နာယကဂျီး၏ ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက် တွေ့ဆုံနှုတ်ဆက်ပွဲကို စင်ကာပူနိုင်ငံရှိ ငပေါများရုံးထိုင်ရာ ရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း CBGသတင်းဌာနမှ ထုန်ပြန်လိုက်သည်။ တွေ့ဆုံနှုတ်ဆက်ပွဲတွင် စင်ကာပူနိုင်ငံရှိ သဘာပတိ၊ တွင်း ၂၊ အသင်းသားချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ တရားစီရင်ရေးဝန်ကြီးတို့မှ ဂါဝရပြု ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။ ပထမဆုံးတွေ့ဆုံဆွေးနွေးပွဲတွင် နာယကကြီး၊ သဘာပတိ၊ တွင်း ၂၊ အသင်းသားချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ တရားစီရင်ရေးဝန်ကြီး တို့မှ ခိုင်မာသော ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။
ချမှတ်သော ဆုံးဖြတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-၀၁- အလုပ်အရမ်းကြိုးစားသော သဘာပတိအား မှာစားထားသည်များကို ကျသင့်သလောက်ရှင်းခွင့်၊
၀၂- ဥက္ကဌအား ဂါးဂီးဟု မကြာခဏအော်ခွင့်၊
၀၃- နာယကအား ဖုန်း ၈၄နာရီမနားတမ်းပြောခွင့်၊
၀၄- အတွင်းရေးမှူး-၁အား ခွင့်မဲ့ လစာပေးခွင့်၊
၀၅- အတွင်းရေးမှူး-၂အား လိန်တန်လိန်တိန်နဲ့ လမ်းလျှောက်ခွင့်၊
၀၆- စည်းရုံးရေးအမှုဆောင်အား မန္တလေးသို့ ချစ်ကြည် အလည်ပတ်သွားခွင့်၊
၀၇- နာရီ သုံးလုံးပိုင်သော အသင်းသားချုပ်ကြီးအား နာရီအစုတ်ပတ်ခွင့်၊
၀၈- အကြံပေးအရာရှိအား Net Work တစ်ခုထောင်ခွင့်၊
၀၉- နိုင်ငံခြားရေးဝန်ကြီးချုပ်အား မြန်မာပြည်ပြန်ပြီး မိန်းမအတောင်းခံခွင့်၊
၁၀- ဆည်မြောင်းဝန်ကြီးအား L.V ခါးပတ် နဲ့ Gucci wallet ကိုယ်ပိုက်ဆံနဲ့ကိုယ် ၀ယ်ခွင့်၊
၁၁- ပညာရေးဝန်ကြီးအား ချင်းမိုင်တွင် မိဘပိုက်ဆံဖြင့် ကျောင်းတက်ခွင့်၊
၁၂- တရားစီရင်ရေး ၀န်ကြီးအား လူအကောင်ကြီးအောင်ပြုလုပ်ခွင့်၊
၁၃- မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးအား ချက်ချင်တာ ချက်ပြီး ဘလော့တင်ခွင့်၊
၁၄- ပြန်ကြားရေးဝန်ကြီးအား သတင်းအမှားများ မကြာခဏထုတ်ပြန်ခွင့်၊
၁၅- လယ်ယာပြန်စားရေးဝန်ကြီးအား လည်ချင်ရာ လည်ပြီး သွားချင်ရာသွားလာခွင့်၊
၁၆- ထောက်လှမ်းရေးချုပ်အား မကြာခဏ အသဲကွဲခွင့်၊
၁၇- တစ်ဦးထဲသော အသင်းသားကိုကေလာအား အရုပ်နှစ်ရုပ်နှင့် ဆော့ခွင့်၊
ယခုဆုံးဖြတ်ချက်များသည် အားလုံးစည်းဝေးပြီး ချမှတ်သော ဆုံးဖြတ်ချက်များဖြစ်ကြောင်း၊ မကျေနပ်ပါက နာယကကြီးထံ တိုက်ရိုက်ပြောကြားနိုင်ကြောင်း၊ မည်သူ့ မည်သူမှာမှ တာဝန်မရှိကြောင်း၊ သဘာပတိမှ ခေါင်းရှောင်လိုက်သည်။ ထိုကဲ့သို့ဆုံးဖြတ်ချက်များကို အတည်ပြုပြောကြားလိုက်သည်မှာ သတင်းစုံလင်ပါ။ ထို့နောက် အတွင်းရေးမှုး ၂မှ ဆက်လက် ပြောကြားပါလိမ့်မည်။
7 comments:
ဒီညတော့ . .ကောက်ကောက် နဲ့ ဂျလေဘီ လေးတို့ကိုပဲ ဖက်အိပ်ရတော့မယ်... ဂွမ်ပီ
ဒေါ်လာ ၂၀၀၀တောင်ရပြီ...ပွတာပဲဗျို့။ ဝယ်ပီဝယ်ပီ ဟဲဟဲ
ကပ်ပြီထည့်သွားလိုက်သေးတယ်
နာရီ အစုတ်လေး ပတ်မိပါတယ် ..
မှားပါဒယ် ..တော်.....
နောက်တစ်ခါ ဒီထက်ပိုရှင်းရပြီသာမှတ်... သဘာငပိရေ... ဟီးဟီး
မီးကို လူကောင်သေးတယ်လို့ ဆိုလိုတာပေါ့လေ....
အီး... ဟီး... ဟီး... ):
မန့်ဆိုလို့ မန့်တာ.. ဘာရေးရမလဲ.. ရေးချင်တာကတော့ မနာလိုဘူးဗျိုး
ချက်ချင်တာ ချက်ပြီး ဘလော့ပေါ်တင်ခွင့်ပြုတဲ့အတွက် မွေးမြူရေးဝန်ကြီး အထူးစီမံ မွေးမြူထားတဲ့ ကလုံးအသစ်လေးတွေဖြစ်တဲ့ ဖားတစ်ပိုင်း လားတစ်ပိုင်း ငါးတစ်ပိုင်း ကျားတစ်ပိုင်း လဒတစ်ပိုင်း အကောင်လေးတွေကို ချက်ပြုတ် ဖုတ်ကင် ပြီး ကျွေးမွေး မည်ဖြစ်ပါကြောင်း
Post a Comment