ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Saturday, December 13, 2008

ငပေါဂိုဏ်း ငှက္ကဋ္ဌကြီး၏ ဖျန်ဖြေစေ့စပ်ရေး သဝန်လွှာ

ပေါဘလော့သူ၊ ပေါဘလော့သား အပေါင်းတို့ ခင်ဗျား…
ဒီဇင်ဘာ ၇ရက် ဒေသစံတော်ချိန် ၁၀နာရီ ၂၆ မိနစ်တွင် ဗိုလ်ချုပ်ကြီးအိမ် စတင်ခဲ့သော ဘလော့ဂ်ဂါ စစ်မီးသည် ဒီဇင်ဘာ ၁၂ရက်နေ့ ဒေသစံတော်ချိန် ၁၂နာရီ ၁၆မိနစ်တွင် ကျွန်ုပ်တို့ ငပေါနိုင်ငံတော်ကြီးအား ကူးစက်ခြေပြီ…။ မူလအစက ကျွန်ုပ်ငပေါ ငှက္ကဋ္ဌကြီးအနေဖြင့် စစ်မီးငြိမ်းအံ့နိုး ငြိမ်းအံ့နိုးဖြင့် ဘေးထိုင် ဘိုင်ကျ အသာမျက်လွှာချနေခဲ့သော်လည်း… ယခုငပေါနိုင်ငံတော်အတွင်း၌ပင် ဝန်ကြီးများအတွင်း ဟိုဘက်ဒီဘက် သက်ဆိုင်ရာဘက်များသို့ အလျိုလျိုပါဝင် စစ်ပြင်ဆင်နေကြခြင်းကြောင့် ငပေါငှက္ကဋ္ဌတစ်ယောက်အနေဖြင့် ကြားဝင်ခွတုတ်ခလောက်ဆန်ရန် လိုအပ်သည်ဟု ထင်မြင်ယူဆသည့်အလျောက်... ကြားဝင်ခဲ့ရပေသည်…။
ကျွန်ုပ်ငပေါငှက္ကဋ္ဌကြီးသည် ငပေါနိုင်ငံငြိမ်းချမ်းသာယာခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်နှင့် ငပေါဘလော့လောက အေးချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်လေ့ရှိကြောင်း ငပေါတိုင်းသိပြီးဖြစ်ပေသည်။ ထို့ကြောင့် ယခုအခင်းကြီးတွင်လဲ တတ်နိုင်သလောက်စွမ်းစွမ်းတမံဆောင်ရွက်သွားမည်ဖြစ်ပါသည်..။
ယခုအရေးအခင်းကြီးတွင် ဘလော့ဂ်ဂါ ကိုကိုများမှစတင်ခဲ့ခြင်းဖြစ်သော်လည်း အားနွဲ့သောယောင်္ကျားသား တစ်ယောက်ထဲကို မဟာမိတ်မမများမှ ဝိုင်းဝန်းတိုက်ခိုက်ရာမှ အခြားဆိုင်ရာဆိုင်ရာမဟာမိတ်နိုင်ငံများပါဝင် လာရာမှ ပြဿနာကြီးထွားလာပြီး ငပေါနိုင်ငံတွင်ပါ အကွဲအပြဲများဖြစ်ပေါ်ခဲ့သည့်အတွက် ပြန်လည်တိုက်ခိုက်ကြသော မဟာမိတ်မမများတွင်လဲ တာဝန်ရှိပေသည်…။ စင်စစ်မှာ ငပေါဘလော့လောကအေးချမ်းရေးအတွက် အားလုံးတာဝန်ရှိသည် မဟုတ်တုံလော (ဟီဟိ)…။
ယခုအခါတွင်မတော့ မဟာမိတ်မမများဘက်မှ ဘလော့ဂ်ဂါကိုကိုတို့ စစ်ရှုံးပြီဟုကြေငြာသော်လည်း ဘလော့ဂ်ဂါကိုကိုတို့မှ တရားဝင်လက်နက်ချခြင်းမရှိရုံမက တချက်တချက်တွင် ပြောက်ကျားစစ်ဖြင့် ပြန်လည်တိုက်ခိုက်နေသေးလျက်ရှိ၏…။ ထို့အတွက် ကျွန်ုပ်ငပေါငှက္ကဋ္ဌကြီးမှ မေတ္တာရပ်ခံလိုသည်မှာ…
-နှစ်ဘက်စလုံးမှတိုက်ခိုက်မှုများကို ရပ်ဆိုင်း၍ စစ်ပြေငြိမ်းကြရန်…။
-ငပေါဂိုဏ်းကြီးမှ ကြီးမှူး၍ ငပေါဘလော့လုံးဆိုင်ရာ ကုလပေါမဂ္ဂအဖွဲ့ကြီးကို ငပေါများစုပေါင်း တည်ထောင်ရန်..။
-ဘလော့ဂါမမများမှ ဘလော့ဂါကိုကိုများစစ်ရှုံးသည်ဟု အရင်ကြေငြာလိုက်သည့်အတွက် အားလုံး ငြိမ်းချမ်းစွာ ဖြေရှင်း၍ နှစ်ဘက်စလုံးလက်နက်ရုပ်သိမ်းရန်…။
-စစ်ရှူံးသည်ဟု ကြေငြာခံရသော ဘလော့ဂ်ဂါကိုကိုများမှ စစ်လျော်ကြေးအဖြစ် မမများထံသို့ ရည်းစားစာ သက်စေ့ပေးအပ်ရန်..။
-စစ်လျော်ကြေးရရှိသည့် ဘက်မှ စစ်ရှုံးသူများအား ဘလော့ဂ်ဂါခြင်းစာနာမှူအကူအညီအဖြစ် … အာဘွားရှလူး သက်စေ့လုပ်ပေးရန်…။
-ငြိမ်းချမ်းရေး လှုပ်ရှားဆောင်ရွက်သော ကျွန်ုပ်ငပေါငှက္ကဋ္ဌကြီးအား ကုလပေါမဂ္ဂခေါင်းဆောင်ကြီးအဖြစ်ခန့်အပ် ခြင်းအားဖြင့် ပေါငြိမ်းချမ်းရေးကို မြတ်နိုးကြရန်…။
-စစ်ထဲပါဝင်ကြသော ပေါဂိုဏ်းသားများကို သဘောထားကြီးရင့်စွာဖြင့် မူလရာထူးပြန်လည်ခန့်အပ်ရန်..။
ဟူသောအချက်များပင်ဖြစ်ပါသည်…။ သဘောတူလက်ခံကြပါက ကုလပေါမဂ္ဂရုံးစိုက်မည့် ငပေါဂေဟာတွင် ငြိမ်းချမ်းရေးဆွေးနွေးကြရန် ဖိတ်ကြားအပ်ပါသည်…။ (ဟီဟီ)

ပုံ
ငှက္ကဋ္ဌ
ငပေါဂိုဏ်းကြီး

9 comments:

Dream said...

ပေါရက်ပါပေ့ပေါကထရယ်.... ဟိဟိ..
စစ်လျော်ကြေးလည်းမယူပါရစေနဲ့... အဲဒီ ဘလော့ကိုကိုတွေရဲ့
စစ်လျော်ကြေးတွေ ကိုအကူအညီတကယ် လိုအပ်နေသော
၁၀၀ပဲပေးရသော ဦးရီးတော်အလှတရား နှင့် ဓာတ်ဆီ အမြဲတမ်း ခွက်ပုံးခုတ်နေသော ဦးဦးချင်တေ့တို့အား ရေစက်ချ လှူလိုက်ပါကြောင်း ဘလော့ကာ မမတို့၏ ကိုယ်စား ပြု သတင်းရပ်ကွက်က ယမန်နေ့ ယခုချိန်တွင် ပြောကြားသွားပါတယ်။

ဆက်လက်၍ ၄င်းဘလော့ကာဦးရီးတော်အလှတရားနဲ့ ဦးချင်တေ့တို့မှ ၄င်းလှူတန်းခံယူရသော ဘလော့ကာမမများထံမှ ကျေးဇူးတင်သောအားဖြင့် ဘလော့ကာကိုကိုတို့အား ၄င်းတို့မှ ဆက်လက်၍ အာဝါး အမြှောက် မသေမချင်းပေးကို ကျန်ဘလော့ကာ ကိုကိုတို့အား ပေးစေရန် ဘလော့ကာ မမတို့မှ အကြံပြုထွက်ဆိုသွားပါတယ်.....

ပုံ ဘလော့ကာမမတို့၏ ကိုယ်စား...

မက်မက်

သက်တန့် said...

မက်မက်ပြောတာကို ထောက်ခံပါတယ်...
ပုံ
တန့်တန့်...

ဂျူဝသန် said...

ဟုတ်ပီကွ... သူတို့လိုက်နာရင် တို့ လည်း လက်နှက်ချရုပ်သိမ်းလိုက်မယ်လေ..။ အချက်တွေ ကောင်းပါတယ် အုက်ကထကြီးဗျား..။

Dr Phyo Wai Kyaw said...

ဟေ
ကြားထဲက နာတို့က အကစ်ခံရပဟ..
စေ့စပ်ကြောင်းလမ်းတယ်ဆိုလို့ ပြေးလာတာ
ဟုတ်လည်း မဟုတ်ဘူး..

အလကားနေရင်း စစ်လျော်ကြေးရလိုက်တယ်
အာဝါးကတော့ ကိုချင်တေ့ပေးလိမ့်မယ်
ပိုက်ဆံယူသွားတယ်... မကြေနပ်တဲ့သူရှိရင်.. အိုစမာဘင်လာဒင် ဆီက ပြန်တောင်း

ဒါဘဲ...။

Anonymous said...

ယခု ငြိမ်းချမ်းရေးအတွက် ချစ်ကြည်ရေး ဘော
လုံးပွဲကျင်းပရန် စီစဉ်ရေးသားနေပါကြောင်း
မကြာမီအချိန်အတွင်း တင်ဆက်နိုင်ရန်ကြိုးစားနေပါကြောင်း။

နေ့အိပ်မက် said...

မမမက်ပြောတာ အကုန် ထောက်ခံတယ်။ စစ်ပြေငြိမ်းပြီဆိုမှတော့ စစ်လျော်ကြေးလည်းယူတော့ဘူး။ စာနာထောက်ထားမှု အတူအညီရဲ ပေးတော့ဝူးနော်။ ဒါဆိုကျေပြီလေ။
www.mydaydream.co.nr

Yaminnie’s Daydream said...

သူတို့ဆီက ဘာမှလိုချင်ဝူး...
ပြေငြိမ်းပြီဆိုပြီးတာပဲ... ငှဲ ငှဲ...
တွားပြီ....

Unknown said...
This comment has been removed by the author.
Anonymous said...

ငှက်ကဋ္ဌ ကြီးခင်ဗျား...တရားဝင် စစ်ပြေငြိမ်းပြီ ဆိုရင်တော့ လုပ်ထုံးလုပ်နည်းအတိုင်းဖြစ်စေရန်နှင့် မမ များ မနစ်နာ စေရန် သတ်မှတ်ချက်အတိုင်း စစ်လျှော်ကြေး ပေးရန် ဆောင်ရွက်ပေးလိုက်ပါ ခင်ဗျာ ။