ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Friday, December 5, 2008

သဘာငတိကြီးအတွက် ငှက္ကဌကြီးနဲ့ ဟတ်ပီးဘတ်ဒေး အင်တာဗျူး

ဒီနေ့ သဘာငတိကြီးရဲ့မွေးနေ့မင်္ဂလာဖြစ်တဲ့ အခါသမယမှာ မွေးနေ့တက်ရောက်လာတဲ့ ပျောက်ချက်သားကောင်းနေတဲ့ ငှက္ကဌဂျီးကို အတွင်းရေးမှူး-၂ရဲ့ လက်ထောက် အတွင်းရေးမှူးမလေး ဂျင်ဆန်းမီက အခုလို အင်တာဗျူးပါတယ်။

ဂျင်။ ငှက္ကဌကြီးရှင့် ဂျင်ဂျင်နည်းနည်း ဗူးမယ် အဲလေ... ဗြူးမယ်နော်။
ငှက်။။ မေးပါခင်ည။
ဂျင်။ ငှက္ကဌကြီး ဒီရက်ထဲ ပျောက်နေတယ်နော်။ အဖွဲ့လှုပ်ရှားမှုတွေနည်းနေသလိုပဲ။
ငှက်။။ ဟုတ်ကဲ့။ ဒါက ဒီလိုပါခင်ည။ အိမ်မှာ သွားတိုက်ဆေးကုန်နေလို့ပါ။
ဂျင်။ အွန်.... ဂျင်ဂျင့်မေးခွန်းနဲ့ ဘာဆိုင်လို့လဲဟင်။
ငှက်။။ ဒီလိုပါ။ “ရယ်သောသူအာပြဲ၏။ ပေါသောသူအသက်ရှည်၏။” ဆိုတာက ကျုပ်တို့ ငပေါလောကရဲ့ ဘိုးအေကြီး သမိန်ပေါသွပ်ပြောခဲ့တဲ့ ဆိုရိုးစကားလေ။ အာပြဲပြီဆိုမှတော့ သွားကပေါ်ပြီလေ။ သွားကတိုက်စရာမရှိတော့ အလှပျက်မှာ စိုးလို့ ရုံးမလာတာပါ။ သွပ်သွပ်သွပ်။
ဂျင်။ သြော်....... ဟုတ်ကဲ့ရှင့်။ ဒါဆို အခုကကော။
ငှက်။။ အခုက လခထုတ်ပြီလေ။ ခွဲတမ်းရတဲ့ ကားဘတ်မှန်နှစ်ခုကို ရောင်းစားပြီး သွားတိုက်ဆေး ဝယ်လိုက်တာပေါ့။
ဂျင်။ အော် မှတ်သားလောက်ပါပေတယ်နော်။ အခုလို သဘာငတိကြီးရဲ့ မွေးနေ့မင်္ဂလာမှာ ဘယ်လို လက်ဆောင်များပေးဖို့ စီစဉ်လာပါသလဲ။
ငှက်။။ သဘာငတိကြီးကိုပေးဖို့ လက်ဆောင်ကို တော်တော် စဉ်းစား လိုက်ရပါတယ်။ တော်ရုံလည်း ပေးလို့မဖြစ်ဘူးလေ။ ဒါနဲ့ပဲ ကျနော့ ပီအေနဲ့တိုင်ပင်ပြီးတော့ ဒီလိုစီစဉ်လိုက်ပါတယ်။ သူ့ရဲ့ ခပ်ပိန်းပိန်းကောင်မလေးရဲ့ အတွင်းလျှို့ဝှက်ချက်တွေကို စုံစမ်းပြီး ဒါတွေကို အသုံးချရင် သဘာငတိကြီး အတွက် ပိုးပမ်းရာမှာ သိပ်ကို အသုံးတည့်မှာဖြစ်လို့ ထောက်ချုပ်ကို စုံစမ်းစေခဲ့ပါတယ်။
ဂျင်။ သိပ်ကို စိတ်ဝင်စားစရာကောင်းနေပါပြီ။ အဲဒီတော့ ဘာဆက်ဖြစ်ပါသလဲရှင့်။
ငှက်။။ ထောက်ချုပ်ကလည်း ချက်ချင်းဆိုသလိုပဲ အဖွဲ့ ဘတ်ဂျတ်တွေယူပြီးတော့ သူခိုးကြီးငတတ်ပြားရဲ့ ၃၇ဝမ်းကွဲသော မြေးကို ငှားပြီးစုံစမ်းစေပါတယ်။ အဲဒီမှာပဲ တွေ့ရှိခဲ့ရတာက ခပ်ပိန်းပိန်းကောင်မလေးရဲ့ ဒိုင်ယာရီထဲမှာ သဘာငတိကြီးကို သူ့ဘက်ကလည်း စိတ်ဝင်စားနေကြောင်း ရေးသားထားပြီး အဓိက အချက်နှစ်ချက်ကြောင့် သဘာငတိကြီးကို လောလောဆယ် လက်မခံသေးကြောင်း၊ ဒီအချက်နှစ်ချက်ကိုသာ သဘာငတိကြီး ပြုပြင်နိုင်မယ်ဆိုရင် ချက်ချင်းအဖြေပေးမှာ ဖြစ်ကြောင်း ဖြစ်ပါတယ်။
ဂျင်။ အဲဒီအချက်နှစ်ချက်ကိုများ သိရနိုင်မလားရှင်။
ငှက်။။ ပြောလို့မရဘူး ခင်ဗျ။ အဲ့ဒါက ကျနော်တို့ သဘာငတိကြီးရဲ့ လျှို့ဝှက်ချက်ဖြစ်နေလို့ပါ။
ဂျင်ဆန်းမီက တွင်း-၂ ကို လှမ်းကြည့်လိုက်တယ်။ တိုကြီး တူကပြောဝူးတဲ့။ ဆိုတာနဲ့ပဲ တွင်း-၂လည်း ဆန်းမီလေးရဲ့အကြိုက်ကိုလိုက်လို့ ငှက္ကဌကြီးကို မရရအောင်ပြောတော့မှ....
ငှက်။။ ဟုတ်ပြီလေ။ ဒါဆိုလည်းပြောတာပေါ့။ ပထမအချက်က သဘာငတိကြီးက လူကြားသူကြားထဲမှာ အီးပေါက်တတ်တဲ့ အကျင့်နဲ့ ဒုတိယအချက်ကတော့ အတွင်းခံဘောင်းဘီ ဘယ်လောက်စုတ်စုတ် လွှင့်မပစ်ပဲ ဝတ်တတ်တဲ့ အကျင့်ပါ။ ဒါကို ခပ်ပိန်းပိန်းကောင်မလေးက ဘယ်လိုသိလဲဆိုတာတော့ ကျနော်တို့ သဘာငတိကြီး အိမ်ကို အလည်အပတ် ခရီးစဉ်ရောက်ခဲ့တုန်းက နောက်ဖေးမှာ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အတွင်းခံဘောင်းဘီတွေ လျှော်ပြီးလှမ်းထားတာ တွေ့လို့ပါလို့ ဒိုင်ယာရီထဲမှာ ရေးထားကြောင်း ထောက်ချုပ်ရဲ့ တပည့်ကပြောတာပါ။
ဂျင်။ အခုလိုဖြေကြား ပေးတာကျေးဇူးပါရှင့်။ သဘာငတိကြီးကို မွေးနေ့ဆုတောင်းလေးများ ပြောကြားပေးပါဦး။
ငှက်။။ အခု အသက် ၂၄ မှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင် အီးများများပေါက်။ အဲလေ။ အီးမပေါက်ပဲ ခပ်ပိန်းပိန်းကောင်မလေးနဲ့ ထာဝရ လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးရင်း သဘာငတိကြီးအတွက် အတွင်းခံ ၆ထည်ကို မွေးနေ့လက်ဆောင် အဖြစ်ပေးလိုက်ပါတယ်။ ဟတ်ပီးဘတ်ဒေး တူ သဘာငတိကြီးဗျား။
ဂျင်ဆန်းမီလည်း ငှက္ကဌကြီးကို အာဘွား ၇-ချက်ပေးပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ပါတယ်။

6 comments:

Yaminnie’s Daydream said...

ဒါဆို တွင်း-၂ ကရော ဘာလက်ဆောင်ပေးလိုက်လဲ ဟင်

sait phay yar said...

အဟမ်း.. အခုလိုလေ့လာတင်ပြ ဆွေးနွေး သွားသော ငှက်ကဥအား အထူဘဲဇူးတင်ပါတယ်။


တွင်း၂ ကတော့ အာဘွားပေးဘူးလားဟင်

Andy said...

ဟီဟိ ဘာပဲဖြစ်ဖြစ် ဂျင်ဆန်းမီ အာဘွားအခံရတာ အမြတ်ပဲ ဟီဟီဟိဟီ

Unknown said...

နဲ့နဲ့တော့ လွန်လာပြီနော် ဟင်းဟင်း

s said...

ပီားပိာ ရေးပဲရေးတက်ပပေ့ ။ ကိုဖိုးဂျဲလေး သနားပါတယ် ပာားပာ ။ ခပ်ပိန်းပိန်းကောင်မလေး ပြန်ကြိုက်ပါစေရှင်။ :P

ဗန်ပိုင်းယား said...

ဂျဲတော့ မဟာ လျှို့ဝှက်ချက်တွေ ဆန်းမီနဲ့ တွေ့မှ ပေါ်ကုန်ပီ ... ဟီဟိ