ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, December 4, 2008

ကိုဗီလိန်အား စီးချင်းထိုးရန် စိန်ခေါ်ခြင်း

ကျတော်ရဲ့ အသည်းဦး ဂျင်ဆန်းမီ အတွက် ကိုဗီလိန်အား စီးချင်းထိုးရန် စိန်ခေါ်လိုက်ခြင်းဖြစ်ပါသည်။ ၇.၁၂.၂၀၀၈ ရက်နေ့ နောင်နှစ်မကူးမီ အချိန်လေးအတွင်း ဂျင်ဆန်းမီအား မည်သူရယူပိုင်ဆိုင်သင့် ကြောင်းကို တစ်ဦးချင်း စီးချင်းထိုးကာ အဆုံးအဖြတ် ပေးမည့်ပွဲ ဖြစ်ပါ၍ ရူးပေါဂိုဏ်းသား အားလုံးအား ဖိတ်ကြားလိုက်ပါသည် ခင်ဗျာ။ အချိန်နဲ့ နေရာကတော့ စလုံးနိုင်ငံ City Hall ဘောလုံးကွင်းအတွင်းတွင် ညနေ ၄နာရီတိတိ ဖြစ်ပါသည်။ တစ်ဦးနဲ့တစ်ဦး စီးချင်းထိုး၍ အနိုင်အရူံး ဆုံးဖြတ်ရာကို ဟိုးရှေးခေတ် မြန်မာ့ သူရဲကောင်းများ နည်းကိုနှလုံးမူ၍ စီးချင်းထိုးရန် စိန်ခေါ်လိုက်ရချင်းဖြစ်ပါသည်။ မမြင်ဘူးသေးသူများနဲ့ စိတ်ဝင်စားသူများ ကြည့်ရူ့နိုင်ရန်အတွက်လည်း CNN သတင်းဌာနကနေ တိုက်ရိုက် ထုတ်လွင့်သွားမှာ ဖြစ်ပါတယ်။ ဟုတ်ကဲ့ စီးချင်းထိုးဖို့ စိန်ခေါ်ပြီး စီးချင်းထိုးမဲ့နေ့ ရောက်ကာမှ အဲဒီမှာစတွေ့တာပဲ နောက်ဆုတ်လို့ ကလဲမဖြစ် ရှေ့တိုးဖို့ကလဲမလွယ် နှစ်ယောက်စလုံး အခက်အခဲ နည်းနည်းဖြစ်နေတယ်။ ဒါကဒီလိုပါ စလုံးနိုင်ငံမှာ မြင်းတစ်ကောင် ရဖို့ကလဲမလွဲ ဆိုင်ကယ်ကလဲကိုယ်ပိုင်မရှိ ကားဆိုရင်ဝေလာဝေး အဲဒီတော့ ရတယ်လေ ဘယ်သူမှမထိုးဘူးသေးတဲ့ စီးချင်းနဲ့ ထိုးကြတာပေါ့ ကဲစပြီဟေ့ စိတ်တော့မဆိုးကြနဲ့ စီးချင်းထိုးတာတော့ စီးချင်းထိုးတာပဲ ဒါပေမဲ့ ဖိနှပ်စီးချင်းထိုးကြမယ် လာပြီဟေ့ ကိုဗီလိန်ရေ သတိထားဗျို့  အဲဒီအချိန်ကျမှာပဲ ကျတော် လန့်နိုးသွားတယ် မနိုးရင်လဲ ကိုဗီလိန်မလွယ်ဘူး ကျတော်ပဲနိုင်မှာ ဘာဖြစ်လို့လဲဆိုတော့ ကျတော့ရေးတာကို ငှဲငှဲ

4 comments:

ဗီလိန် said...

တယ်....... ရာရာစစ အတွင်းရေးမှူး-၂ ကိုများ ရတယ်ကွ။ အိပ်မက်ထဲမှာတင်မဟုတ်ဘူး အပြင်မှာပါထိုးလို့ရတယ်။ ဂျင်လေးကိုတော့မထိနဲ့ကွစ်။

sait phay yar said...

ရှုံးတဲ့လူမုန့်ဝယ်ကျွေး
ပြောင်းဖူးလောက်ဆိုရပါဒယ်

Unknown said...

မထိုးရဲပါဘူးဗျာ ကိုဗီလိန်က ပြောင်းဖူးရိုးနဲ့ ရိုက်မှာ ကျတော် အပြာင်းဖူးရိုးပဲ

ဗန်ပိုင်းယား said...

အွန် . .ထိုးမလား မှတ်တယ်. .လန့်နိုးရတယ်လို့ ... ပေါလိုက်တာ .. ဖူးဖူးဖူး ...