ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Sunday, November 2, 2008

မြန်မာ စကားကောင်းကောင်း ပြောတတ်သူ အမြန်အလိုရှိ

ကျတော့်အား မြန်မာစကား ကောင်းကောင်းပြောတတ်အောင် သင်ကြားပေးနိုင်သူ အမြန် အလိုရှိသည်။
၁- ကျတော်ချစ်နေသော မဒမ်လောင်းလေး နှင့် စကားပြောရာတွင် အဆင်ပြေပြေ ပြောနိုင်အောင် သင်ပြနိုင်သူဖြစ်ရမည်။
၂- မဒမ်လောင်းလေးရဲ့ ညီမနဲ့ စကားပြောရာတွင် ရန်မဖြစ်ပဲ ရှောင်ပြောနိုင်အောင် သင်ပြနိုင်ရမည်၊
၃- အတည်ပြောတာကို ရွဲ့သည်ဟုမထင်အောင် ဘယ်လိုပြောရမည်ဆိုတာကို သင်ပြနိုင်ရမည်၊
၎- Onlineတွင် လာကြူသမျှကောင်မလေးများအား ပြန်ကြူနိုင်အောင် သင်ပြနိုင်ရမည်၊
၅- မဒမ်လောင်းကို ဘယ်လို ချစ်ခွင့်ပန်ရမယ်ဆိုတာ နည်းလမ်းကောင်း ပေးနိုင်ရမည်။
၆- Onlineတွင် အလာဘသလာဘ ပြောတတ်အောင် သင်ကြားနိုင်ရမည်။
၇- အထက်စီးလေသံနဲ့ မပြောတော့အောင် သင်ပြနိုင်ရမည်။
၈- စေတနာနဲ.ပြောမှန်းတစ်ဖက်လူ နားလည်အောင် ရှင်းပြနိုင်မဲ့နည်းများ ပြောပြနိုင်ရမည်၊
၉- အလုပ် လျှောက်လွှာကို သဘာငတိဂျဲဂျယ် (သို.) ယခုPost ရှိ Comment တွင် ရေးသားနိုင်သည်၊
၁၀ - လစာကို ကြိုက်သလောက်ပြောပါ အရည်းအချင်းအပြည့်ဝလိုချင်ပါသည်။ လစာငွေကို အခွင့်ရ (ယာယီဘဏ္ဏာရေးမှူး) အတွင်းရေးမှူး-၂ ကိုဗီလိန် ထံတွင် ထုတ်ယူနိုင်ရန် လက်မှတ်ရေးထိုးပေးမည်။

လိုအပ်ချက်-
၁- လျှောက်ထားသူသည် အနည်းဆုံး ရည်းစား အယောက် ၅၀ထက်မနည်း ထားဖူးရမည်။
၂- Online တွင် ကောင်မလေး Account အနည်းဆုံး ၁၀၀ရှိရမည်။
၃- G mail Acconut အနည်းဆုံး အခု ၅၀ထက်မနည်းရှိရမည်။
၎- လက်ရှိကြူနေ.တဲ့ သူများကို လက်တွေ.ကြူပြနိုင်ရမည်။
၅- Chatting Room တွင်လည်း Account ရှိရမည်။

ပုံ/
သဘာငတိ ဂျဲဂျယ်

11 comments:

ဗီလိန် said...

ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် ဘဏ္ဏာငွေ အလွဲသုံးစားပြုမှုကြောင့် သဘာငတိအား ဆုတော်ငွေ $ ၅၀၀၀၀ ချီမြှင့်လိုက်သည်။
ပုံ/
တွင်း-၂

ယာယီဘဏ္ဏာမှူးထံတွင် လာရောက်ထုတ်ယူပါ။

ဖိုးဂျယ် said...

ဟေး ဒါမှ တို့ဗီဗီကွ နောက်ဆိုတိတ်တိတ်လေး ရာထူးတိုး ပေးမယ်သိလား။ ဘယ်တူမှ မတိစေနဲ.နော် ကြားညား။ ဒါမှမဟုတ်ရင် ဂေလမ်းလိုက်ပို.မယ် မဒမ်လောင်းလေးတွေမသိစေနဲ. တိတ်တိတ်လေးနော် ဒါပဲ သဘာငတိ

sait phay yar said...

ဟေးဂျဲတယောက်တ၀က်နော်..
ပန်းချင်းးပေးထားတယ်လေ...
ပုံ
တာဝန်သိသူ

Anonymous said...

ဆရာ ပဲ လက်ခံတာလား။ ဆရာမ အလုပ်လျှောက် လို့ မရဘူးလား။ :D

ဖိုးဂျယ် said...

ရတယ်လေ အရည်အချင်းပဲအဓိက ကြူတတ်အောင်သာသင်ပေး မဒမ်လောင်းနဲ. စကားပြော အဆင်ပြေရင် ပြီးရော ဟဲဟဲ မမေရေ ရာထူးကိုတော့ ကိုယ်ဖာသာစဉ်းစားပြီးယူနော် ဟဲဟဲ အဲ့လောက်ကောင်းတဲ့ အဖွဲ.အစည်းရှာကြည့်လိုက်ဦး။ ပုံ/ သဘာငတိ ဂျဲဂျယ်

tututha said...

ပေါနိုင်ကြပါပေ့ကွယ် .... လေးစားပြီးရင်း လေးစားပါတယ်။

NangNyi said...

ဟဲဟဲ ဟိ ဟဲဟဲ ဟိ

Andy said...

ဗျို့ကဘာငတိ... ဘာလို့ ဆရာခေါ်ရတာတုန်း
ဆရာမချောချောလေးတွေမခေါ်ပဲနဲ့...။

ဖိုးဂျယ် said...

မဒမ်လောင်းက မထင်ရင် မထင်သလို လက်သီးနဲ.ထိုးမဲ့ပုံဗျ။ အဲ့တော့ ဆရာမ ချောချောလေး ခန်.ရဲဘူးဗျ။ ခန်.ချင်တာတော့ တစ်ပိုင်းကိုသေလို. ချစ်တော့ အလိုလိုက်ရတာပေါ့ဗျာ။

Anonymous said...

အလုပ်ဝင်လျှောက်သွားတယ်ရှင့် :P

Unknown said...

လေတာပေါ့ကွာ အကိုတယောက်လုံး အနားမှာရှိရဲ့ သားနဲ့