ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Sunday, November 30, 2008

ဂိုဏ်းကြီး၏ နှစ်၁၀၀ပြည့်နေ့

ဂိုဏ်းကြီးနှစ်ပတ်လည်နေ့
အရူးတစ်ယောက်အရည်အချင်းများအကြောင်း နိုင်ငံခြားရေးဝန်ကြီးမှ ပြောကြား
အရူးများဟာ ကိုယ်ကိုကိုယ် အရူးတစ်ယောက်လို့ ဘယ်တော့မှ မသတ်မှတ်ထားပါဘူး။ လူကောင်းတွေလိုလည်း အရူးအချင်းချင်း အတင်းမပြောတတ်ဘူး ကိုယ်ပြောချင်ရာကို ကိုယ်ဘာသာ တစ်ယောက်တည်း ပြောရင်ပြောနေမယ် သူများကြောင်းကိုတော့ တခြားသူတွေလို တင်းမပြောဘူး။ စိတ်ထဲရှိတဲ့အတိုင်းပဲပြောတယ် လူကောင်းတွေလို ကပ်ဖားပြီးမပြောတတ်ဘူး မြှောက်ပင့်ပြီးလဲ မပြောဆိုတတ်သလို အရူးအချင်းချင်း နှိမ့်ချပြီးလဲ မပြောဆိုတတ်ပါဘူး။ တစ်ဦးပေါ်တစ်ဦး မနာလိုတတ်တာတို့ သ၀န်တိုတတ်တာတို့ သူတပါးဒုက္ခရောက်အောင် ချောက်ချတာတို့ အရူးတို့ ဘ၀မှာ လုံးဝမရှိပါဘူး ခင်ဗျာ။ လမ်းမှာတွေ့ရင်တောင် ဟန်ဆောင်ပန်ဆောင် စိတ်ထဲကမပါဘဲ စားပြီးပြီးလားလို့ ဘယ်ကပြန်လာတာလဲလို့ ဘယ်သွားကြမလို့လဲ ဘာဘာညာညာ လောကွပ်စကား တွေလဲပြောဆို မနေတတ်ကြပါဘူး။ မနှိုင်းကောင်းနှိုင်းကောင်း စင်ကာပူနိုင်ငံသားတွေလိုလို၊ ဥရောပတိုင်းသားတွေလိုလိုပုံစံမျိုး ကိုယ့်အထာလေးနဲ့ကိုယ် ရူးနေကြတာလေ တစ်ယောက်နဲ့တစ်ယောက် အဖက်လုပ်ပြီးလဲ မပြောတတ်ဘူး။ လူကောင်းတွေ တော်တော်များများကတော့ အရူးတွေဆီက အတုခိုးကြတာပဲ ကြားဘူးပါတယ် အရူးတွေကတော့ ဘယ်သူဆီကမှ အတုခိုးပြီး မလုပ်တတ်ကြပါဘူး ကိုယ်စတိုင်နဲ့ကိုယ် ရူးကြတာပဲ များတယ်ဗျာ့။ လူကောင်းတွေ ဘာတွေအတုခိုးကြသလဲ ခင်ဗျားတို့သိကြမှာပါ့ ဥပမာ လူကောင်းတွေတယောက်တည်း ရှိနေချိန်ဆိုရင် စပြီးရူးကြတော့တာပဲ ကိုယ်ကိုကိုယ် အဆိုတော်လိုလို သရုပ်ဆောင်လိုလို ရှေးရှေးတုန်းက ရှင်ဘုရင်ကြီးတွေလိုလို စိတ်ကူးတွေယှဉ်ပြီး ပြုံးလိုက်ကြ ရယ်လိုက်ကြ မှန်ရှေ့ ရောက်ရင်လည်း ကိုယ်ကိုကိုယ် ကြည့်လိုက် ကလိုက် ပုံစံအမျိုးမျိုးလုပ်ပြီး အရူးလေ့ကျင့်ခန်းဆင်းနေကြတာလေ။ အဲဒီလူတွေ လူအများရှေ့ရောက်ရင်တော့ အိနြေ္ဒကြီးတခွဲသားနဲ့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး စတိုင်လေးနဲ့ သိပ်ဟန်ဆောင်ကောင်းတဲ့ လူကောင်းတွေလေ။ အရူးတွေကတော့ သူတို့လို ဟန်မဆောင်တတ်ပါဘူး ဘုရင်ဖြစ်ချင်လားရတယ် ယပ်တောင်တစ်ချောင်း ခေါင်းထိုး တပလင်ခွေလေး ထိုင်လိုက်ယုံနဲ့တင် ဘုရင်ကြီးဖြစ်သွားတော့တာပဲ ဘယ်သူမှဂရုစိုက် နေစရာမလိုဘူး စိတ်ထဲရှိတဲ့အတိုင်း ကိုယ်ဖြစ်ချင်ရာကို ချက်ချင်းဖြစ်လို့ရတဲ့ ဘ၀မျိုး အဆိုတော်ဖြစ်ချင်သေးလား သရုပ်ဆောင်ဖြစ်သေးချင်လား ရတယ် ခုချက်ချင်းရေကူးချင်သေးလား မြေကြီးလေးပေါ် မှောက်ပြီးလက်ကလေးနှစ်ဖက် ယှက်လိုက်ပြီး ရေကူးလိုက်ရုံပဲ ဘယ်မှသွားနေစရာမလိုဘူး။ လူကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ သိပ်လွယ်တယ် စကားပြောရင် ချိုချိုသာသာလေးပြော အရက်မသောက် ဖဲမရိုက်နဲ့ မိန်းမမရှုပ်နဲ့ မိဘစကားနားထောင် အလိုက်အထိုက်လေး လိုက်ပြောပေးလိုက်တာနဲ့ လူကောင်းဖြစ်သွားတာပဲ ဘာမှမခက်ဘူး။ အရူးတစ်ယောက် ဖြစ်ဖို့ကတော့တယ်ပြီး မလွယ်ဘူး လေ့ကျင့်တိုင်းလဲ မအောင်မြင်ဘူး ကြိုးစားတိုင်းလဲ မဖြစ်လာဘူး။ အဲဒီလူတွေ ဘာဖြစ်သွားကြသလဲသိလား ကျပ်မပြည့်တာတို့ စိတ်မနှံတာတို့ ဂေါက်နေတာတို့ ရူးနှမ်းနှမ်းတို့ ဖြစ်သွားရော။ ဒီလူတွေကို အရူးအဆင့်မရှိလို့ ရူးနှမ်းနှမ်းလို့တောင် ခေါ်ဖို့မထိုက်တန်ပါဘူး အနှမ်းလို့ဘဲခေါ်ဖို့ ကောင်းတယ် အနှမ်းတို့ ကြောင်တောင်တောင်တို့ ပဲဖြစ်သွားကြရတယ် ကြောင်တောင်တောင် ဆိုတာတောင် အမျိုးအစားများကြီးရှိသေးတယ် မယားကြောင်၊ အရက်ကြောင်၊ ဆေးကြောင်၊ ငွေကြောင်တို့ စသည်ဖြင့်ပေါ့လေ အရူးအဆင့်မှီဖို့ အသည်းအသန်ကြိုးစားကြတာပါပဲ။ ဒါပေမဲ့  ဒီအဆင့်လောက်ပဲ ရောက်ကြတယ်လေ။ အဲဒီတော့ ကျတော်အဓိက ပြောချင်တာကတော့ ဂိုဏ်းကြီးနှစ်၁၀၀ပြည့်မှာ အားလုံးကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ် လေ့ကျင့်တဲ့သူတွေကိုလည်း ကူညီကြပါ ဖေးမကြပါလို့ ပြောကြားပါရင်း နိဂုံးချုပ်ပါသည်။

# သဘာပတိမှ လိုအပ်သည်များကို ပြုပြင် မှာစား သွားသည်။ ဆောင်းပါးဖတ်လို့ ပြီးသည့်အထိ အိပ်ငိုက်သွားသည်။ နံငန်ခြားရေးတင်ပြသလို လိုအပ်သူများအား ကူညီဆောင်ရွက်ပေးသင့်ကောင်း ထောက်ခံလိုက်သည်။ ဂိုဏ်းကြီးနှစ်ပေါင်း ထောင်သောင်း အဓွန့်ရှည်စေသောဝ် #

5 comments:

aung pyae said...

ထောက်ခံပါတယ် ထောက်ခံပါတယ် အပီအပြင်ထောက်ခံ ပါတယ် ဟိဟိဆိုပြီး ထောက်ခံပါတယ်

ဗန်ပိုင်းယား said...

ဟုတ်ပါတယ်. ခင်ဗျာ . .မှန်ပါတယ် ခင်ဗျာ .. . အသားကုန် ဟုတ်ပါတယ်. ခင်ဗျာ. . တော်တော့်လေးကို ဟုတ်ပါတယ် .ဗျာ....

Yaminnie’s Daydream said...

ထောက်လဲထောက်ခံပါတယ်... ဆောင့်လဲ ဆောင့်ကန်ချင်ပါတယ်... လောလောဆယ်တော့ ဘောကန်ပြီးပြန်လာတာ... မောနေလို့ အိပ်လိုက်ဦးမယ်... ခလူခလူး... zzzzzzz.....

tututha said...

ရီဆာ့ခ်ျအသေအချာလုပ်ပြီး ရေးထားတဲ့ ဆောင်းပါးကောင်းတပုဒ်ပေပဲ။ ကောင်းလှောင့်တေး ကောင်းလှောင့်တေး . .. ငပေါများဂေဟာ အဓွန့်ရည်ကြာပါစေ။

Unknown said...

ထောက်ခံသူတွေအားလုံးကို လက်ခံပါတယ်