ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Monday, November 10, 2008

ကိုယ်ရေးရာဇ၀င်နှင့် အတူလျှောက်လွှာတင်ခြင်း

ကျတော်သည် မိမိကိုယ်ကို အလွန်နှိမ့်ချပြီး ဂုဏ်မဖော်လိုသူ တစ်ယောက် ဖြစ်သော်ငြားလည်း ကျတော်အကြောင်းကို အနည်းအကျဉ်း လောက်ကိုသာ တင်ပြလိုက်ပါတယ်။ ကျတော်မွေးဖွားကတည်းက လွန်စွာဥာဏ် ကောင်းပြီး ထက်မြတ်သောအကြောင်းကို ကျတော်၏မွေးမိခင် အားပြောပြချင်သော်လည်း ကျတော့  မိခင်မှာ မည်သို့ မှ နားမလည်းသောကြောင့်  လက်ချော့လိုက်ရပါတယ်။ အင်မတန်မှ သန်မာသော ကျွှန်ပ်မှာ ၅နှစ်သားနဲ့တင် ပြေးလွှားဆော့ကစားနိုင်ပြီး ရွယ်တူအပေါင်းအဖေါ်များနဲ့ ကစားချင်သော်လည်း မစောင့်နိုင်တော့သောကြောင့် မိမိထက်ကြီးသူများနဲ့သာ အဖေါ်လုပ်ကစားခဲ့ ရတယ်။ ကစားရာ၌လည်း ကစားနည်းအသစ် အဆန်းများကို သာတီထွင်ကြံဆပြီး ကစားခဲ့တယ်။ ဥပမာ တူးတူပုန်းတိုင်း ကစားနည်း ဆိုပါစို့ အများက မဲကျသူ တစ်ဦးကိုဝိုင်း ရှာနည်း၊ သေနတ် ကျည်ဆန် မှန်သောသူကသာ အနိုင်ရနည်း၊ ကြွင်းထဲက ဂေါ်က်သီးကို စမှတ်စည်းပေါ်သို့ ပြန်ရိုက်တင်နည်း၊ တိုက်စစ်မှုး တစ်ဦးတည်းကသာ ၁၀ယောက်စောင့်သော ဂိုးအား ပင်နယ်တီစည်း မရောက်ခင် ဂိုးဝင်အောင် ကန်သွင်းနည်း၊ အကြမ်းနည်းများမှာ မိမိကြိုက်နှစ်သက်သော လက်ချောင်းနာမည်များ ရေး၍မဲကျသော လက်ချောင်းများသာ ရွေးဖြတ်နည်း၊ နားရွက်ကိုယ်စီ ကိုင်၍ဓားဖြင့် ဖြတ်နည်း၊ ၄လက်မ အိမ်ရိုက်သံအား ငယ်ထိပ်မှ ရိုက်ပြီး အိမ်တစ်ပတ် ပတ်ပြေးနည်း၊ ရုံဆင်းရုံတက် မီးနီပြချိန် မျက်လုံးကိုအ၀တ်စီးပြီး လမ်းဖြတ်ကူးနည်း စသော နည်းသစ်ပေါင်းမြောက် များစွာရှိ သော်လည်း အပေါင်းသင်းများ မည်သို့မျှဥာဏ်မမှီသောကြောင့် ကျတော် တစ်ဦးတည်းသာ အိမ်ထဲတွင် ကစားခဲ့ ရတယ်။ ကျောင်းနေအရွယ် သူငယ်တန်း တွင်လည်း အတန်းဆရာမက ၁ စသင်လျှင် ၁၀၀ ထိသိပြီး A စသင်ရင် Z ထိအလွတ် ရတယ် ဆရာမက အရိပ်ပြရင် ကလေးပါ မြင်ရလောက် (သားဗိုက်ကောင်) အောင်ဥာဏ်ရည်ဥာဏ်သွေး အင်မတန်ထက်မြတ်ကြောင်း ကိုယ့်ကိုကိုယ် အမွှန်းမတင်ချင်သောကြောင့်  ရေငုံနုတ်ပိတ် နေခဲ့ ရတယ်။
၁တန်းမှ ၁၀တန်းရောက်သည်အထိ နှစ်ချင်းပေါက်ကို မယုတ်မလွန် ကလေးသာဖြေဆိုပြီး။ ၁၀တန်းတွင် လူအထင်ကြီးမှာကို အင်မတန်ကြောက်သော ကျွှန်ပ်မှာ သူများနည်းတူ ၁နှစ်တောင် ကျပြလိုက်သေးတယ်။ နောက်နှစ်တွင် ဘာသာစုံဂုဏ်ထူး ရအောင်ဖြေဆိုနိုင်သော်လည်း အောင်တယ်ဆိုရုံသာ ဖြေဆိုခဲ့ပြီး ကျွှန်ပ်၏ဘေးတွင် လွန်စွာမှသနားစရာကောင်းသော မဖြေဆိုနိုင်သူအား ဘာသာစုံဂုဏ်ထူးရအောင် တိတ်တဆိတ် ပြောပြခဲ့ပါသော်လည်း လွန်စွာမှလက်ရေးနှေးသူတစ်ယောက်ဖြစ်သောကြောင့် နှစ်လုးံသာဂုဏ်ထူးထွက် နိုင်သွားခဲ့သည်။ ၁၀တန်းသာဖြေဆိုပြီးသေးသော ကျွှန်ပ်မှာ တက္ကသိုလ် လက်ချာကြီးအား နှုတ်တိုက် ဒိုးဒိုးဒေါက်ဒေါက် ရွတ်ဆိုပြနိုင်ရလောက်အောင် ကျွှန်ပ်၏IQကြီးမှာ လွန်စွာမြင့်မားနေကြောင်းကို သိရှိပြီးသောကြောင့် ကျောင်းဆက်မတက်တော့ပေ။ လွန်စွာမှတောင့်တင်းသော ကျတော်၏ ဗလကြီးအား လူငယ်များ အားကျစေဖို့ ဒီအတိုင်းကြီး မပြချင်တာနဲ့ လက်ဝှေ့တက်ထိုးပြီးပြရန် ကြီုးစားသော်လည်း မည်သူမျှ ကျတော်နဲ့ မထိုးရဲသောကြောင့် ရွှေဓှုဝံအား အနိုင်ထိုးရန် ကြီုးစားနေသော တစ်မြို့တည်းသား ၀မ်းရှိုင်းဆိုသော ငနဲသားအား ပျဉ်မနားမြို့  ပေါင်းလောင်းအားကစားရုံ အတွင်းတွင် အနည်းငယ် ပညာပေးခဲ့ပြီဲး ပြန်လာခဲ့ရတယ်။ သို့ပေမဲ့ စိတ်ဓာတ် မကျသေးဘဲ ၃ကြိမ်ဆက်တိုက် ကာယဗလမောင်ဆုရခဲ့သော မင်းသားကြီးအာနိုးအား ဆုံးမရန် စာရင်းသွားပေးရာ အာနိုး သိသွားသဖြင့် ကြောက်ပြီး အနားယူသွားရာ ကျတော့မှာ နောက်တက်ကလေးများအား သနားငှဲညှာသောအားဖြင့် မပြိုင်ဘဲနေလိုက်လေသည်။ ထောင်ထောင်မောင်းမောင်း လကောင်းကောင်းနဲ့ကျတော်၏ရူပါမှာလည်း ပျိုမေများ၇နှစ်ကြိမ်မှ လည်ပြန်မကြည့် ရရင်ညညအိပ်လို့ကို မပျော်ဘူးရယ်လို့တောင် တီးတိုးကြားခဲ့ ရဘူးတယ်ဗျာ။ ကျတော့ မှာ မမော်ကြွားလိုသောကြောင့်  တိတ်တဆိတ်သာနေခဲ့ ၏။
ဒါရိုက်တာများ ခြေချင်းလိမ်နေရလောက်အောင် လာပြီး မင်းသားတင် လိုသော်လည်း တခြားမင်းသားများ ထမင်းမငတ်စေလိုသော ဆန္ဒကြောင့် ဇွတ်အတင်းငြင်းဆို၍သာနေခဲ့သည်။ ကိန်းဝတ်စတား နဲ့  ဂျိုလီတို့ တွဲချင်နေမှန်း သိနေသော်လည်း Holly Wood သို့  မသွားဘဲ စလုးံသို့  တိမ်းရှောင်လာခဲ့ရကြောင်း ပြောကြားပါရစေ။ ကျတော်၏နေရာတွင် အမောင်ချမ်းရဲသာဆိုရင် "ငါလိုလူဇဗ္ဗူမှာမရှိ"လို့ မာန်ထောင်းမော်ကြွားနေမှာ အသေချာဘဲ သို့ ပေမဲ ကျတော်မှာ မည်သူမျှမပြောဘဲ နှုတ်ဆိတ်နေမိတယ်။ ကျတော်သည် မိမိကိုယ်ကို လွန်စွာမှနှိမ့်ချကြောင်း၊ ရွေးတစ်ပဲသားမျှ ဂုဏ်မဖော်လိုကြောင်း၊ ဒီအကြောင်းတွေကို မည်သူမျှမပြောဘဲ နေသွားတော့မည်ဖြစ်ကြောင်း ထပ်လောင်းပြော ကြားပါရစေ။
ကျတော်၏ နောက်ကြောင်း ရာဇ၀င်အား ပြောကြားရင်း အရူးလမ်းစဉ် သို့ လိုက်ပါလျှက် ရှိကြကုန်သော သူတော်ကောင်းအပေါင်းတို့၏ အသင်းဝင်တစ်ယောက်အဖြစ် လျှောက်လွှာတင်ပြအပ်ပါတယ်ခင်ဗျာ။
လျှောက်ထားသောရာထူး
ကျတော်၏ ချောမောသော ရူပါ၊ တောင်တင်းသော Body၊ ပြေပျစ်သော အပြောအဆိုတို့အား နိုင်ငံရပ်ခြားတိုင်းတပါး သားများ အထင်ကြီးလေးစားစေလိုသော ဆန္ဒ နဲ့ နိုင်ငံခြားရေးဝန်ကြီးချုပ်အဖြစ်ဖြင့်သာပေးရမည် ဖြစ်ပါသည်၊ မရလို့က ဟင်းဟင်း.....

မှတ်ချက်
သဘာပတိ အစ်ကို နော်
ဟဲဟဲဟဲ

P.s.ဤလူငယ်၏ အရည်ချင်းမှာ ငပေါစံချိန်မှီသည့်အပြင် လိုအပ်သည်ထက်ပင် ပိုမိုသာလွန်နေသောကြောင့် လျှောက်ထားသော ရာထူးနဲ့ လျှော်ကန်သင့်မြတ်လှကြောင်း သဘာပတိမှ မည်သူ့မျက်နှာကိုမှ ထောက်ထားမှုမပြုသည့်အပြင် မည်သည့်တစို့လက်ဆောင်မှ လက်ခံရယူထားခြင်းမရှိ ကျောသားရင်သားမခြားနားဘဲ ပြည့်ဝစွာထောက်ခံလိုက်သည်။
ပုံ/ သဘာပတိ ဂျဲဂျယ်

7 comments:

Unknown said...

အော်မြက်စွာဘုရား..
တကယ်ပေါပါ့လား...
ထောက်ခံပါတယ်ဟေ့..
ငါနဲ့ ရုပ်ချင်းနည်းနည်းတူလို့ပါ...
တောက်ခံပါတယ်ထောက်ခံပါတယ်...

ဗီလိန် said...

ထောက်ခံပါတယ်ဗျိုး

chanye` said...

ငါ့နာမည်အလွဲသုံးစားလုပ်သောကြာင့်...
ထောက်ခံပါတယ်။

မိုးသား said...

ဟင့်အင်းကွာ..ထောက်ခံတယ်
ဟီးဟီး...တစ်နယ်တည်းသားတွေတဲ့
အဂတိတရားခြောက်ပါးကင်းအောင် ဟင့်အင်းလို့ပြောလိုက်တယ်
ပြီးတော့ ခေတ်မီအောင် ထောက်ခံလိုက်တယ်..
ဘာဖစ်လဲ...

aung pyae said...

ထောက်ခံပါတယ် ထောက်ခံပါတယ် လုံးဝကိုထောက်ခံပါကြောင်း ကျွန်တော်နဲ့ရုပ်ချင်းတူလိုဟုတ်ဘူးနော်

Unknown said...

ကျတော့အားထောက် ခံသူများအားလုံးအား သဘောတူပါတယ်။



ပုံ
နိုင်ငံခြားရေးဝန်ကြီး

ဗန်ပိုင်းယား said...

ပါးစပ်တောင်စိမရအောင် ပေါတာ .. ဘာဖြစ်ဖြစ်. . ထောက်ခံလို့ ရရ မရရ အတင်းထောက်ခံတယ်. .. . မှတ်ကရော . .ဒါမျိုးက ရှားတယ်လေ.