ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Saturday, December 6, 2008

ငပေါဂိုဏ်း သတင်းစာရှင်းလင်းပွဲ အမှတ်စဉ် ၀၀၀၀၀၀၀၀၀၀၁/၂၀၀၀၈ ကျင်းပ

ယမန်နေ့က မြန်မာနိုင်ငံ ငပေါများဂိုဏ်းကြီး၏ သတင်းစာရှင်းလင်းပွဲအမှတ်စဉ်- ၀၀၀၀၀၀၀၀၀၀၁/၂၀၀၀၈ ကို ငပေါဂိုဏ်းရုံးစိုက်ရာ နော်ပြေတီရှိ ငပေါရိပ်သာတွင် ကျင်းပရာ အလကားရ ရေအဝသောက်ကြသော ငပေါဂိုဏ်းမှ သဘာငတိကြီး၊ တွင်း(၁)၊ တွင်း(၂)၊ အခမ်းအနားမှူးအဖြစ် စည်းရုံးရေးအမှုရှောင်၊ အသင်းသားချုပ်ကြီး၊ အကျန်ပေးအရာရှိ၊ ဖျံကျရေးဝန်ကြီး၊ မွေးမြူရေးဝန်ကြီး၊ ပြင်ညာရေးဝန်ကြီး ဆည်မြောင်းဝန်ကြီး၊ လယ်ယာပြန်စားရေးဝန်ကြီး၊ နိုင်ဂျံငါးရေးဝန်ကြီး၊ တရားစီရင်ရေးဝန်ကြီး ၊ထောက်ချုပ်ကြီး နှင့် အရာရှိ အရာခံများ၊ အသင်းသားများ၊ ဖိတ်ကြားထားသူများ၊ မဖိတ်ကြားလဲ အကပ်အဆွယ်များဖြင့် ရောက်ရှိလာကြသူများ၊ အိုးစည်ဒိုးပတ် ယိမ်းအကအဖွဲ့ဝင်များ၊ ဘင်ခရာတပ်ဖွဲ့ဝင်များ ပန်းပွားအကများ၊ CBG, CBB, CBN, အစရှိသော သတင်းဋ္ဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။ အခမ်းအနားမစတင်မီ လုပ်ချင်ရာလုပ်ပြီး စလုံးသို့ အိုင်စီရှိုးသွားကြည့်သော နာယကဂျီးမှပေးပို့သော အဖွင့်မိန့်ခွန်းကို အခမ်းအနားမှူး ကဖတ်ကြားရာတွင် ယနေ့ကမ္ဘာပေါ်၌ ပေါထုရာခိုင်နှုန်း နည်းပါးလာနေကြောင်း၊ ငပေါများနည်းပါးခြင်းကြောင့် နေရာတိုင်း အကျပ်အတည်းများ ပေါ်ပေါက်လျက်ရှိကြောင်း။ သို့ရာတွင် ယခုအပေါဂေဟာမှာမူ ငပေါဂိုဏ်းကြီး၏ ဦးဆောင်မှုအောက်ဝယ် အဆိုပါအကြပ်အတည်းများကို ကြံ့ကြံ့ခံနိုင်ပြီး ငပေါအရေအတွက်မှာလဲ များစွာတိုးပွားလာသည့်အတွက် ဂုဏ်ယူပါကြောင်း။ သို့ရာတွင် ငပေါဂေဟာကြီး ပေါများတိုးတက်နေသည်ကို မနာလိုမရှုစိမ့်နိုင်သည့် လူတည်အားကိုး ဆန့်ကျင်ဘက် အဆိုးမြင်အုပ်စုများက နည်းအမျိုးမျိုးဖြင့် လုပ်ကြံသတင်းမှားများကို ထုတ်လွှင့်လျက်ရှိရာ ပေါထုအနေဖြင့် ပေါသတိဖြင့် အဆိုပါသတင်းများကို မယုံကြရန်ဖြစ်ကြောင်း၊ ပေါဂိုဏ်းမှ အစဉ်သဖြင့်ထုတ်လွင့်ပေးလျက်ရှိသည့် တရားဝင်ပေါသတင်းများကို သာယုံကြည်စိတ်ချစွာ နားဆင်ကြရန်လိုအပ်ကြောင်း...။ ထို့အပြင် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲများကိုလဲ အခါအားလျော်စွာပြုလုပ်ပေးလျက်ရှိကြောင်း အစရှိသဖြင့် ပြောကြားသည်…။
ထို့နောက် ဖျံကျရေးဝန်ကြီးမှ ရှင်းလင်းပြောကြားရာတွင် ယခုအခါ ငပေါဂေဟာအနှံ၌ကောလဟာလများ ဖြစ်ပွားနေကြောင်း…ယင်းမှာ ငပေါဂိုဏ်းကြီး၏ ပိုင်အိုနီးယား ငှက္ကဋ္ဌကြီးနှင့်ပက်သက်နေကြောင်း…။ ယခုရက်ပိုင်းအတွင်း ငပေါဂိုဏ်းချုပ်ကြီး အန်ဒီတစ်ယောက်ပေါထုမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းအပေါ် ပေါထုအကြား တီးတိုးသတင်းများစွာထွက်ပေါ်လျက်ရှိကြောင်း…။ တချို့အကောင်းမြင်သမားတို့က ငပေါငှက္ကဋ္ဌကြီးမှာ လီဒါဟေးနှင့် ဟန်းနီးမွန်းထွက်သွားတာဖြစ်နိုင်ကြောင်း၊ သို့ရာတွင် လက်တဆုပ်စာ ဆန့်ကျင်ဘက်အဆိုးမြင်လူနည်းစုမှ ငပေါငှက္ကဋ္ဌကြီးမှာ အခြေအနေမကောင်းကြောင်း၊ အသက်အရွယ်ကြီးရင့်ပြီဖြစ်သည့်အပြင် အေ မှစ၍ ဇက်အထိ ကိုးဆယ့်ခြောက်ပါးရောဂါစွဲကပ်နေကြောင်း၊ ဖြစ်နိုင်သည်မှာ ယခုဆောင်းအဝင်တွင် ကြက်ငှက်တုပ်ကွေးများဖြစ်ပွားတတ်ရာ ငှက္ကဋ္ဌဆိုသည့်အတိုင်း ကြက်ငှက်တုပ်ကွေးစွဲကပ်ခံရပြီး မာလကီးယားသွားခြင်းဖြစ်နိုင်ကြောင်း၊ တချို့လဲ ပေါရန်ဘုံးငွေများ ဘုံး၍နှုတ်ထွက်သွားခြင်းဖြစ်နိုင်ကြောင်း အစရှိသည့် သတင်းများ ထွက်ပေါ်နေကြောင်း..။ ၄င်းသတင်းများမှာ အခြေအမြစ်မရှိသည့်အပြင် လုံးဝမမှန်ကန်ကြောင်း…။ ငပေါငှက္ကဋ္ဌကြီးမှာ ငပေါဂေဟာကြီးကောင်းစားရေး အတွက် အချိန်ရှိသမျှ နေ့မအားညမနား ၂၄နာရီ ၇ရက်ပတ်လုံး မနေမနားလုပ်ဆောင်လျက်ရှိကြောင်း…။ သို့ရာတွင် ငှက္ကဋ္ဌကြီးအနေဖြင့် အနားယူဟန်းနီးမွန်းထွက်ဖို့တော့ရှိကြောင်း…ဘယ်ကိုသွားမည်ကိုတော့ လျို့ဝှက်ထားကြောင်း… လီဒါဟေးနှင့်လား နာအိုမီဝပ်စ် နဲ့လားမသေချာကြောင်း၊ နှစ်ယောက်စလုံးနှင့်လဲ ဖြစ်နိုင်ကြောင်း အတည်ပြုပြောကြားသည်…။
ထောက်ချုပ်က ပြောကြားရာတွင်လဲ… ပေါဂိုဏ်းကြီး၏ အခြေအနေမှာ ပုံမှန်ဖြစ်ကြောင်း၊ ပေါဂေဟာမှာလဲ ပေါဦးတည်ချက်လေးရပ်နှင့်အညီ အေးချမ်းသာယာဖွံ့ဖြိုးပေါများလျက်ရှိကြောင်း … အခြေအနေအားလုံး အွန်ဂိုးရင်းကေ့စ်စ်စ်စ် မှာရှိကြောင်း သတင်းမှားဖြန့်ချိသော မသမာသူများကိုလည်း ရှာဖွေဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်းပြောကြားသည်…။ ထို့နောက် ဖျံကျရေးဝန်ကြီးမှ သတင်းထောက်များ သိလိုသည်များကို ပြန်လည်ဖြေကြားပြီး သတင်းစာရှင်းလင်းပွဲကို မြနန္ဒာသီချင်းဖြင့် စည်တော်ရွှမ်းကာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်..။

3 comments:

NangNyi said...

တယ်.. သူပဲ ကြိုးစားပမ်းစား အလုပ်လုပ်နေသလိုလိုနဲ့..
ကုလားမနဲ့ အကြည်ဆိုက်နေပြီးတော့များ ..

chanye` said...

အဲ..အင်း...
( တကယ်ဆို ငါလည်းဘာမှမသိရပါလား ဒါပေမယ့် ငါအလုပ်လုပ်တာ လူသိတာပေါ့..ခွိခွိ)
ဟုတ်တယ်..မှန်တယ်ဟေ့ ။

Anonymous said...

ငှက်ကထကြီးရှင်..မဖုရားလေး အော်တုံးကတော. ပေါချင်တာပေါနိုင်ဘို.မှာ အော်တာဘဲလို.go လည်းပြီးကော..တူ.ဘာသာတူ အော်တိုငုတ်တုတ် ကွန်ပြူတာ တက်ကနစ်နဲ. ပေါသတင်းဆီရောက်သွားတာ.မဖုရားလေးအပြစ်မဟုတ်ပါ.
ရုံးလည်းအစောကြီးလာရတယ်..အဆူလည်းခံရတယ်..စိတ်ကောက်တယ်
လာတော.ဘူး.စိတ်ကောက်ခွင်. အကန်.အသတ်မရှိ တင်ကြောင်းပါ။
ကေလာမမ