ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Wednesday, November 5, 2008

လျှောက်လွှာလက်ခံခြင်း (၄)

အမည် - ငါးနိုင်ငံပြန် ခင်ခင်အလန် (တိုင်ပတ်ရင်း သွားဖြစ်သည့် နိုင်ငံများကို ကိုယ်စားပြုသည် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ တရုတ်၊ ထိုင်း)
အသက် -၁၆နှစ် (မွေးစာရင်းပါ အတိုင်း မှန်ကန်ကြောင်း ဂျမမ်ခနာဆေးရုံမှ ထောက်ခံစာပါရှိ)
ဝါသနာ - မွေးမြူရေး (ကြက်မွေး ၀က်မွေး ကြောင်မွေး ခွေးမွေး)
ထင်ရှားသည့် အမှတ်အသား - နောက်စေ့ရှိ (ဦးခေါင်းနောက်ဘက်တွင် ထင်ရှားစွာ မြင်နိုင်)
အိမ်ထောင်ရှိမရှိ - ပြန်ပြောပြဖို့  တော်တော်ခက်လိမ့်မယ် (မိဘမဲ့ကလေးများဂေဟာများ အနီးခြေမချရဲ)
လက်ရှိ အလုပ်အကိုင် - ရန်တိုက်ပေးနေသည် (ဝေသာလီပုဏ္ဏားများ လေလိုင်းပေါ်က လူသတ်သမားဘွဲ့ အမည်ခံ)
လုပ်ငန်းအရည်အချင်း - ချက်(chat)ခြင်း၊ ချက်(check)ခြင်း နှင့် ချက်(cook)ခြင်းကို တပြိုင်တည်း လုပ်နိုင်သည်။
လုပ်သက် - (ဘာကြီးတုန်း) အော် အလုပ်တစ်ခုချင်းစီအတွက် လုပ်သက်ကို နောက်မှ သဘာပတိထံ သီးသန့် တင်ပြမည်
ဖုန်း - သရဲဖုန်း ကိုင်ထားသည် (တီးလုံး သံခံနိုင်မှ ဆက်ရန်)
နေရပ်လိပ်စာ - ယိုးဒယားကို ရွှေမြန်မာတို့  ၀ါးရင်းတုတ်နှင့် တက်သိမ်းခဲ့သောနေရာနှင့် မနီးမဝေး
လျှောက်ထားသည့် ရာထူး - မွေးမြူရေးနှင့် ရေလုပ်ငန်း (သဘာပတိကြိုက်သော ငါးမြွေထိုး၊ ငါးဖောင်ရိုး၊ ငါးပူတင်း၊ ငါးပြေမ၊ ငါးခုံးမ၊ ငါးဘတ်၊ ငါးမွှေ၊ ငါးဂျီးခြောက် အထူးမွေးမြူနည်း ဖော်မြူလာရှိ)
ခန့်မှန်းလစာ - ဆစ် ဘီလံယံ ဒေါ်လာမန်း

PS- ၀န်ကြီးနေရာနှင့် ပီအေနေရာ ပူးတွဲလျောက်ထားခြင်း ဖြစ် အဆိုပါဝန်ကြီးဌာနအတွင်း ၀န်ကြီး အမျိုးအဆွေ မိသားစု ဘော်ဒါ ဘော်ချွတ်များကို သာ ၀န်ကြီးသဘောကျ ခန့်အပ်ခွင့်ရှိကြောင်း သဘာပတိ ဘုတ်အဖွဲ့ မှ ဘွန်းထိုးပေးရမည်။

မှတ်ချက်- သဘာပတိမှ ထောက်ခံချက်ပေးလိုက်ပါသည်။
ဓာတ်ပုံကတော့ အရမ်းအရမ်းကို လန်းပြီးလူတကာမြင်ရင် မေ့လဲသွားမှာ စိုးသောကြောင့် မဖော်ပြတော့ပါ

No comments: