ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Sunday, November 2, 2008

လျှောက်လွှာလက်ခံခြင်း (၃)

အဖွဲ့ဝင်လိုသူတစ်ဦး
လျှောက်လွှာနှင့်အတူ ခွင့်စာပူးတွဲပါရှိပါကြောင်း။

အမည် - ဇင်ဇင်ဇော် (shift key နှင့်သာတွဲသုံးရန်)
အသက် - ၁၂၀ နှစ်( အမေကနောက်ပြန် ရေတွက်ပါဆိုလို့)
ဝါသနာ - ထန်းပင်တက်
ထင်ရှားသည့်အမှတ်အသား - တစ်ကိုယ်လုံးတွင်ရှိသည်။ (သိပ်ရှာစရာမလို)
အိမ်ထောင်ရှိ/မရှိ - မရှိ။ ၀ိုင်းဝိုင်းလည်နေတော့ ရွေးဘူး။ (ဇင်ဇင်ပါဆိုနေ)
လက်ရှိအလုပ်အကိုင် - ဖားရိုက်၊ မြွေဖမ်း၊ ကြွက်တွင်းနိုက်။ (လူကြီးများ၏ အရက်ဆိုင်တွင် ရှယ်ယာဝင်ထားသည်။
လုပ်ငန်းအရည်အချင်း - တစ်နာရီအတွင်းမြွေအကောင်တစ်ရာဖမ်းနိုင်။ ဖားကောင်တွေကို အရည်ချင်းရှိမရှိ အဆင့်မှီမမှီရွေးချယ်တတ်မူ
လုပ်သက် - ရှစ်နှစ်( ဂျန်းဂဲကိုချစ်သောကြောင့်)နေရပ်လိပ်စာ - အမှတ် ၁၀၁၀၁၀၁၀၁၀၁၀၊ ထန်းတောရွာ(ဂျန်းဂဲတက္ကသိုလ်)
ဖုန်း - ထန်းပင်ပေါ်တက်မှ ဆက်သွယ်လို့ရလို့ (ဖုန်းမခေါ်ခင်တစ်နာရီကြိုခေါ်ရန်… ဆက်သွယ်မူပြင်ပ အမြဲရောက်နေပါသဖြင့်)
လျှောက်တင်လိုသည့် ရာထူး - အမြဲမှုးနေသောငှက်ကဥနှင့် အဖွဲ့ဝင်များအတွက် (အောက်စဖိုဒ် ဂျန်းဂဲတက္ကသိုလ်မှ သင်ယူခဲ့သော မြွေရိုက်၊ ဖားရိုက်၊ ထန်းပင်တက် နည်းပညာရပ်အစုံစုံနှင့် အမြည်းများရှာဖွေပေးခြင်း။
ခန့်မှန်းလစာ - မြွေဖိုး ဖားဖိုးလေးသာ ( သဘောကောင်းတယ်နော်)

ခွင့်စာတင်ခြင်း
အောက်စဖိုဒ်ဂျန်းဂဲတွင် မြွေဖမ်းနည်းပညာကို ဒေါက်တာပညာရသည်အထိသင်ယူနေဦးမည်ဖြစ်သည့်အတွက် ပညာသင်စာရိတ်နှင့်လစာမဲ့ခွင့်အား ရက်အကန်အသတ်မရှိပေးရန်အတွက်တခါတည်းပူးတွဲတင်လိုက်ရပါကြောင်း
မှတ်ချက် - ငှက်ကဥမှ အလွန်သဘောကျသဖြင့် အဖွဲ့ဝင်များမှာလည်း အလွန်သဘောကျကာ အောက်စဖိုဒ် ဂျန်းဂဲထွက်ကို မည်သူမျှမကန့်ကွက် အားတက်သရောနှင့် ထောက်ခံကာ မူးမူးနှင့်ဆိုင်းကို တွေ့ရာနေရာတွင် ထိုးပေးလိုက်ပြီး ငပေါဂိုဏ်းတံဆိပ်တုန်းကိုလည်း နှိပ်ချင်သောနေရာတွင်တော်သလို ထုပေးလိုက်သည်။

10 comments:

Dr Phyo Wai Kyaw said...

ဟားဟားဟား
အမယ်လေး
ရယ်ရတာမောတယ်ဗျိုး
ပြန်ပြီ။
း)
း)
း)

ဗီလိန် said...

တော်သေးတာပေါ့ Shift နဲ့ရိုက်လို့။ Shift သာမပါရရင် 'ဗ'ထက်ချိုက်က 'ဖ'ထုတ်ဖြစ်ပြီ။ ဟိဟိ

tututha said...

ခွင့်စာပါ တခါတည်းတင်တယ် ဆိုတော့ သေချာပေါက် ခန့်မယ်ဆိုတာ ကြိုသိနေသလိုပဲနော်။ ပေါပါပေတယ်။ လျှောက်တဲ့ ရာထူးကလည်း တကယ်ကို လိုအပ်တဲ့ နေရာဆိုတော့ ကန့်ကွက်ရန် လုံးဝမရှိဘဲဟေ့။ မေးလိုက်ပါဦး ငှက်ကထကြီး မူးပြီး လဲရင်ကော တွဲပို့မလားလို့။

ဖိုးဂျယ် said...

သဘာငတိကတော့ ထောက်ခံပြီးသားပဲနော်။ ဘူလာလာ သားသားက ထောက်ခံပြီးသားပဲ။ အမှုရှောင်က သင်ထားပြီးသား ဘူပေါပေါ ခေါင်းငြိတ်တဲ့ ဟုတ်ကဲ့ပါ ဒါကြောင့် ဘူတွေဘာပေါပေါ ထောက်ခံပါတယ် ထောက်ခံပါတယ်။ ပုံ/ သဘာငတိ ဂျဲဂျယ်

sait phay yar said...

ဗီးလိန်ရယ် ဇ ပါဟ
သူက ဗ ဟုတ်ဘူး
သူ့ဗီးဘဲသူသိ

Andy said...

အများသဘောတူတော့ ငှက္ကဌလည်း ထန်းပင်မျက်နှာထောက် (ဟင် ဟုတ်ပါဘူး) အများဆန္ဒ ဒီမိုဂျလေဘီ အရ ထောက်ခံအပ်ပါကြောင်း

NangNyi said...

ဒို့လည်း ထောက်ခံပါတယ်.. (ကဲ- ထောက်ခံပြီးပြီ ပေးတော့ ကားပါမစ်)

aung pyae said...

မူးပြီးထောက်ခံပါကြောင်း
ထောက်ခံသည့်အတွက် လေယဉ်တစ်စီး
ဝယ်ပေးသင်ကြောင်း
ပုံ/
အကြံပေးအရာရှိ

Andy said...

ထောက်ခံသည့်သူများအတွက် ပေးသော ကားနှင့်လေယာဉ်ပျံများအား ငှက္ကဌမှနေ၍ လက်ခံရယူပါကြောင်း

sait phay yar said...

ငှက်ကဥရယ် မြွေလေးကောယူပြန်ပါဦး
လေယာဉ်ပျံကမြည်းလို့ရဘူး မြွေလေးနဲ့ဖား၀၀ကစ်ကစ်လေးတစ်ကောင်
:P