ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, December 16, 2008

စီးပွားရေး ကြားဖြတ်သတင်း

အတွင်းရေးမှူး(၂)၊ မွေးမြူရေး ဝန်ကြီး၊ လယ်ရာပြန်စားရေး ဝန်ကြီးနှင့် ပြည်ထောင်စု ငပေါများနိုင်ငံ၏ တစ်ဦးတည်းသော အသင်းသားဖြစ်သူ ကိုကေလာတို့ လိုက်ပါလာသော ရဟတ်ယာဉ်သည် ယနေ့မွန်လွဲ(၂) နာရီတွင် ရံကုံဘူတာသို့ ဆိုက်ရောက်ခဲ့ကြောင်း။ ထိုမှတဆင့် အတွင်းရေးမှူး(၂) နှင့် အဖွဲ့ဝင်များသည် ဆူးလေဘုရားလမ်းပေါ်ရှိ ဘလိဒ်ဒါးဟိုတယ်သို့ ဖြစ်သလို လမ်းလျှောက်၍ သွားရောက်ကာ အသင့်စောင့်ဆိုင်းလျက်ရှိသော ကိုယီးယားနိုင်ငံမှ အတွင်းရေးမှူး ဆောင်ခြုံထု နှင့် ကြက်ဆူစေ့များ တင်ပို့ရန် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတွင် ကိုယီးရား ပေါအတွင်းရေးမှူးမှ ပြည်ထောင်စုငပေါများနိုင်ငံ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ငှက္ကဥ၊ နာယကကြီး၊ တွင်း(၁)၊ တွင်း(၂) တို့မှာ အလွန်တရာ ရွှေဉာဏ်တော် စူးရောက်သူများ ဖြစ်ကြောင်း၊ လယ်ရာပြန်စားရေး ဝန်ကြီးမှာလည်း အလွန်တရာ ထက်မြတ်သွက်လတ် ခန့်ညားတည်ကြည်၍ အလွန်တရာ အားကိုးထိုက်သူ ဖြစ်ကြောင်း(အမလေး... လေး မောလိုက်တာ) ဘယ်လိုမှ သောက်သုံးမကျသော ကြက်ဆူပင်များကို လူအထင်ကြီးအောင် လုပ်နိုင်ကြောင်း၊ တစ်ဦးတည်းသော အသင်းသားဖြစ်သူ ကိုကေလာ မှာလည်း အလွန်တော်ကြောင်း၊ ရုတ်တရက် ကြည့်ပါက ငပေါဟုပင် မထင်ရကြောင်းပြော ကြားသွားခဲ့သည်။ ထိုမှ တဆင့် အတွင်းရေးမှူး(၂)နှင့် အဖွဲ့ဝင်များသည်။ ကြုံရာလိုင်းကားများစီး သီလဝါ ဆိပ်ကမ်းသို့ သွားရောက်ကာ ကြက်ဆူစေ့များတင်ပို့နေမှုကို ကြည့်ရှူ၍ လိုအပ်သည်များကို မှာစားခဲ့ကြောင်း သတင်းရရှိခဲ့သည်။

3 comments:

ဗန်ပိုင်းယား said...

ဒီလိုပဲ ခပ်တည်တည်နေရတာပေါ့ .. နောက်မှ .. ဟိ

Anonymous said...

ကောင်းတယ်ဆက်လုပ်။ လိုအပ်သည်များ မှာစားသွားတယ်ဆိုတော့ ဘာတွေများ မှာစားသွားတာလဲဗျ။

ဖိုးဂျယ် said...

ဟေ ငါ သဘာပတိ ဘယ်ဂျောင်သွားအိပ်နေလို့လဲ
ဟင် အော်တိပီ ငတိ နှုတ်ထွက်တုန်းကနေမယ်
ကွိကွိ