ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Saturday, December 13, 2008

နာယကဂျီး၏ စေ့စပ်ဖြန်ဖြေရေး ခရီးစဉ် အီလည်စွာပြီးစီး။

နာယကဂျီး၏ စေ့စပ်ဖြန်ဖြေရေး ခရီးစဉ် အီလည်စွာပြီးစီး။

ပြန်လည်ရောက်ရှိ။ ။ ရူးပေါဂိုဏ်း နာယကဂျီးသည် အရေးပေါ်အခြေအနေအရ စင်ကာပူနိုင်ငံရှိ ရူးပေါဂိုဏ်းဝန်ဂျီးများနှင့် သွားရောက်တွေ့ဆုံကာ လိုအပ်သည်များကိုမှာစား၍ ဒီဇင်ဘာ ၁၁ ရက် ဒေသစံတော်ချိန် ၁၀ နာရီ မိနစ် ၂၀ အချိန်၌ သီးသန့်လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

ကြိုဆိုနှုတ်ဆက်။ ။ ဒီဇင်ဘာ ၆ ရက်နေ့ နေ့လယ်က နာယကဂျီးအား စင်ကာပူနိုင်ငံအခြေစိုက် သဘာငတိ ဂျယ်၊ တွင်းတူးလိန်၊ အသင်းသားဂျုပ်ခေါင်တို့က ကြိုဆိုနှုတ်ခွန်းဆက်ကာ ကမ္ဘာကျော် စီးတီးဟော၌ နေ့လယ် လက်ဘက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံရာတွင် တွင်းတူးလိန်က လိန်ဖယ်လိန်ဖယ်နှင့် နာရကဂျီးအတွက် ဝယ်ထားသည့် ဗူးသီးကြော်တပွဲကို တိတ်တဆိတ် ပါဆယ်ဆွဲသွားခဲ့သည်။

မှတ်တမ်းဓာတ်ပုံများရိုက်ကူး။ ။ ၎င်းနေ့တွင်ပင် စီးတီးဟော အပေါ်ထပ်၌ မှတ်တမ်းဓာတ်ပုံများကို အောင်မြင်စွာ ရိုက်ကူးခဲ့ပြီး အလွန်အလုပ်များသော နာယကဂျီးနှင့် လျှို့ဝှက်တွေ့ဆုံလိုသူတို့ကို တွေ့ဆုံပေးခဲ့ကြောင်း သတင်းရရှိသည်။

နေ့လယ်စာနှင့် တည်ခင်းဧည့်ခံ။ ။ ဒီဇင်ဘာ ၇ ရက်နေ့တွင် အလွန်လျှို့ဝှက်စွာ သွားလာ လိုသော နာယကဂျီး၏ အလိုအရ တိတ်တဆိတ် အလွန်လူရှုပ်သောစီးတီ်းဟောတွင် ချိန်းဆို၍ နာယကဂျီး တည်ခင်းဧည့်ခံသော နေ့လယ်စာကို မြိန်ယှက်စွာ စားသုံးကြသည်။ ထိုသို့စားသုံးနေစဉ် အလွန်သေးငယ်သော တရားရေးဝန်ကြီးရောက်ရှိလာရာ နာယကဂျီးက ကလေးအလုပ်သမား အက်ဥပဒေနှင့် ညိစွန်းနေသောကြောင့် တရားရေးဝန်ကြီး၏ လက်ရှိအလုပ်ရှင်ကို တရားစွဲရန် ညွန်ကြားချက်ပေးခဲ့သည်။ ဆက်လက်၍ ၎င်းနေ့ကမှ ပြူးတူးပြာတာနှင့် ရောက်ရှိလာသော နိုင်ဂံဂျားရေး ဝန်ကြီး အနေခက်မည်စိုးသောကြောင့် မျက်နှာလွှဲထားပေးရာ ၎င်းမှာ တကယ်ရှက်ခြင်း မဟုတ်ဘဲ ရှက်ချင်ယောင်ဆောင်နေခြင်းသာဖြစ်ပြီး နာယကဂျီးမျက်နှာလွှဲလိုက်သည်နှင့် လက်ဖက်သုပ် ပန်းကန်ကို အတင်းဆွဲယူကာ ပလုပ်ပလောင်းစားနေကြောင်း ... ထို့ပြင် ဒူးပြဲနေသော အသင်းသားချုပ်ကို နောက်မှရောက်လာသော တွင်းတူးလိန်က ဓာတ်ပုံဖြင့် မှတ်တမ်းတင်လိုက် ကြောင်း ... သဘာငတိမှာ အမြဲတစေ ခေါ်မကြားအော်မကြားရပ်ဝန်းတွင် ရောက်ရှိနေတတ်သဖြင့် ဖုန်းကိုသေချာဖွင့်ထားရန် နာယကဂျီးက မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အလုပ်အလွန်ရှုပ်သောနာယကဂျီးနှင့် ဝန်ကြီးအဖွဲ့သည် လိန်ဖယ်လိန်ဖယ်နှင့် ဓာတ်တိုင်သဖွယ် ရှေ့မှဦးဆောင် ခေါ်ဆောင်သွားသော တွင်းတူးဦးဆောင်ရာနောက် ယောင်လည်လည် လိုက်ပါ သွားကြပြီးနောက် ၎င်းဝယ်ချင်ရာဝယ်သည့်နေရာတွင် မှတ်တမ်းဓာတ်ပုံများကို ထပ်မံရိုက်ကူး ကြသည်။

အစည်းအဝေးကျင်းပ။ ။ အလွန်တိကျသေချာသော အသင်းသားဂျုပ်၏ စီမံခန့်ခွဲမှုအရ အိုင်အမ်အမ် စင်တာတွင် အစည်းအဝေးသွားရောက်ကျင်းပခဲ့ရာ၌ ငွေကုန်ကြေးကျ အသက်သာ ဆုံးနည်းကို အသုံးပြုနိုင်ခဲ့သောကြောင့် နာရကဂျီးက အသင်းသားဂျုပ်ကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ ၎င်းဂုဏ်ပြုမှတ်တမ်းလွှာတွင် အသင်းငွေကြေး ကုန်ကျမည်စိုးသဖြင့် အိုင်အမ်အမ် တွင် အလုပ်လုပ်နေသော အသင်းသားဂျုပ်၏ သူငယ်ချင်း တဦးကို ဝန်ဂျီးများစားသောက်ထားသမျှ ရှင်းလင်းပေးရန် ပြောကြားနိုင်သော အသင်းသားဂျုပ်အတွက် ရူးပေါဂိုဏ်းကြီးကိုယ်စား နာယကဂျီးက ဂုဏ်ယူကြောင်း ဖော်ပြထားသည်။

အစည်းအဝေးကျင်းပရာတွင် မူလစီစဉ်ထားသော ချစ်ကြည်ရေးခရီးစဉ် တခုတည်း မဟုတ်တော့ဘဲ အရေးပေါ်အခြေအနေအရ ဘလော့ဂါများ၏ ပထမကမ္ဘာစစ်ကိစ္စကို ဖြေရှင်းရန်၊ ရူးပေါဂိုဏ်းကြီး အနေနှင့် မည်သည့်ဘက်တွင်မှ ရပ်တည်ခြင်းမပြုဘဲ ကုလပေါမဂ္ဂအဖြစ် ကြားဝင်ချွန်တွန်းလုပ်ရန်၊ အတို့အထောင် အလုပ်ကို တွင်းတူးကစတင်ပြုလုပ်ရန်၊ ငှက်ကထကြီးနှင့် နာယကဂျီးတို့ ၂ ဦး လျှို့ဝှက်ဆွေးနွေးခဲ့သမျှကို အစည်းအဝေး၌ တင်ပြရာ သဘာငတိက သမ်းဝေရင်း ပျင်းရိစွာ ထောက်ခံစကားပြောကြားသည်။

အစည်းအဝေးတွင် တွင်းတူးက ၎င်းမှာစားထားသော ရေခဲသုတ်ကို မကြိုက်သဖြင့် နာယကဂျီး၏ စတော်ဘယ်ရီရေခဲမုန့်ခွက်ကို လှမ်းနှိုက်ရာ နာယကဂျီးက သဘောထားကြီးစွာဖြင့် လုံးဝမကြွေးဘဲ တယောက်ထဲ ကုန်အောင်စားလိုက်ကြောင်း၊ အသင်းသားဂျုပ်၏ ဒူးရင်းသီးရေခဲမုန့်ကို သဘာငတိက စားချင်သဖြင့် မျက်နှာချိုသွေးရာ အသင်းသားဂျုပ်က နားဖာကလော်ဖြင့် ၂ ကလော်တိတိ ရက်ရောခဲ့ ကြောင်း သတင်းရရှိပါသည်။

အချိန်လု၍အလုပ်လုပ်နေရသော နာယကဂျီးမှာ စည်းဝေးတည်ရှိရာနေရာမှ တွင်းတူး၏ လိုက်ပါပို့ဆောင်မှုဖြင့် ဂျူရောင်းအိစ် အမ်အာရ်တီသို့ ကောင်းမွန်စွာ ရောက်ရှိခဲ့ပြီး ၎င်းညတွင် အိုင်စီရှိုးကို စင်နောက်မှ ပိုက်ဆံမပေးဘဲ ဝင်ရောက်ကြည့်ရှုနိုင်ခဲ့ကြောင်း သိရသည်။

နာယကဂျီးပြန်လည်ထွက်ခွာသွားချိန်တွင် သဘာငတိ၊ အသင်းသားဂျုပ်နှင့် နိုင်ဂံဂျားရေးဝန်ကြီးတို့ သုံးဦးမှာ အသင်းသားဂျုပ် ဝတ်ဆင်ထားသော ဒူးပြဲ နေသည့် ဂျင်းဘောင်းဘီ ပြဿနာ၊ သဘာငတိ လယ်ပင်း၌ ချိတ်ဆွဲထားသော အသံမထွက်သည့် နားကြပ်ပြဿနာနှင့် နိုင်ဂံခြားရေးဝန်ကြီး ပြည်တော် ပြန်မည့် ကိစ္စရပ်များကို အပြင်းအထန်ငြင်းခုန်ခဲ့ကြကြောင်း၊ ထိုသို့ငြင်းခုန်ရာတွင် နိုင်ဂံခြားရေးဝန်ကြီး မှာ အသင်းသားဂျုပ်လက်ချက်ဖြင့် နဖူးတွင် ဘုသီးထွက်ခဲ့သဖြင့် အခဲမကြေသောကြောင့် ညတွင်းချင်း ပို့စ်တခု ရေးတင်ကြောင်း၊ သဘာငတိမှာ ၎င်းတို့ ၂ ဦးကြား ဝင်ရောက်ဖြေရှင်းရင်း သတိလစ်မေ့မျော သွားရာ တရက်တိတိ ခေါ်မကြားအော်မကြား ဖြစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နာယကဂျီး မပြန်မီ ၂ ရက်တွင် ဆည်မြောင်းဝန်ကြီးနှင့် တွေ့ဆုံရန် စီးတီးဟော၌ ချိန်းဆိုထားရာ အသင်းသားဂျုပ်နှင့် တွင်းတူးတို့ပါ လိုက်ပါလာခဲ့ပြီး ၎င်းတို့သုံးဦး ညနေစာစားနေသည်ကို နာယကဂျီးက ထိုင်ကြည့်နေခဲ့သည်ဟု သိရပါသည်။ ထို့နောက်ဆည်မြောင်းဝန်ကြီးကို လိုအပ်သည်များ မှာစား၍ ကိုယ့်ပိုက်ဆံကိုယ်ရှင်းရန် ပြောကြားပြီး နာယကဂျီး ပြန်လည် ထွက်ခွာ ခဲ့သည်။

နာယကဂျီး ဌာနေပြန်ချိန်တွင် နိုင်ဂံခြားရေးဝန်ဂျီးမှာ မြန်မာပြည်သို့ တရက်စောကာ ထွက်ခွာ သွားပြီဖြစ်ကြောင်း၊ သဘာငတိမှာ အိပ်မောကျပြီး ဟောက်နေကြောင်း၊ အသင်းသားဂျုပ်မှာ နာယကဂျီးကို လိုက်လံဧည့်ခံရသောကြောင့် ခေါင်းကိုက်ဝေဒနာ ပြင်းထန်စွာ ခံစားနေရကြောင်း၊ တွင်းတူးလိန်မှာ လိန်ဖယ်လိန်ဖယ်နှင့် ထမင်းအိုးသွားတည်နေသောကြောင့် ဘာမှမသိလိုက်ရကြောင်း သတင်းရရှိသည်။ နာယကဂျီး ပြန်သွားချိန်တွင် စင်ကာပူအခြေစိုက် ဝန်ကြီးများ တဦးနှင့် တဦး ချစ်ကြည်ရင်းနှီးစွာ နေထိုင်ရစ်ကြရန် မှာသွားသည်ကို နားထောင်သောအားဖြင့် အသင်းသားဂျုပ်က တဘက် သဘာငတိနှင့် တွင်းတူးကတဘက် စီးတီးဟော၌ချိန်းဆို ရန်ဖြစ်ကြရာ နာယကဂျီး၏ စေ့စပ် ဖြန်ဖြေရေး ခရီးစဉ် အီလည်စွာ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

ဓာတ်ပုံ။ ။ မြန်မာ့ အမှောင် (မှောင်နေလို့ ဘာမှမမြင်ရတာကို နားလည်ကြပါကုန်)
နာယကဂျီး၏ ပီအက်စ်အို မှတ်တမ်းပြုစုသည်။

2 comments:

Anonymous said...

အစည်းအဝေတက်ရင် တစ်ယောက်၃ထောင်ရ
မယ်ဆိုလို့ လာတက်ရင်း ကျွေးတာလေးတော့
ဝါးသါားတယ်ဗျို့

ဖိုးဂျယ် said...

အဟမ်း အဟမ်း အကျွေးမွေး စရိတ်က
သဘာပတိကျခံတာလဲ ပါဘူးဂျ။
သဘာပတိ ဖိုးဂျယ်