ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Monday, November 3, 2008

ကောလဟာလ ဖြေရှင်းချက် ကို ပြန်လည်ဖြေရှင်းခြင်း

ပြန်ကြားရေးဝန်ကြီးခန်.အပ်သော အမောင်ချမ်းရဲမှာ မူးပြီး ပြောချင်ရာတွေ ပြောသောကြောင့် ကောလဟာလမှာ ထပ်ဆင့်ကောလဟာလဖြစ်သွားပါသည်။ ဤသတင်းမှာ မမှန်ကန်သော သတင်းသာဖြစ်ကြောင်း သဘာငတိမှာ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေသောကြောင့် ဂေလမ်းတွင် သွားရောက် ဥနေကြောင်း ဂေလမ်းရှိ သူ.ငယ်ချင်းအိမ်မှာပါ။ အတည်Bloggerများ ဖြန်.သော ကောလဟာလမျှသာဖြစ်ကြောင်း အမြင့်ရောက်လျှင် ဤကဲ့သို. လေတိုက်ခံရတတ်ကြောင်း သို.သော် စိတ်ရှုပ်စရာ အနည်းငယ်ရှိနေပြီး၊ မဒမ်လောင်းလေးအား လွမ်းဆွတ်သတိတရရှိနေသောကြောင့် လွမ်းနာကျပြီး၊ စိတ်ထောင်းကိုယ်ကြေဖြစ်နေ၍ အရင်လောက် ရုပ်သိပ်မချောတော့ခြင်းကို ၀မ်းသာအားရ ဖြစ်ကာ မကောင်းသတင်း ၀ါဒဖြန်.ခြင်းမျှသာဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲကို နေမကောင်းသည့်ကြားမှ အများသူငှာ မြင်စေချင်သော ဆန္ဒနှင့် မကြာခင်ပြုလုပ်မည်ဖြစ်ကြောင်း သဘာပတိ၏ ပြောရေးဆိုခွင့်ရှိသူ ကိုရီးယားမင်းသား Bay Htal Yong (ခ) မောင်ဂျဲဂျယ် မှ ပြောကြားလိုက်သည်။

3 comments:

chanye` said...

ဘာပဲဖြစ်ဖြစ် အလှူငွေ ၅ သိန်းဆီကောက်ခံပြီးဖြစ်လို့ ပြန်ပေးဖို့မလွယ်တော့ပါဘူးခင်ဗျာ ။ ကျွန်တော်ကိုယ်တိုင် လေကုန်ခံ၍ပြောကြားသော ရှင်းလင်းပွဲမှ ငွေဖြစ်သောကြောင့် စုစုပေါင်း ရရှိငွေရဲ့ ၅ ရာခိုင်နှုန်းကို ရူးပေါဂိုဏ်းလောင်းကစားရန်ပုံငွေအတွက် ဖယ်ချန်ထားပြီး ကျန်ငွေများကို ကိုယ်ကျိုးအတွက်အသုံးပြုပြီးဖြစ်သည်။ ကြိုးစားအားထုတ်မှုအတွက် ဆုတော်ငွေပေးသနားတော်မူပါ

crazybloggergroup said...

ဟုတ်ကဲ့ ခုလိုရှင်းပေးလိုက်တဲ့အတွက် အားလုံးသေစေချင်နေတဲ့ သဘာငတိ မသေသေးလို့ စိတ်မကောင်းဖြစ်နေရရှာပါတယ်။

ဖိုးဂျယ် said...

ဟေ့ ဘူလဲကွ နာမည်ထည့်ရေးလေ ဟိုလူလိုလို ဒီလူလိုလို မလုပ်နဲ. တားတားက အခုမှငယ်ငယ်လေးပဲရှိသေးတယ်။ မိန်းမတောင်ရတေးဘူးဂျ။ ဟင့် ဟင့် တားတား နိုလိုက်မှာနော်