ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Monday, December 8, 2008

ငပေါများထိပ်သီးညီလာခံ ၂၀၀၈ (စင်ကာပူ)

ငပေါများထိပ်သီးညီလာခံ(၂၀၀၈) ကို ၂၀၀၈ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နှင့် ၇ရက်နေ့များတွင် စင်ကာပူနိုင်ငံရှိ Penisula Plaza နှင့် IMM Centre (Jurong) တို့တွင် ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါညီလာခံတွင် ငပေါ အကြီးအကဲများ၊ အဖွဲ့ဝင်ခေါင်းဆောင်များ၊ ဝန်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၆ရက်နေ့ တွင် ပင်နီဇွဲလားပလာဇာ၌ သဘာပတိနာယကအတွင်းရေးမှူး-၂ နှင့် အသင်းသားချုပ် တို့၏ ထိပ်သီးဆွေးနွေးပွဲကို လည်းကောင်း၊ ဒီဇင်ဘာ ၇ရက်နေ့တွင် ပင်နီဇွဲလားပလာဇာ နှင့် အိုင်အမ်အမ်တို့တွင် သဘာပတိနာယကအတွင်းရေးမှူး-၂အသင်းသားချုပ် အပါအဝင် နိုင်ငံခြားရေးဝန်ကြီးနှင့် တရားစီရင်ရေးဝန်ကြီးတို့လည်း ပါဝင်ကြောင်း သိရှိရသည်။ ဆည်မြောင်းဝန်ကြီးမှာမူ အရေးကြီးတာဝန်တစ်ရပ်ဖြင့် မတက်ရောက်နိုင်ကြောင်း သိရသည်။

အဆိုပါ ညီလာခံမှ ရရှိခဲ့သော သဘောတူညီချက်များကို ဒီဇင်ဘာ တတိယပတ်အတွင်း ထိုင်းနိုင်ငံတွင် လည်းကောင်း၊ စတုတ္ထပတ်နှင့် ဇန္နဝါရီလဆန်းတွင် မြန်မာပြည်၌ လည်းကောင်း ဆက်လက်တင်ပြပြီး အတည်ပြုချက်များ ထုတ်ပြန်မည်ဖြစ်ကြောင်း ယခုမူကြမ်းကိုမူ သဘာပတိမှ ထုတ်ပြန်ပြီးဖြစ်ကြောင်း စီဘီဂျီ သတင်းဌာနမှ သတင်းထောက် လိန်လိန်က ပြောကြားသွားပါတယ်။

2 comments:

သံလွင် HeRo said...

ဒီဇင်ဘာ ၇ ရက်နေ့တွင်မူ ဆည်မြောင်းဝန်ကြီးမှာ
အိမ်ရှေ့မြောင်းပိတ်နေပါသဖြင့် ရပ်ကွက်လူကြီးများကို
ခေါ်ကာ ရှင်းလင်းရေးတာဝန်ထမ်းဆောင်နေပါသဖြင့်
မတတ်ရောက်နိုင်ပါကြောင်း

ဗန်ပိုင်းယား said...

ထိုင်းနိင်ငံက ဘာဖြစ်လို့လည်း .. ခုထုတ်လိုက်လေ...