ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Wednesday, November 5, 2008

ကမ္ဘာကျော် ငပေါများဂေဟာ ငှက်ကထကြီးနှင့် အင်တာဗျူး

ကျွန်ုပ်တို့၏ ငှက်ကထကြီးမှာ ဘန်ကီမွန်းနှင့်မခြား အလုပ်များသူများ ဖြစ်သော်လည်း ငပေါများဂေဟာ စည်ပင်ဝပြောရေးအတွက် အစဉ် အမြဲ အလေးထား စဉ်းစားနေသူ ဖြစ်ပေသည် (ငှက်ကထ ငါနင့်ကောင်းကြောင်းရေးပေးတယ်နော် ဝမ်းတေဘယ် ဝမ်းတေဘယ်)။ ယခုအခါတွင် အလွန်နာမည်ကြော်ကြားနေပြီဖြစ်သော ကျွန်ုပ်တို့၏ ငပေါများဂေဟာအကြောင်းကို သိချင်လှသော မီဒီယာများကား ထန်းလျှက်ကို ပုရွက်ကောင် အုံသကဲ့သို့ ရွစိတက်ကာ ကျွန်ုတို့ ငှက်ကထကြီးအား ဗျူးချင်ဇော ကြီးနေလေသည်။ ကျွန်ုပ် နာယကကြီးက ဂိုဏ်းကြီး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းသောအားဖြင့် လာဗျူးတိုင်းမဖြေရန် ငှက်ကထကြီးကို မှာကြားထားရလေ၏။ ထိုအချိန်တွင် အမေရိကန်သမ္မတလောင်းများကို အင်တာဗျူးရင်း မအားလပ်သည့်ကြားမှာ လာဗျူးသူ အေဘီစီ သတင်းဌာနမှ အလွန်ချောမော လှပသည့် သတင်းထောက်တယောက်၏ မေးခွန်းများကို စိစစ်ပြီးသကာလ ဤကမ္ဘာကျော်မည့် အင်တာဗျူးတခု ဖြစ်ပေါ်လာရ တော့သည်။ (တကယ်က ကိုယ့်ကိုယ်ကိုယ် တော်ကြောင်းပြောချင်လို့ မြန်မာပြည်က မော်ဒယ်လေးတွေ ပိုက်ဆံပေး အဗျူးခံသလို အချင်းချင်းမေး အချင်းချင်းဖြေကြတာ။ ငှက်ကထ နင်ဘယ်သူ့မှ မပြောနဲ့နော်)

မေး။ ။ ငှက်ကထကြီးရှင့် ကျမက အေဘီစီစတောက် အို မှားသွားလို့ ဆောရီးပါရှင့် အေဘီစီ မီဒီယာကပါ။ ငှက်ကထကြီးကို အိပ်သာလေးဗျူးချင်လို့ပါ။
ဖြေ။ ။ ဟုတ်ကဲ့ဗျူးပါ ဒါပေမယ့် လောလောဆယ် အိမ်သာက လမ်းချဲ့တဲ့ အထဲပါသွားလို့ ချုံပုတ်ပဲရှိပါတယ်။

မေး။ ။ သြော် ဒါဆိုငှက်ကထကြီးက တောထိုင်တာပေါ့နော်။
ဖြေ။ ။ ဟုတ်ကဲ့ပေါ့နော် လောလောဆယ်တော့ တောထိုင်ရုံပဲ ပေါ့နော် ဟုတ်ကဲ့။

မေး။ ။ ဒါနဲ့ငှက်ကထကြီးရယ် ... ငှက်ကထကြီးတို့ ငပေါဂေဟာမှာ ဘယ်သူအတော်ဆုံးလဲ သိပါရစေ။
ဖြေ။ ။ဘယ်သူရှိရမလဲဗျာ ငှက်ကထ ကျွန်ပ် ကျွန်ပ် ငှက်ကထပေါ့ ကမ္ဘာ့အတော်ဆုံး ငှက်ကထဆိုတာ ကျုပ်ပေါ့ ဟဲဟဲ။

(ဟေ့ငှက်ကထ ဒါနင်နဲ့ငါရဲ့ လံကြုတ်အင်တာဗျူးလေ .. နာယက လည်းတော်တယ်ထဲ့ပြော .. မပြောရင် ငါဆက်မမေးဘူး ...ဤကား ဗျူးချက်)
ဖြေ။ ။သြော် ရှိသေးတယ် ခင်ဗျ

မေး။ ။ ဟုတ်ကဲ့ လုပ်ပါဦး
ဖြေ။ ။ နာယကအမကြီးလဲ တော်တော်ကြီးတော်တော်ကို တော်တီးတီးတော်ပါတယ်ခဗျ သူလဲ အတော်ဆုံးလို့ဆိုရမှာပါပဲ

မေး။ ။ ဟုတ်မယ် ဟုတ်မယ်။ ကျမလည်း အဲဒါတော့ ကြားမိတယ်ရှင့်။ ဒါနဲ့ ငှက်ကထတယောက်အနေနဲ့ ငပေါဂေဟာအတွက် ဘာတွေများ ဆောင်ရွက်ထားပါသလဲ။
ဖြေ။ ။ ကျွန်တော့် အနေနဲ့ကတော့ ငှက္ကဌပီပီပေါ့နော် ပေါထုကို ကျောသားရင်သားမခွဲခြားပဲ လူတိုင်း တန်းတူတပြေးညီ
ဒီမိုဂျလေဘီစနစ်ကို ကျနော်ကိုယ်တိုင် တည်ဆောက်အကောင်အထည်ဖော်ပြီးတော့ကာ။

မေး။ ။ ဟုတ်ကဲ့ ငှက်ကထကြီး တော်တော်ကို လုပ်ထားတာပဲကိုး
ဖြေ။ ။ တသက်လုံး ကျွန်တော်ကပဲ အုပ်ချုပ်သွားဖို့စီစဉ်ထားပါတယ်
(ဟေ့ လေသိပ်ရှည်မနေနဲ့ ကွန်နက်ရှင်ဂိုးသွားရင် ဒွတ်ခရောက်သွားမယ်။ နင်နဲ့ငါ တော်ကြောင်းတွေ အမွှန်းဆက်တင်ရဦးမယ်လေ)

မေး။ ။ သြော် ငှက်ကထကြီးက အရမ်းအရမ်းကို အနစ်နာခံတာပဲနော်
ဖြေ။ ။ (မဂိုးပါဘူး ဆက်ဆက်) ဟုတ်ကဲ့

မေး။ ။ ဒါနဲ့ ငှက်ကထကြီး ငပေါလေကထဲ ဘယ်လိုဝင်လာသလဲ ဆိုတာလေး ပြောပါဦး။ ဒီခေတ်ကြီးထဲမှာ အစစအရာရာ ရှားနေတာဆိုတော့လေ ငှက်ကထကြီးက ပေါတယ် ဆိုတော့ပေါ့နော်
ဖြေ။ ။ ရှားနေကြတာကို ပေါအောင်လုပ်ချင်လို့ပါ ကျနော်လည်း အရင်ကရှားတယ်လေ ဒီလိုပဲပေါ့နော်

မေး။ ။ သြော် ဟုတ်လား။ ရှင်းပါတယ်ရှင့်။
ဖြေ။ ။ အားလုံးပေါဖို့က ကျနော်အရင်ပေါမှဖြစ်မှာလေ အဲဒါကြောင့် ဝင်ဖြစ်တာပါ ဟုတ်ကဲ့။

မေး။ ။ ငှက်ကထက ငပေါ ဂေဟာရဲ့ ပိုင်အိုးနီးယားကြီးပေါ့။
ဖြေ။ ။ ဒီလိုလဲပြောလို့ရပါတယ်

(ဟေ့ ငါ့အကြောင်းလည်း ဆိုင်ဆိုင်မဆိုင်ဆိုင်ထည့်ပေါ .. အဲလေ ထည့်ပြောဦး။ လက်ဖက်ရည်တိုက်မယ်)
ဖြေ။ ။ နာယကအမကြီးလဲပါပါတယ်

မေး။ ။ သြော်သူက ဘယ်လိုပါလဲပေါ့နော်
ဖြေ။ ။ သူ့ကြောင့်လဲဝင်ဖြစ်တာပေါ့နော် သူကလည်း တော်တော်တီးတော်တော်ကို ပေါတယ်ဆိုတော့ကာ သူနဲ့ပေါင်းရင် ကျနော်လည်း ပေါမှာပဲဆိုပြီး အားလုံးကို ပေါစေချင်တဲ့စေတနာမှန်ပါ။

မေး။ ။ အရမ်းတော်တာပဲနော်။ တကယ်တကယ်ပါ။ မီးတော့လေးစားပြီးရင်းလေးစားလာပြီသိလား။
ဖြေ။ ။ တော်တာပေါ့ အရမ်းတော်တာ နာယကရော ကျနော်ရော အရမ်းတော်တာပဲ ကမ္ဘာ့အတော်ဆုံးတွေပဲဟာပဲဟာကို။

မေး။ ။ ဒါနဲ့ ငပေါအဖွဲ့ဝင်တွေကို ဘယ်လိုအင်္ဂါရပ်တွေနဲ့ အညီ ရွေးပါသလဲရှင့်။
ဖြေ။ ။ ငှိငှိငှိ ဒါကတော့ အဓိကကတော့ ပေါရမယ်ပေါ့နော်။ ပေါနိုင်သလောက်သာပေါ။ ပေါနိုင်လေ ကောင်းလေ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျင့်သုံးပြီး ရွေးချယ်ပါတယ်။

မေး။ ။ မှတ်သားလောက်ပါတယ်ရှင့်။ ဒါနဲ့ ငှက်ကထကြီးဝတ်ထားတဲ့ စိန်လက်စွပ်ကြီးက အရမ်းလှတာပဲ။ အစစ်လားဟင်။
ဖြေ။ ။ (မျက်နှာတင်းလျက်) အစစ်ပေါ့ဗျ ဒါကျနော် ဟိုဒင်းလေ ကျနော့်လခလေးနဲ့ စုပြီး ဝယ်ထားတာ

မေး။ ။ ဟယ်ဒါဆိုငှက်ကထကြီးက လစာ အရမ်းကောင်းမှာပဲပေါ့။
ဖြေ။ ။ ဘဝကုသိုလ်ပေါ့ မကောင်းပါဘူးဗျာ။ ကျနော်က အနစ်နာခံပြီး တလဆယ်သိန်းပဲယူပါတယ်။ ဟို အမေရိကန်သမ္မတဆိုတဲ့ အကောင်က ဒေါ်လာ ဘယ်နှစ်သောင်းဆိုလား သူ့ထက်နည်းပါတယ် ဂိုဏ်းအကျိုးအတွက်ပါ နာယကကြီးဆို ကျနော့်ထက် နည်းပါတယ်။

မေး။ ။ လေးစားတယ်။ အရမ်းကို လေးစားသွားပြီ။ ငှက်ကထကြီးရဲ့ မွေးနေ့မှာဘာလုပ်ဖို့ အစီအစဉ်ရှိပါသလဲ
ဖြေ။ ။ ကျနော်က သိပ်စီစဉ်ထားတာတော့မရှိပါဘူး ဒီလိုပေါ့နော်။ ကျနော့်မွေးနေ့ကို ဖြစ်သလို စင်ကာပူမှာ သွားလုပ်ပါမယ်။ စင်ကာပူမှာရောက်နေတဲ့ တွင်း ၂ ကို မှာထားပြီးပါပြီ။ ကိတ်မုန့်လှီးဖို့ကတော့ သူကိုကျနော်က မနည်းတားရတယ်။ တွင်း ၂ ရေ ပိုက်ဆံ ကုန်ပါတယ်ကွာ။ အွန်စောလောက်ပဲ တော်ပါပြီ ဆိုတာမရဘူး။ သူက အိန္ဒြာကျော်ဇင်ပါ ခေါ်မယ်တဲ့။ လေယာဉ်စီးလုံး ငှားတော့ အဲဇလုံတော့ မလုပ်ပါနဲ့ပြောရတယ်။ သံစည်ပိုင်းတွေ ထုပြီး လုပ်ထားတာဆိုတော့ ကျနော်က ကြောက်တယ်လေ။ အဲဒါနဲ့ အမေရိကားက မှာမယ်ပြောတာပဲ။ သိပ်ကြီးကြီးကျယ်ကျယ်တော့ မလုပ်တော့ပါဘူး ဟုတ်ကဲ့။ ဖိတ်စာတစောင်ကို အပေါဆုံး ဒေါ်လာ ၁၀၀ တန် လုပ်ထားတယ်လေ။ အဟင်း ကျနော်က ပကာသနတွေ ကြိုက်တာမဟုတ်ဘူး။ လာတဲ့ သူတွေကိုလဲ ပါမစ်လက်မှတ်လေးတွေ
ပြန်လည်ဝေငှပါ့မယ်။ မြန်မာပြည်က လာမယ့်သူတွေအတွက်ကတော့ ဆစ်ခ်အဲ ကိုလေယာဉ်စင်းလုံးမှာပေးထားတယ်။

မေး။ ။ ဟုတ်ကဲ့ ခုလိုသိရတာ ဝမ်းသာပါတယ်။ ကျမလည်း သတင်းလာယူမယ်နော်။ ပါမစ်ပြန်ပေးရမယ်နော်။
ဖြေ။ ။ ပေးမှာပါခင်မျာ အခုလို ကျနော့်ကိုလာဗျူးတဲ့အတွက်ပါပေးဦးမှာ။ ဟန်းဖုန်းလျှောက်လွှာ ဆယ်ရွက်ပေးပါမယ်။

မေး။ ။ ဟယ် .. ကျေးဇူး သိလား။ နောက်ဆုံးတခု ဖြေပါဦး။ အနာဂတ် လူငယ်တွေကို ဒီနေရာကနေ ဘာပြောချင်ပါသလဲရှမ်။
ဖြေ။ ။ ဟုတ်ကဲ့ အနာဂတ်လူငယ်တွေကို ပြောချင်တာကတော့ ကြိုးစားပါ။ ကိုယ့်ရှေ့က လူကြီးတွေကို ကြည့် ဥပမာယူပါ။ ဥပမာယူဆိုတဲ့ နေရာမှာ တခြားသူကို ကြည့်မနေနဲ့ ဘာမှမထူးဘူး။ ကျနော်တို့ကိုသာကြည့်။ နာယကကြီးလည်း ပါတာပေါ့လေ (သူ့ထည့်မပြောရင် ကြိမ်းဦးမယ်) ကျနော်တို့ကိုကြည့် ဘယ်လောက်တော်လဲ။ အဲလိုတော်အောင် ကြိုးစားပါ။ ကျနော်ဆိုရင် အမေမွေးကတည်းက အလိုလိုနေရင်းကို တော်နေတာပါ။ ဒီလိုလူကိုမှ ဥပမာ မယူရင် ဘယ်လိုလူကို ဥပမာယူမလဲ ဟုတ်တယ် မဟုတ်လား။

မေး။ ။ ဟုတ်ကဲ့ရှင့် ခုလို ငှက်ကထကြီးက အချိန်တွေ ဖောချင်းသောချင်းဖြစ်နေတိုင်း ဗုံးဗောလအော ဗလပွ ဖြေနိုင်ပေမယ့်။ ကျမက အိုဘားမားနဲ့ မက်ကိန်းကိုဗျူးဖို့ သွားရဦးမှာဆိုတော့လေ ...။ ငှက်ကထကြီးကို ရမ်းပဲ ကျေးဇူးတင်တာပဲ သိလား။
ဖြေ။ ။ ကျနော်ကလည်း အရမ်းကျေးဇူးတင်ပါတယ်ဗျာ။ တကူးတက စိတ်ရှည်လက်ရှည် ကျနော့်စေတနာမှန်တွေကို အသိပေးဖော်ထုတ် တင်ပြ ဖြန့်ဖြူးတဲ့အတွက် ကျေးဇူးတင်ပါ၏ ဂေါ်ဂိဂေါ်ဂိ
(လျှာကရှည်ပြန်ပြီ။ လက်ညောင်းပြီဟ)

မေး။ ။ ကဲ ကဲ ဓာတ်ပုံရိုက်မယ် ငှက်ကထကြီး။
ဖြေ။ ။ သြော် ရိုက်မနေပါနဲ့တော့။ ကျနော့်ဓာတ်ပုံတွေ ယူသွားပါ။ အများကြီးပဲ။ အမေရိကား၊ ပဲရစ်၊ ရော့ကီးတောင်တန်း၊ စင်ကာပူ၊ အီသီရိုးပီးယား၊ ဆိုမာလီ .... ကမ္ဘာအရပ်ရပ်က မြင်ကွင်းတွေကို ဖိုတိုရှော့နဲ့ ထည့်ထားတဲ့ပုံတွေလေ :P

ကျွန်ုပ်တို့၏ အင်တာဗျူးအစီအစဉ် ဤတွင် ပြီးဆုံးကြောင်း ကြေညာအပ်ပါသည်။

ပုံ/
ဏာယကဂျီးနှင့် ငှက်ကထ ပေါင်းကြံခြင်း

4 comments:

ဗီလိန် said...

မွေးနေ့ပွဲအတွက် အားလုံးအဆင်သင့်ဖြစ်ကြောင်းပါ။

crazybloggergroup said...

ငှက္ကထကြီး ဒီလောက်တော်မှန်း ခုမှသိရတာ နာတာပဲ

Unknown said...

ငှက္ကထကြီး တော်တော်ပေါတာပဲနော် ဟဲဟဲ

ညီမတော်

ပန်းခင်းလေး

Andy said...

အခုလို အားပေးကြတာ ကျေးဇူးတင်ပါ၏