ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Monday, December 1, 2008

အတွင်းရေးမှူး-၂ ကောလဟာလများ မရှင်းလင်းစ ဖူး ရှင်းလင်း ဖြေကြားခြင်း

စင်္ကာပူနိုင်ငံတွင် အလုပ်လာရှာပြီး မရ၍ ပြန်သွားသော သူငယ်ချင်း မေဖူးနှင့် ပတ်သတ်၍ အလိမ်အညာများရှောင်ရှားနိုင်ရန် ပို့စ်တစ်ပုဒ် ရေးသားလိုက်သော တွင်း-၂ က ကန်ဘောင်တွင် ပြောင်းဖူးစားနေစဉ် အမှုရှောင်၏ "ကြေးအိုးမတိုက်လျှင် ဘတ်ဂျတ်များ ဘုန်းထားခြင်းကို တိုင်ကြားမည်" ဆိုသော အကျပ်ကိုင်မှုကြောင့် ဂျီမေးလ်တစ်ခုပေးပြီး လာဘ်ထိုးမှု၊ ပြောင်းဖူး အတင်းကျွေးကြောင်း အသင်းသားဂျုပ်၏ ကွန်ပလိန်းတက်မှု များဖြင့် သတင်းများ ထွက်ပေါ်နေခြင်းကို အတွင်းရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူက အောက်ပါအတိုင်း ရှင်းလင်းပြောကြား

အသင်းကြီးရဲ့ တစ်လပြည့် လပတ်လည် အချိန်အခါသမယလည်း ဖြစ်၊ Sweet December လည်း ဖြစ်တဲ့ အချိန်ဆိုတော့ အသင်းကြီးအတွက် ဘာလုပ်ပေးရင်ကောင်းမလဲ ဆိုတဲ့ အတွေးတွေနဲ့ တစ်ယောက်တည်း ကန်ဘောင်မှာ ပြောင်းဖူးစားနေတုန်း အမှုရှောင်က ဗြုန်းဆိုရောက်လာပြီး ရည်းစားကညာ မရှိလေတဲ့ တွင်း-၂ က ကောင်မလေး တစ်ယောက်အကြောင်း မစဉ်းစားသဖူး စဉ်းစားနေသလားဆိုပြီး နှောက်ယှက်ချင်တဲ့ အတွေးနဲ့ ရခိုင်မုန့်တီ ဒါမှမဟုတ် သူတစ်ခါမှ မစားဖူးတဲ့ ကြေးအိုး ကျွေးခိုင်းပါတယ်။ တွင်း-၂ ကလည်း ရခိုင်မုန့်တီ၊ ကြေးအိုးတို့စားလျှင် တဖူးဖူးဖြင့် မှုတ်၍စားရသည်မှာ မသက်သာကြောင်း။ ပြောကြားပြီး အဲကွန်းခန်းထဲတွင်ထိုင်၍ ချက်တင်းထိုင် နိုင်ရန် ရွှေဖူးရွာမှ ကိုဖူးငွေ ဖွင့်ထားသည့် ဖူးဗေပုံဖူး အင်တာနက်ဆိုင်တွင် သွားသုံးရန် စေတနာဖြင့် ဂျီတော့လိပ်စာ တစ်ခုပေး၍ လမ်းညွှန်လိုက်သည်ကို မကျေနပ်နိုင်သေးပဲ လက်ထဲမှ ပြောင်းဖူးကို ပါစားချင်ကြောင်း ပြောလာသဖြင့် အနီးရှိ ဒေါ်ဖူးဖိန် ရောင်းသော ဖူးဖော်ဖန် ပြောင်းဖူးလှည်းမှ ၃ ဖူး ၁၀၀ဖြင့် ထပ်ဝယ်ရာ ၂ ယောက်တည်း စား၍ မကုန်နိုင်သဖြင့် အသင်းသားဂျုပ်ကြီးကို ကျွေးရာ သူက မကြိုက်သဖြင့် အတင်း ဖူးခံငြင်း၍ ထွက်ပြေးပြီးရာ မုန်ဟင်းခါးဆိုင်မှ ပစ်ထားသော ငှက်ပြောဖူးဖတ်ကို တက်နင်းမိပြီး ချော်လဲကာ အာလူးဖူးသီး ဖူးယောင်သွားပြီး ဖူးစေတနာ ဆေးခန်းတွင် သွားပြရာ ဆရာဝန်က ပါရာစီတဖူး ဆေးကို သောက်သုံးပါက ပျောက်ကင်းသွားမည်ဖြစ်ကြောင်း ပြောတော့မှ ဖူး....... ချနိုင်ပြီး ကံနိမ့်သည်ဟုယူဆကာ ဘုရားသွားဖူး ကြပါကြောင်း။ ကြားပန်း ၇ ဖူး လှူတန်းပြီး ဖူးငုံ ရုပ်ရှင်ရုံတွင် ဖူး ရုပ်ရှင် သွားကြည့်သေးကြောင်း။ လမ်းတွင် အမှုရှောင်၏ သူငယ်ချင်းဖြစ်သူ အိဖူးပါတွေ့၍ တူတူသွား ကြည့်ခဲ့ကြကြောင်း နှင့် ရုပ်ရှင် အပြီးတွင် ဖူးဝေဝေ ထမင်းဆိုင်တွင် မယ်ဇလီဖူးဖြင့် ထမင်းစားပြီး ပြန်ခဲ့ကြကြောင်း................. ရှင်းလင်းပြောကြားခဲ့သည်။

7 comments:

Yaminnie’s Daydream said...

စာလဲဖတ်ပြီးရော... ဖူး..ဖူး..ဖူး နဲ့ ... ဖူးဖောင်းများ... ပါးစပ်အတွင်းမှ... ဖူးပွင့်ငုံစီ ထွက်လာကြောင်း...

sait phay yar said...

မောနေပြီလားတွင်း၂.. တစ်ဖူးဖူးနဲ့ တဂိုဏ်းလုံးလည်းဖူးကုန်ပါဘီ ဗူးရယ် အဲ.. တူးရယ်

ဖိုးဂျယ် said...

ဖူး ဖူး ဖူး ဖူး ဖူး .......
ပြေင်းဖူးက ပူတယ်လေ . . . . ဖူး
ဖူး ဖူး ဖူးနဲ့ မှုတ်ရတာကို မောလိုက်တာ ဖူး . . .
ဖူး . . . . .

Thet Mg Oo said...

ဖူး..ဖူး .. ဖူး . .. အပေါဂိုဏ်းမှ အဖူးဂိုဏ်း သို့ နာမည် ပြောင်းဖွယ်ရှိ .. . ဖူးဖူးဖူး

NangNyi said...

တဖူးဖူးနဲ့ တံတွေးတွေလည်း စင်လှပါပြီ .. ဖူး

tututha said...

ဖူးပင်လယ်ထဲ လက်ပစ်ဖူး အဲ ယောင်လို့ ကူးသွားတယ်။ ဖူး ……. ဖူး ………. ဖူး

ခေါင်ခေါင် said...

ဖူး ..ဖူး.. မရပ်မနား ဖူး.... ဖူး.. ဖူး.. ဖူး....
ဖူး.. နန်းစတော့ ... ဖူး...
ဖူး.. ပြီးရင်း ...ဖူး.. ဖူး... ဖူး..
ဖူး..ဖူး...

အမလေး..ဖူး ရတာ.. မောလိုက်တာ