ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, December 23, 2008

မင်္ဂလာဆောင်(၃)

"ကဲပါ ပွကြီးရာ......မင်းမိန်းမကို ငါတို့ ပြန်ချော့ပေးပါ့မယ်.......အခု ပြသနာကိုလည်း ငါတို့ ဖြေရှင်းပေးပါ့မယ်....ပြတ်သွားတာကိုလည်း ပြန်ဆက်ပေးပါ့မယ်" ဂျဲဂျယ်က ပြောခြင်းဖြစ်သည်။ ကိုယ်ကတော့ မှတ်လောက်သားလောက်အောင် ပစ်ထားလိုက်ချင်သော်လည်း ခေါင်ခေါင် မင်္ဂလာဆောင်က ရှိသေးသည်။
"အေး..နောက် ဖဲမရိုက်တော့ဘူးဆိုရင် မင်းကို အာမခံနဲ့ ထုတ်ပေးမယ် . . နို့မို့ဆိုရင်တော့ မင်းဘာသာမင်း ထောင်ဘယ်လောက် ကျကျ ပစ်ထားလိုက်မယ် ပွကြီး" ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပွကြီးတစ်ယောက် ဆက် ကနဲ့ တုန်သွားသည်။ ဒီ ကိစ္စက ပေါ့သေးသေးမဟုတ်.. ပုဒ်မက အတော်ကြီးသည်။ အမျိုးသမီးရေးရာကပါ သိသွားလို့ကတော့ ထောင် (၇)နှစ်လောက် ကျသွားနိုင်သည်။ သူ့ မိန်းမဆုံးရှုံးသွားသည့် အရာများကလည်း ဘယ်ဈေးကွက်မှာမှ ပြန်ရှာပြီး အစားထိုးလို့ ရသည့် အရာမဟုတ်။ လင်မယားချင်းမို့သာ သည်းခံရင် သည်းခံမည်။ အလျော်သာ ပြန်တောင်းလို့ကတော့
"ဒီမသာ သေပြီသာမှတ်" ဟု ပြောရမည်။
ပွကြီး တော်တော်ကြာအောင် စဉ်းစားသည်။ သူ့ ဘ၀အတွက် အရေးအကြီးဆုံး အခြေအနေတစ်ရပ်ဟု ယူဆထားပုံပေါ်သည်။ သူ့ ဆုံးဖြတ်ချက်သည် သူ့ ဘ၀တစ်ခု ဖြစ်လိမ့်မည်။ ကိုယ် အံ့သြမိသည်ကား ... ထောင်ကျခံ မလား ၊ ဖဲကို ဖြတ်မလားဟု မေးသည်ကို ပွကြီးတစ်ယောက် သည်လောက်ကြာကြာ စဉ်းစားနေခြင်းကို ဖြစ်သည်။ ထူးဆန်းပါပေသည်။ ဖဲ မရိုက်ရရင် သေများ သေမည်လား မသိ။ ပွကြီး ခေါင်းမော့လာသည်။ သက်ပြင်းရှည်ကြီးကို ချသည်။ ဒီလိုပဲ ဖြစ်ရမည်ပေါ့။ မည်သူက ဖဲအတွက်နှင့် ထောင်ကျခံပါမည်နည်း။ "ငါ့ ကို ခွင့်လွှတ်ပါ..ထောက်ချုပ်၊ ခွင့်လွှတ်ပါ သဘာပတိ၊ ငါ့ကို ဒီထဲမှာပဲ ထားခဲ့လိုက်ပါတော့ ... ရာဇ၀င်ထဲမှာပဲ ပွကို ထားခဲ့လိုက်ပါတော့ . . . ငါလေ. . ထောင် (၇)နှစ်လောက် အကျခံနိုင်တယ်။။ ဖဲ မရိုက်ပဲ တစ်သက်လုံး မနေနိုင်လို့ပါ . . . ငါ့ကို ခွင့်လွှတ်ပါကွာ . . .။ သြချရလောက်ပါပေသည်။


ထို့ကြောင့်လဲ ဂေဟာမှာ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဖြစ်နေခြင်း ဖြစ်မည်။ ခန့်တဲ့ သူတွေကလည်း ခန့် တက်ပါပေသည်။ တကယ့်ဖဲသမား စစ်စစ်ကိုမှ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ခန့်လေသည်။ ရန်ပုံငွေတွေ ကုန်တာ နည်းတောင် နည်းသေးသည်။ "ကဲပါကွာ ..ပွကြီးရာ..ဖဲလည်း မဖြတ်ပါနဲ့တော့ . . . မင်းကိုလည်း ထောင်ထဲမှာ မထားခဲ့ပါဘူး . . အခုတော့ ခေါင်ခေါင့် မင်္ဂလာဆောင်မီအောင် ငါတို့ သွားကြစို့ . . နာယက မတူးအိမ်မှာ ဂေဟာက လူတွေ အကုန်စုပြီး စောင့်နေလိမ့်မယ်။
"ကဲ..လုပ်လုပ် လေယာဉ်ပေါ်တက်.."
ဒီလိုနှင့် ရဲစခန်းက သူတို့ (၃)ယောက်ကို ခေါ်ပြီး ပြန်အထွက်တွင် နန်းညီကို အပေါက်ဝတွင် ဆိုက်ကားတစ်စီးနှင့် ရောက်လာသည်ကို တွေ့ရလေသည်။
"ဟင် . . နန်းညီ . . ဘယ်လိုဖြစ်လာတာလဲ . . ဆိုက်ကားနဲ့ . . " "အေး . . ငါ ငှက်ကထနဲ့ တွင်း-2ကို လာထုတ်တာလေ. . . မင်္ဂလာဆောင်ကို သွားရင် မမီမှာ စိုးလို့ ရပ်ကွက်ထဲက ဆိုက်ကားဆရာဆီက နေ့ပြတ်နဲ့ ဆိုက်ကားငှားပြီး ငါကိုယ်တိုင် နင်းလာတာ...ဟီး..ဟီး"
သြော် . . . . နန်းညီ . . . နန်းညီ . . ကြောင်လည်း ကြောင်ပါပေသည်။ တကယ့် မင်္ဂလာဆောင်ကို ဆိုက်ကားနှင့်သွားမည်တဲ့ .. မထူးတော့ သူ့ဆိုက်ကားပါ လေယာဉ်ပေါ်တင်ပြီး နာယကအိမ်သို့ ထွက်လာကြသည်။ နာယက မတူးတူးသာ၏ အိမ်ကိုရောက်တော့ လူက စုံနေပြီ ဖြစ်သည်။ ဂေဟာမှ လူတွေ အကုန်လုံး စုမိဖို့ က ကြုံတောင့် ကြုံခဲဖြစ်သည်။ ဒီတစ်ခါတော့ ခေါင်ခေါင့် မင်္ဂလာဆောင်ကြောင့်သာ စုမိကြခြင်းဖြစ်သည်။ ဇင်ဇင်ကို မတူးတူးသာ ဘယ်မှာလဲ ဟု မေးတော့ ရေချိုးခန်းဝင်နေသည်ဟု ပြောသည်။ ခဏစောင့် ရဦးမည်..။ စောင့်ရင်းနှင့် တစ်ခုခု စားဖို့ ဂေဟာမှာ တောက်တိုမယ်ရခိုင်းဖို့ ခန့်ထားသော တစ်ဦးတည်းသော အသင်းသား ကေလာ့ကို သွားဝယ်ခိုင်းရသည်။ ကေလာကား တိုက်ပုံနှင့် ပုဆိုးနှင့် သားသားနားနားဝတ်လာသဖြင့် သွားဝယ်ချင်ပုံ မပေါ်။ အင်..တင်တင်လုပ်နေသည်။ အက်ျီကြေမှာ စိုးလို့ ဖြစ်သည်။ လောလောလတ်လတ်ထောင်မှ ထွက်လာသည့် လူမိုက်ကြီး (၃)ယောက်က ဗိုက်ဆာနေပြီဖြစ်သည်။ ကေလာကို သွားဝယ်ဖို့ ၀ိုင်းဖားကြသည်။
"လုပ်ပါ ကေလာကြီးရယ်.....မင်းကို မင်္ဂလာဆောင်ရောက်ရင်..အရန်သတို့သားလုပ်ခိုင်းဖို့ ခေါင်ခေါင့်ကို ပြောပေးပါ့မယ်"ဟု ငှက်ကထက ပြောသည်။
" တော်စမ်းပါ . . . ငှက်ကထရာ . . . အနားကပ်ပြီး မပြောပါနဲ့ . . ခင်ဗျားဆီက အရက်နံ့နံလွန်းလို့ပါ . . သတို့သား အရန်လည်း မလုပ်ချင်ပါဘူး . . ကျုပ်ရုပ်ဆိုးတာ ကျုပ်ဘာသာ ကျုပ်သိပြီးသားပါ..." ဟု ကေလာကြီးက ပြန်ပက်သည်။ဒါဆိုရင်..မင်းဘာလိုချင်လဲ ၀ယ်ပေးမယ်လေကွာ..."ဟု တွင်း-၁ က ဆက်ဖားသည်။"မရ.. ကေလာတို့ က ဗူးဆိုရင် ဖရုံမသီး...ဘာမှ မလိုချင်ဘူး"ဟု ပြန်ပြောသည်။>"သူတောင် သူများဆီက ကပ်စားနေရတာများ..."ဟု မကြားတကြားနှင့် ပြောလိုက်သေးသည်။ "" ဒီမယ် ..ကေလာ ... မင်းကို င့ါမှာ ရှိတဲ့ ရွှေကြယ်သီး (၂)လုံး ပေးမယ်..မင်း...တစ်ခုခုသွားဝယ်ပါကွာ .."ဟု ပွကြီးက ထပ်ဆွယ်သည်။ "အရင်က ဂေဟာမှာ ခင်ဗျားတို့ ခိုင်းတာ အကုန်လုပ်တယ်..အခုတော့ ဘာမှ မလုပ်ဘူးကွ..ဟု ကေလာကြီးက တင်းခံနေသည်။ ""ဒီမယ်...ကေလာ...မင်းဘာကြိုက်တယ်ဆိုတာ ...ငါသိပါတယ်ကွာ.. ငါပေးမယ့် ကြယ်သီး (၂)လုံးကို မင်းမမြင်သေးလို့ပါ...ကြည့်ကြည့်ပါဦးကွ"..ဟုဆိုပြီး သူ့ မိန်းမဆီက ဖြတ်လာသော ကြယ်သီးတွေကို လက်ဝါးပေါ် ဖြန့်ပြတော့ ကေလာကြီးက စိတ်မ၀င်စားသလိုလိုနှင့် တစ်ချက်စွေကြည့်သည်။""ဟင်...ဒါ..ဒါ..ကြယ်သီးလား...""ဒါ ..တားတား တိတ် ကြိုက်တဲ့ ပစ္စည်းမျိုးတွေ.. တားတား တိတ်ကြိုက်တဲ့ ပစ္စည်း..တွေ...." သွားပြီ.. ကေလာကြီး ဟန်ပင်မဆောင်နိုင်..တော့ ... ပွကြီးပေးသည့် ကြယ်သီးက သူထင်သလို ကြယ်သီးမဟုတ်.. သူမထင်ထားသော သူ့ အကြိုက်ကြယ်သီးတွေ ဖြစ်နေသည်။ ဆက်..ခနဲ ကောက်ယူပြီး ကြယ်သီးတစ်လုံးကို တိုက်ပုံ အကျီ်ထဲ ရိုရိုသေသေထည့်သည်။ နောက်တစ်လုံးကိုတော့ သူ့ ပါးစပ်မှာ ခပ်မြန်မြန်လေး ကောက်တပ်လိုက်လေသည်။ ထို့နောက် စားစရာဝယ်ရန် မပြေးရုံတမယ် အပြင်သို့ ထွက်သွားလေတော့သည်။
"ဟင်.. မတူးတူးသာ .. ရေချိုးလို့ မပြီးသေးဘူးလား"ကျွန်တော်မေးတော့မှ အားလုံးက မတူးတူးသာ ရေချိုးနေတာကို ပြန်သတိရသည်။ ဟုတ်ပ "ကြာလိုက်တာ.." ဟု အမှုဆောင်က ပြောသည်။"ရေချိုးခန်းထဲမှာ ချော်လဲများနေလား မသိဘူး။ သူက အရင်က သွပ်ချာပါဒ ဖြစ်ဖူးတယ်။ ခွေးရူးကိုက်တာလည်း ခံဖူးတယ်"ဟု နန်းညီက ၀င်ပြောသည်။ သူပြောမှ အားလုံး စိတ်ပူပြီး ရေချိုးခန်းဆီသို့ သူ့ထက်ငါ ပြေးလေသည်။ ရေချိုးခန်းသို့ရောက်တော့မှ မတူးတူးသာက အေးအေးဆေးဆေး သီချင်းလေး တညီးညီးဖြင့် ရေချိုးခန်းထဲမှာ ထွက်လာသည်။ ကိုယ်တို့ကို မြင်တော့ အလန့်တကြားဖြစ်သွားပုံရသည်။ သူ့ လက်ထဲမှ တစ်စုံတစ်ရာကိုလဲ လက်နောက်ပစ်ပြီး အမြန်ဖွက်လိုက်သည်ကို မြင်လိုက်ရသည်။ ကျွန်တော်တို့ကို မမြင်စေချင်ရအောင် ဘာများပါလိမ့်..။ ရေချိုးခန်းထဲမှာ ဒီလောက်ကြာကြာဝင်ပြီး သူဘာလုပ်နေပါလိမ့်.. သူ့လက်ထဲက ဘာများပါလိမ့်... စဉ်းစားသော်လည်း အဖြေမပေါ်..။ မထူးတော့ ...ဒီလူနဲ့ ဒီလူ အားနာစရာမလို မေးလိုက်တော့မည်။
""ဒီမယ် ..မတူး လက်ထဲက ဘာလဲ..."
"ဟင်..ဘာမှ မဟုတ်ပါဘူး.. မဟုတ်ပါဘူး.. " မတူးတူးသာ အလန့်တကြားငြင်းသည်။ မရတော့.. အားလုံးက စိတ်ဝင်စားနေကြပြီ.. မတူးတူးသာ ထွက်ပြေးဖို့ ပြင်သည်။ ဆည်မြောင်းဝန် သံလွင်က လက်ကို လှမ်းဆွဲပြီး အတင်းလု ကြည့်လေသည်။ တွေ့ပါပြီ.. တွေ့ပါပြီ..
"သံ ဘရပ်ကြီး" "........." "သံ ဘရပ် အကြီးကြီး.."အားလုံးက ၀ိုင်းအော်သည်။ မတူးတူးသာ ခြေထောက်ကို ငုံကြည့်လိုက်တော့မှ တစ်ချို့နေရာတွေမှာ သွေးစို့နေတာကို တွေ့ရသည်။ တစ်ချို့ နေရာတွေမှာတော့ ဂျီးကွက်တွေက အကွက်လိုက် အကွက်လိုက်ထနေသည်။ "ဟို . . . ဟိုလေ . . . မမကလေ . . . အရင်က . . ကျန်းမာရေးက သိပ်မကောင်းတော့ ရေ သိပ်မချိုးဖြစ်ဘူးလေ . . အဲဒါ. . အခုမှ ခေါင်ခေါင့် မင်္ဂလာဆောင်သွားရင် ဂါဝန်လေးဝတ်သွားချင်လို့ အဲဒါ.. ဂျီးတွန်းနေတာနဲ့ နည်းနည်းကြာသွားတာ စောရီးပါနော် စောရီးနာ်" ဖြစ်မှ ဖြစ်ရလေ . . နာယကရယ် . . . ဂျီးတွန်းတာ . . . သံဘရပ်နဲ့တောင် တိုက်ယူရတယ်လို့ အဲဒီလောက်ကို ဂျီးထူအောင် ဘယ်လိုများနေလဲ မသိဘူးနော် ဒါကြောင့် အရင်က ဘောင်းဘီရှည်ရှည်၊ အကျီ င်္ရှည်ရှည်နဲ့ လူမမြင်အောင် ၀တ်ထားတာကိုး"
သူ့မိန်းမအတွက် စဉ်းတောင် မစဉ်းစားရဲ... တော်တော်ဆိုးတဲ့ လူပါလား...။
ဒီမှာက မင်္ဂလာဆောင် (၁)
ဒီမှာက မင်္ဂလာဆောင် (၂)
မင်္ဂလာဆောင် (၄)မျှော်

5 comments:

ဗန်ပိုင်းယား said...

ကတောက် .. ဒင်းမူးပီးဖြတ်တဲ့ .. ကြယ်သီး .. နာ့လက်ထဲမှ ဂိတ်ဆုံးရတယ်လို့ . .က ........ တောက် ... ခ ..လောက် ... ဂေါက်...ဂေါက် ....

NangNyi said...

သယ် ငါ့များ နေ့ပြတ်နဲ့ ဆိုက်ကားငှားနင်းသတဲ့..
အမှန်က အပိုင်ဝယ်နင်းတာ.. ဘာသိလို့လဲ ဟွန်း

ဖိုးဂျယ် said...

ငါနှယ် အဲ့ ကြယ်သီး ဘယ်လို ပြန်တပ်ပေးရမှာလဲဟ..
ဒါဆို ညီရေ အကို ရန်ကုန်ပြန်လာရင်
တစ်မြို့လုံး ဆိုက်ကားတဲ့ ဒိုးကျတာပေါ့
မတူးတူးကလဲ အဲ့လောက်ပဲ ချီးထူရလားဂျာ
ဟီး ဟီး

Anonymous said...

မိမိပေးလိုက်သော ကြယ်သီးများအား အသင်းသား ကေလာ အနေဖြင့် အကျိုးရှိစွာ အသုံးချသွားရန် ......

Anonymous said...

အော်...အခုမှ တရားခံမိတယ်
များကတော..
ဒီလောက်ကပ်စေးနဲတဲ. ကေလာကောင်
ဒီတစ်ခါတော. ရက်ရောလှချည်းလှမှတ်တယ်
လက်စသတ်တော.
ဒီကြယ်သီးက ဂလိုကို
ဟွန်း တွေ.ကြသေးတာပေါ..
များတော. သူခိုးလက်ခံ မိပြန်ပြီ
ကေလာမမ