ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Sunday, December 21, 2008

မင်္ဂလာဆောင် (၂)

ကိုယ်တို့ ဂေဟာမှာက လောက်လောက်လားလား ချမ်းသာပြီး ရည်မွန်တည်တံ့သည်က ကိုယ်ပဲ ရှိသည်ဆိုတော့ အားလုံးအတွက် လိုက်ပြီး ပူပန်နေရသည်။ ဘာပဲဖြစ်ဖြစ် ကိုယ်က သဘောကောင်းသူမို့ အားလုံးရဲ့  အနွံတာ ခံပါသည်။
အခုလည်း ငှက်ကထနှင့် တွင်း-၁ တို့ကို ရဲစခန်းမှာ ၀င်ထုတ်ရဦးမည်။ နန်းညီက စိတ်မချနိုင်။ ထို့ကြောင့် ကိုယ်တိုင်ပဲ ၀င်ထုတ်တော့မည်ဟု စဉ်းစားရင်း ဟယ်ရီဆင်ဖို့ဒ်ကို ရဲစခန်းဖက်သို့ လေယာဉ်ကို ပြန်လှည့်ခိုင်းရသည်။ ဟယ်ရီဆင်ဖို့ဒ်က "အဲယားဖို့ဒ် ၀မ်း" ရုပ်ရှင်ရိုက်တုန်းက လေယာဉ်မောင်းသင်ထားသူဖြစ်သဖြင့် ကျွမ်းကျွမ်းကျင်ကျင်မောင်းတက်သည်။ ကိုယ့်တပည့်တွေထဲမှာ သူနဲ့ ဂျက်လီက အားအကိုးရဆုံးဖြစ်သည်။ ဂျက်လီဆိုလျှင် တောက်တိုမယ်ရခိုင်းလို့ ရသလို ကိုယ့်အတွက် သက်တော်စောင့်တာဝန်ပါ ပူးတွဲထမ်းဆောင်ခြင်းဖြစ်သည်။ ကိုယ်က စိတ်သဘောထား ဘယ်လောက်ကောင်းကောင်း ရန်သူတော့ ရှိပါသည်။ အခု ကမ္ဘာကျော်ဖြစ်နေသော ဒေးဗစ်ကော်ပါဖီးလ်ဖြစ်သည်။ ဒီလူ မျက်လှည့်ဆရာမဖြစ်ခင် လမ်းပေါ်မှာ ကလေရိုက်နေတုန်းက ကိုယ့်ဆီမှာ အလုပ်လာတောင်းဖူးသည်။ သူ့ကို သနားသော်လည်း ကိုယ် အလုပ်မပေးဘဲ မောင်းထုတ်မိခဲ့သည်။ သူ့ကို မယုံလို့ ဖြစ်သည်။ သူ့ကို မယုံရခြင်းမှာ အကြောင်း ရှိပါသည်။ ဒီလူက အဲဒီတုန်းကတည်းက "ဇ"လေး နည်းနည်းရှိသည်။ ဟိုဟာ ဖျောက်ပြ ဒီဟာ ဖျောက်ပြနှင့် လက်စွမ်းပြတတ်သည်။ တော်ကြာ ကိုယ့် ချမ်းသာသမျှကို ဖျောက်ပစ်လိုက်လျှင် ကိုယ်ကတော့ ကိစ္စမရှိ။ ကိုယ့်ကို မှီခိုနေရသော ကမ္ဘာတစ်ခြမ်းကလူတွေ စားဝတ်နေရေး ဒွတ်ခရောက်လိမ့်မည်။ ငပေါဂေဟာမှာ ပညာရေးဝန်ကြီး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ၊ ဆောက်လုပ်ရေးဝန်ကြီး၊ ဆည်မြောင်းဝန်ကြီး ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးတို့ ပေါင်းပြီး လိမ်နေသမျှ ရန်ပုံငွေကိုလည်း ကိုယ်ကပဲ အဓိက ထောက်ပံ့နေရခြင်းဖြစ်သည်။ ကိုယ် မရှိလျင် အားလုံးဒွတ်ခရောက်မှာ စိုးရိမ်ရသည်။ ထို့ကြောင့် ဒေးဗစ်ကို အလုပ် မခန့်ခဲ့ခြင်းဖြစ်သည်။ အခုတော့ သူက ကိုယ့်ကို နာကြည်းပြီး အငြိုးနှင့် ရန်ရှာနေသဖြင့် ဘယ်သွားသွား ဂျက်လီကို ခေါ်သွားရခြင်းဖြစ်သည်။
ငှက်ကဌနှင့် တွင်း-၁ ကို ၀င်ထုတ်လျှင် နာယက မတူးတို့တော့ မျှော်နေလိမ့်မည်။ သို့သော် မတက်နိုင် ငှက်ကဌကလည်း ဂေဟာတွင် အရေးပါလေသည်။ ရဲစခန်းကိုရောက်တော့ ငှက်ကဌနှင့် အတွင်းရေးမှူး-၁တို့ကို သံတိုင်နောက်မှာ စိတ်ပျက်ဖွယ်ရာတွေ့ရသည်။ ငှက်ကဌကဆိုလျှင် ပျော်တောင် ပျော်နေသေးသည်။ လာထုတ်သည့် ကိုယ်တို့ကိုပင် စိတ်ဆိုးနေသေးသည်။ ပြန်မလိုက်ဟု ဆိုလေသည်။
ကိုယ်နားလည်ပါသည်။ ငှက်ကဌ ရော တွင်း-၁ ပါ ကိုယ့်အိမ်မှာ ဆိုရင် ထမင်းတောင် နပ်မှန်အောင် မစားရသဖြင့် ရဲစခန်းအချုပ်ခန်းမှာ ပျော်နေခြင်းဖြစ်မည်။ ကိုယ့်စိတ်ထင်ပြောရလျှင် အဖမ်းခံချင်လို့ တမင်တကာ လမ်းဘေးမှာ ထိုးအိပ်နေခဲ့ခြင်းတောင် ဖြစ်နိုင်လေသည်။ သို့သော် ကိစ္စမရှိ။ အခု ခေါင်ခေါင့် မင်္ဂလာဆောင် အကြောင်း ပြောပြီး အတင်းပြန်ခေါ်ရမည်ဖြစ်သည်။
ပြောရင်းဆိုရင်း ရဲစခန်းသို့ လူတစ်ယောက်ကို ဖမ်းလာပြန်သည်။ "ဟင် .. မြင်ဖူးပါတယ် ..ကြည့်နေတာ ...ပွကြီး" "ဂေဟာ သို့ ၀င်သည်မှာ သိပ်မကြာသေးသော ပွကြီး (ကူးသန်းရောင်းဝယ်ရေးဝန်ဂျီး)ဖြစ်သည်။ အတင်းရုန်းကန်ပြီး ပါလာသည်။ ရဲတွေက သူ့ကို မညှာမတာ ထိုးကြိတ်ထားပုံပေါ်သည်။ နဂိုကမှ ရုပ်ဆိုးသူမို့ အခုလို ရုပ်နှင့် မြင်ရတော့ စိတ်ဆင်းရဲဖို့ ကောင်းလှသည်။ "သူက ကျွန်တော့် သူငယ်ချင်းမိတ်ဆွေပါဗျာ ..စခန်းမှုးကြီးရယ် .. ဘာဖြစ်လို့များ...." စကားတောင် ဆုံးအောင် မမေးရသေး.။ "ဒီလူဗျာ တော်တော်ဆိုးတယ်... တောက် .. ကိုယ့်မိန်းမကိုယ်များ ..တောက်!....လုပ်ရက်လိုက်တာ.. တောက်!.." "တောက်" တစ်ခေါက်ခေါက်နှင့် စခန်းမှူး တော်တော်စိတ်ဆိုးနေပုံ ရသည်။ သူကတော့ မျက်နှာငယ်လေးနှင့် ဖြစ်သည်။ "မဟုတ်ရပါဘူး.. တစ်ခုခုတော့ မှားနေပါတယ် ..မှားနေပါတယ်" ပွကြီးအတင်းငြင်းသည်။ မရ။ စခန်းမှူးက သုံးချက်လောက် နရင်းအုပ်လိုက်မှ ငြိမ်သွားသည်။ ကိုယ်တို့ကိုတော့ အခုမှ တွေ့ပုံရသည်။
"ဟင်.. သဘာပတိ၊ " "ထောက်ချုပ်"
" အမယ်ငီး ...ကယ်ပါဦး ကယ်ပါဦး" ပြောပြောပြီး ငိုလေသည်။
" ကဲ ..ဘယ်လိုဖြစ်တာတုန်း .. ကူးသန်းရောင်းဝယ်ရေးဝန်ဂျီးရယ်..ပြောပါဦး"
ဒီလိုပါ ထောက်ချုပ်ရယ်.. ဒီလိုပါ.... ကျွန်တော့်မိန်းမ နှိပ်စက်တယ်ဆိုပြီး ကျွန်တော့်ကို အထင်မှားပြီး ဖမ်းလာတာပါ။ တကယ်တော့ ကျွန်တော့် မိန်းမကို ကျွန်တော် သိပ်ချစ်တာပါ" ဆိုပြီး သူ့  အကြောင်းကို ရင်နင့်ဖွယ်ရာ အောက်ပါအတိုင်း ပြောပြလေသည်။
ကျွန်တော့်မိန်းမက အသက် (၄၀) ကျော်လောက်တော့ ရှိပါပြီ...ထောက်ချုပ်ရယ်.. ဒါပေမယ့် ပိုက်ပိုက်တော့ တော်တော်လေးချမ်းသာပါတယ်။ ကျွန်တော် က အဲဒါမက်လို့ သူ့ကို ယူတာတော့ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ မရှာချင်လို့ သူရှာပြီးသား သုံးချင်တာလေး တစ်ခုကြောင့်ပါ။ ဒါပေမယ့် သူက ရှေးရိုးသိပ်ဆန်ပါတယ်။ ဟုတ်ပါတယ်။ သူက တောက တောသူဌေးမကြီးပါ။ ကျွန်တော်နဲ့ ရတော့ ကျွန်တော်က ဘာမှ လုပ်မကျွေးတာတော့ မဟုတ်ပါဘူး ထောက်ချုပ်ရယ်။ သူ့ကို ကျွန်တော် ဖဲရိုက်ပြီးတော့ ကျွေးပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ ကျွန်တော်က ဖဲရိုက်တိုင်း ရှုံးနေတာများတော့ ကျွန်တော့် မိန်းမ ပစ္စည်းတွေကို နည်းနည်းပါးပါး ယူသုံးမိတာပေါ့ဗျာ။ သိပ်တော့ များများစားစားမဟုတ်ပါဘူး။ ရွှေခြေကျင်းလေး၊ လက်ကောက်လေး၊ ဆွဲကြိုးလေးတွေလောက်ပါ။ အဲဒီလို ကျွန်တော် ခိုးသုံးနေတာကို မိန်းမက သိသွားတော့ ဗီရိုသော့ကို ဖွတ်ထားပါတယ်။ ကျွန်တော်လည်း အဲဒါနဲ့ ဖဲမရိုက်ရတာတောင် တော်တော်လေးကို ကြာပါပြီ။ ကျွန်တော့်ကို ပိုက်ဆံလည်း ပေးမသုံးတော့ပါဘူး။ တစ်ရက်တော့ ကျွန်တော့်သူငယ်ချင်းတွေ အတင်းခေါ်တာနဲ့ ....၀ိုင်းကလည်း ကောင်းနေတာနဲ့ ... ရှိတာလေးကို စုပြီး ရောက်သွားပါတယ်။ ထုံးစံအတိုင်းပေါ့ ...ထောက်ချုပ်ရယ် .. အဲဒီနေ့ ဖဲကောင်းနေလိုက်တာများဗျာ.. ကုန်လို့သာ ပြန်လာရတယ်.. ဖဲကတော့ ကောင်းနေတုန်းပဲ။ ပါသမျှ ကုန်လို့ အိမ်ပြန်ရောက်တော့ မိန်းမက အိပ်နေပြီ။ အဲဒါနဲ့ သူမသိအောင် ဗီရိုသော့ လိုက်ရှာပြီး သူ့ပစ္စည်းလေး ခိုးမလို့ လုပ်မိပါတယ်။ ကျွန်တော်သိသလောက် သူ့မှာ ရွှေကြယ်သီးတွေ တော်တော်များများကျန်ပါသေးတယ်။ အဲဒါနဲ့ ဗီရိုကို ဖွင့်ပြီး ရွှေကြယ်သီးတပ်ထားတဲ့ အက်ျီကို ရှာပြီး ကြယ်သီးဖြုတ်မလို့ လုပ်ပါတယ်ဗျာ.. ဟီးဟီး... အဲဒီမှာ ဒွတ်ခရောက်ရတာပါပဲ ဆရာတို့ရယ်...ဟီးဟီးဟီး...." ပြောရင်းနဲ့ ငိုပြန်သည်။
"ကဲကွာ .. ပြောပါဦး အဲဒီတော့ မိန်းမက နိုးလာလို့လား.."
ဟင့်အင်း .. .မနိုးပါဘူးဗျာ. ကျွန်တော့်မိန်းမက သိပ်အအိပ်ကြီးတာဗျ...၊ ဒွတ်ခရောက်တာက ဒီလိုပါ...၊ ရွှေကြယ်သီးတပ်ထားတဲ့ အင်္ကျီက ရှာလို့ မတွေ့တာပါ။ အဲဒါနဲ့ ကုတင်ပေါ် အိပ်နေတဲ့ မိန်းမကို သေချာ ပြန်ကြည့်တော့မှ ပြန်ကြည့်တော့မှ ...သူက အကျီင်္ကို ၀တ်ထားတာကိုးဗျ..."
"သြော်...အဲဒါနဲ့ ခင်ဗျား ခိုးလို့ မရတော့ဘူးဆိုပါတော့ "
ဂျဲဂျယ်က ၀င်မေးလိုက်သည်။
"မဟုတ်ပါဘူး၊ ခိုးပါတယ်၊ ကျွန်တော် ရအောင်ကို ခိုးပါတယ်၊ အဲဒီအချိန်မှာ အရက်ကလေးကလည်း နည်းနည်းသောက်ထားတော့ ကျွန်တော်ခိုးဖို့ သတ္တိရှိပါတယ်၊ ဒါနဲ့.....ဒါနဲ့ ...အီးဟီးဟီး..အီးဟီးဟီး"
"ကဲပါ ကိုပွကြီါ်ရယ် .. မငိုပါနဲ့တော့ .. ပြောစရာရှိတာ စိတ်ထိန်းပြီး ပြောပါ..."
"အင်း..ငင်းငင်း...ရွှတ်....ဒီလိုပါ.. ကျွန်တော်က မူးနေတော့ သူမသိအောင် ကြယ်သီးဖြုတ်မယ်ဆိုပြီး မုတ်ဆိပ်ရိတ်တဲ့ ဘရိတ်ဓားလေးနဲ့ ကြယ်သီးလေးကို ရွရွလေးကိုင်ပြီး ကြိတ်လှီးယူပါတယ်...အီးဟီးဟီး..."
"အီး ..အီး ..အီး အစ်အစ်.. "
"တကယ်တော့ အဲဒီမှာကျမှ ဒွတ်ခက ကောင်းကောင်းရောက်တာပါဗျာ.. ဟီးဟီး.. ကျွန်တော်..ဖြုတ်တာ ကြယ်သီး (၂)လုံးရမှ မိန်းမက လန့်နိုးပြီး အော်တာပါ.. အဲဒီတော့မှ ကျွန်တော် သိတာက ..သိတာက ..
အီးဟီးဟီး...အစ် ..အစ်..
မိန်းမက .. ..မိန်းမအိပ်နေတာက အကျီင်္ဝတ်မထားဘူးဗျ..အီးဟီးဟီး..."
အဲဒါနဲ့ ကျွန်တော့်ကို မိန်းမက ရဲစခန်းကို တိုင်လိုက်လို့ .. ကျွန်တော့်ကို အခုလို ..ရဲတွေက လာဖမ်း...ဖမ်း...ဖမ်း...အစ်အစ်..အစ်..."
ဟိုက်ရှားဘား!
ဟုတ်လည်း ဟုတ်တဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ဂျီးပါလားဗျာ.
သူ့မိန်းမအတွက် စဉ်းတောင် မစဉ်းစားရဲ... တော်တော်ဆိုးတဲ့ လူပါလား...။
ဒီမှာက မင်္ဂလာဆောင် (၁)
မင်္ဂလာဆောင် (၃)မျှော်

8 comments:

Anonymous said...

ပေါရဲလိုက်ကြတာ... သွပ်သွပ်သွပ်... :P

Anonymous said...

တိန်... တိုကြီး နော်... အိမ်က တင်ဂျာဝင့်ဂျော် တိလို့ ရန်ထပ်ဖြစ်ရရင် တော့ လွတ်အောင်သာပြေးပေတော့........

ဗန်ပိုင်းယား said...

အင်္ကျီဝတ်မထားတာတောင် ကြယ်သီးနှစ်လုံး ရအောင် ဖြုတ်သေးတယ်. . . ဟင်း .. တော်တော် တတ်နိုင်တဲ့ ကောင် ... ဟိ

ဆုံစည်းရာ said...

သားသားကြောက်ကြောက်
တော်ကြာဘောင်းဘီမ၀တ်ထားတာတောင်လာဖြုတ်ခိုးသွားရင်ဒုတ်ခ
သွပ်သွပ်သွပ်..............

polaris said...
This comment has been removed by the author.
Andy said...

အင်္ကျီဝတ်မထားတာ ကြယ်သီးဘယ်လိုဖြုတ်လဲဟင်.. :P

မိုးသား said...

ဟိဟိ..
အပိုင်း (၃) ရေးနေပြီ...
ကျန်တဲ့သူတွေ မျက်ခုံး လှုပ်ထားတော့...နာယကကြီး မတူးလဲ ပါတယ်..
ကေလာကြီးလဲ မလွတ်..
ခေါင်ခေါင်ကတော့ တေပြီချရာ...ပေါ့..
တခြားသူတွေက ဇာတ်ရန်တွေလေ..ဒါပေမယ့် နည်းနည်းတော့ အနစ်နာခံကြပေါ့ကွယ်...
နာကတော့ ဘယ်နေရာက ပါရ ပါရ ဒီပို့စ်လေး ဇာတ်သိမ်းပိုင်းရောက်ရင်တော်ပါပြီ...
ငှီးငှီး...ဗြဲ...

Anonymous said...

ဂျက်လီကိုသက်တော်စောင့်ခန့်ထားတာ အသင့်တော်ဆုံးပဲဗျို့
ကျနော်တောင်စဉ်းစားနေတယ်။ ဟိ