွန်း...

Anonymous said...

တူတို.တွေက ဂလိုပြောရင် ဂလိုနေရာရောက်ရင် ဂလို စပ်ပို.လုပ်ရတယ်လို.ပြောလို. စပ်ပို.လုပ်ပါတယ်။
စပို.မလုပ်လည်းရ-လုပ်လည်းရ ခေတ်ကြိးဆိုပေမယ်.ကားပါမစ်လေးဖွင်.ပေးမယ်ဆိုပါက အပီအပြင် အသားကုန် ပိုးစိုးပက်စက် စပ်ပို.လုပ်ကြောင်းပါ.
ကေလာမမ

Anonymous said...

ပေါတတ် ဖို့ဆိုတာများလို့
များလို့ဆိုတာမနည်းလို့
နည်းနည်းနောနောအရည်အချင်းမဟုတ် သင် သည်သာပါရမီရှင်ဖြစ်ပေ
တော့သည်