ပထမကမ္ဘာစစ် (ဘလော့ရပ်ဝန်း) ကို ၂၀၀၈ ခုနှစ် ဒုတိယသတင်းပတ်တွင် တရားဝင်စတင်နေပါပြီ။ စစ်၏ မူလ အရင်းအမြစ်မှာ ဗိုလ်ချုပ်ကြီး အိမ် ဖြစ်ပြီး ဒီဇင်ဘာ ၇ရက်၊ ၂၀၀၈ ခုနှစ်၊ ဒေသစံတော်ချိန် ည ၁၀နာရီ ၂၆မိနစ်တွင် ဘလော့သူလေးများ ကို တိုက်ခိုက်စကား မြွက်ကြားလိုက်ခြင်း ဖြစ်ပါသည်။ တိုက်ပွဲခေါ်သံလေလော။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ တော်ဝင်မာန်ကိုထိပါး လာသော ဘလော့ရပ်ဝန်းမှ မိန်းကလေးများကလည်း မဆိုင်းမတွ ဆိုသလို ဒီဇင်ဘာ ၈ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၂နာရီ ၀၈မိနစ်တွင် ဘုရင်မကြီး ပုလဲကုန်း က ဘလော့ဂါ ကိုတော်ချော် ဟူ၍ လည်းကောင်း၊ ဒေသစံတော်ချိန် ည ၈နာရီ ၅၈မိနစ်တွင် ရှရာဗိုဗာ မက်မက် က ရှင်တို့ရူပါ ဟူ၍ လည်းကောင်း၊ ဒီဇင်ဘာ ၉ရက်နေ့ ညနေပိုင်းတွင် တော်ဝင်သခင်မကြီး နေ့အိပ်မက် က ပြန်လည်ချေပ တိုက်ခိုက်ကြရာ ၃နိုင်ငံ မဟာမိတ် တပ်ပေါင်းစုကို ဗိုလ်ချုပ်ကြီ အိမ် က မတွန်းလှန်နိုင်ပဲ တိုက်ပွဲပြီးဆုံးသွားလေပြီဟု UB (United Bloggers) က သုံးသပ်နေစဉ် ဒီဇင်ဘာ ၉ရက် ဒေသစံတော်ချိန် (ဂျပန်စံတော်ချိန်) ၄နာရီ ၄၀မိနစ်တွင် လေလှိုင်းပေါ်မှ လူသတ်သမား ဝေသာလီ ပုဏ္ဏားမကြီး မဝါက တရားဝင်သတင်း ထုတ်ပြန်လိုက်ရာ ခပ်ညံ့ညံ့ နိုင်ငံတော်၏ သခင်ကြီး ဂျူဝသန် က ရပ်ကြည့်မနေနိုင်ပဲ ယနေ့ ဒီဇင်ဘာ ၁၂ရက်နေ့ ဒေသစံတော်ချိန် ၁၂နာရီ ၁၆မိနစ်တွင် တရားဝင်စစ်ကြေငြာလိုက်ကာ ငပေါများနိုင်ငံ အတွင်းရေးမှူး-၂ ဗီလိန်ကို စစ်ဦးစီးချုပ်ခန့်၍ စစ်ပြင်ဆင်စေပြီး စစ်ရေးစည်းရုံးစေရာ ခပ်ပိန်းပိန်းစစ်သူကြီး ဖိုးဂျယ် ပါဝင်ပြီး မကြာခင် အဖွဲ့ဝင်များတိုးလာနိုင်ဖွယ်ရှိကြောင်း စီဘီဂျီ သတင်းဌာနမှ သတင်းထောက် လိန်လိန်က ပြောကြားသွားပါတယ်။
အသေးစိတ်အချက်အလက်မှားကို မဝါ ၏ သတင်း တွင် လေ့လာဖတ်ရှုနိုင်ကြပါတယ်။
ငပေါဦးတည်ချက် ၄-ရပ်
* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။
Friday, December 12, 2008
Subscribe to:
Post Comments (Atom)
4 comments:
ကိုဗီပေးထားတဲ့ဘွဲ.တော်တွေကမနည်းပါလားဗျ...တီတီဝါအရှေ့မှာရာထူးကတပြုတ်ကြီးပဲ
ဟာကွာ ... ငါတကယ်မသိဘူး.. ဒီဂေဟာ မှာ ဒါတွေရှိနေမှန်း... မရဘူးဟေ့.. ငါလည်း အသင်းဝင်လုပ်မယ်ကွ။ သန့်ရှင်းရေး၇ာထူးပဲရရ ဒီဂေဟာမှာ အလုပ်လုပ်မယ် တာဝန်ထမ်းဆောင်မယ်။ သဘာပတိကြီးထံသို့ လျှောက်လွှာတင်ပါ့မယ်။
ကိုကြီးရေ... စစ်ပွဲစတင်မယ်ဆိုရင်လည်း..အကောင်းဆုံး စီမံချက်တွေ ဆွဲဖို့ လိုနေပြီထင်တယ်နော်.. အားလုံးက ၀ိုင်းပြီးဖဲ့နေကြတယ်.. မိမိတို့ ရုပ်ဆိုးဆိုး လူကြီးမင်း မမ တွေကော၊ ၀န်ကြီးမမ တွေကော ပူးပေါင်းပါဝင်နေတယ်လို့ စုံစမ်းသိရှိရပါသည်။ အချိန်မီအစည်းအဝေးခေါ် ဘုတ်အဖွဲ့ဖြင့် အကောင်းဆုံး တိုက်ပွဲဝင်နိုင်အောင် ပြင်ဆင်ကြဖို့ အခြား ရုပ်ချောချော ကိုကို ၀န်ကြီးတွေနဲ့ အရာရှိကြီးတွေဆီကို အကြောင်းကြားစာမြန်မြန်ပို့ ဖို့တိုက်တွန်းအပ်ပါသည်။
ပုံ
ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
၏ ပြောရေးဆိုခွင့်ရှိသူ
Pwagyi
Post a Comment